ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ Chiang Mai Ram ဆေးရုံမှာ တာချီလိတ်မှတဆင့် လွယ်ကူစွာ သွားရောက်ပြီး ကျန်းမာရေးစစ်ဆေးလိုသူများ နဲ့ ဆေးဝါးကုသလိုသူများအတွက် Chiang Mai Ram ဆေးရုံနဲ့ ကျန်းမာရေး ၀န်ဆောင်မှုအစီအစဉ်အဖြစ် ပူးပေါင်းဆောင်ရွက်နေလျက်ရှိတဲ့ တာချီလိတ်မြို့ Sawadee Holiday ခရီးသွားလာရေးလုပ်ငန်းက ကျန်းမာရေးဝန်ဆောင်မှု မိတ်ဆက်ပွဲအား တာချီလိတ်မှာ ပြုလုပ်ခဲ့သည်ကို တာချီလိတ်သတင်းအေဂျင်စီမှ တင်ဆက်ပေးလိုက်ပါသည်။
ရိုက်ကူး - ဇောင်းညီ
တင်ဆက် - ကိုဇောင်း
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
အခမ်းအနားမှာ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှာ အသုံးပြုနိုင်ရန် အတွက် စုစုပေါင်း ထိုင်းဘတ်ငွေ(၆၀,ဝဝဝ)တန်ဖိုးရှိတဲ့ သွေးပေါင်ချိန် တိုင်းစက် နဲ့ သွေးအတွင်းရှိ အောက်စီဂျင် အတိုင်းအတာကို စစ်ဆေးတိုင်းတာတဲ့ စက်(၂)လုံးကို ပေးအပ် လှူဒါန်းလိုက်ပြီး မိတ်ဆက်ပွဲ တက်ရောက်လာသူများကို စုစုပေါင်း ထိုင်းဘတ်ငွေ(၇၀၀၀၀)ကျော် တန်ဖိုးရှိတဲ့ ကျန်းမာရေးစစ်ဆေးရန် လက်မှတ်(၁၂)စောင်ကိုလည်း ကံစမ်းမဲဖောက်ပေးခဲ့သည်။
ရိုက်ကူး - ဇောင်းညီ
တင်ဆက် - ကိုဇောင်း