ထိုင်းနိုင်ငံအတွင်းမှ တရားမ၀င် ရွှေ့ပြောင်း မြန်မာလုပ်သား (၆)ဦး တာချီလိတ်သို့ လွှဲပြောင်း

ထိုင်းနိုင်ငံအတွင်းမှ တရားမ၀င် ရွှေ့ပြောင်း မြန်မာလုပ်သား (၆)ဦး တာချီလိတ်သို့ လွှဲပြောင်း
မတျ 7, 2018
By Tachileik News Agency





သတင်း #စိုင်းဇေယျာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား (၆)ဦးအား မတ်လ(၇)ရက်နေ့ (၁၅) ရက်နေ့တွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက လာရောက်လွှဲပြောင်းပေးလာကြောင်း သိရသည်။

မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားတွင် မတ်လ(၇)ရက်နေ့ မွန်လွဲ(၁)နာရီခွဲဝန်းကျင်အချိန်က ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား (၅)ဦး နှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း (၆)ဦးတို့ကို လာရောက်လွှဲပြောင်းပေးခြင်းဖြစ်ပြီး တာချီလိတ်မှ သက်ဆိုင်ရာတာဝန်ရှိသူများက၎င်းတို့ထဲတွင် မြန်မာနိုင်ငံသား ဟုတ် မဟုတ်ကို စိစစ်ပြီးမှသာ လက်ခံခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ယခု လွှဲပြောင်းပေးပို့လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ၎င်းတို့ဆန္ဒဖြင့် ပြန်လာသူများ မဟုတ်ကြဘဲ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်သန်းခွင့်သက်တမ်းလွန်ခြင်း၊ အထောက်အထားမရှိဘဲ နေထိုင်ခြင်းစသည်တို့ကြောင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်စေလွှတ်ခဲ့သူများဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဖက်မှ တာချီလိတ်ဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်လာခဲ့သော တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ မှာ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ မတ်လ(၇)ရက်နေ့အထိ စုစုပေါင်း အမျိုးသား (၈၅)ဦးနှင့် အမျိုးသမီး (၂၃)ဦး စုစုပေါင်း (၁၀၈)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
 ဓာတ်ပုံ #မြို့နယ်ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~