တာချီလိတ်မြို့ မေဖလားဝါးကွင်းအတွင်း လုပ်ငန်းရှင်မှ လမ်းခင်းပေးမှု ဆွေးနွေးညှိနှိုင်းမှုအပြီး သဘောတူညီချက် (၃)ချက်ဖြင့် စည်ပင်သာယာရေးဌာန၏ တိုင်းတာပေးမှုအတိုင်း လုပ်ငန်းဆောင်ရွက်ရန် သဘောတူ

တာချီလိတ်မြို့ မေဖလားဝါးကွင်းအတွင်း လုပ်ငန်းရှင်မှ လမ်းခင်းပေးမှု ဆွေးနွေးညှိနှိုင်းမှုအပြီး သဘောတူညီချက် (၃)ချက်ဖြင့် စည်ပင်သာယာရေးဌာန၏ တိုင်းတာပေးမှုအတိုင်း လုပ်ငန်းဆောင်ရွက်ရန် သဘောတူ
ဖေဖော်ဝါရီ 27, 2018
By Tachileik News Agency

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းအတွင်း  လမ်း(၃)လမ်းနှင့် ပေ(၄၀၀)ကျော်ရှိသည့် လမ်းခင်းရန် အတွက် ပြုလုပ်နေခြင်းနှင့် ပတ်သက်၍ ကန့်ကွက်တိုင်ကြားသူအချို့ကြောင့် သက်ဆိုင်ရာမှ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးညှိနှိုင်းအပြီး လမ်းခင်းခြင်း လုပ်ငန်းအား သဘောတူညီချက် (၃)ချက်ဖြင့် ဆုံးဖြတ်ချက်ချမှတ်ကာ လမ်းခင်းခြင်း လုပ်ငန်းအား ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးပွဲတွင် လက်ရှိလမ်းအား ပြုလုပ်ထားသည့်အတိုင်း လုပ်ဆောင်ခွင့်ပြုစေမှာ မဟုတ်ဘဲ စည်ပင်သာယာရေး ဌာနမှ ချမှတ်ပေးထားသည့် အတိုင်းအတာ အတိုင်းသာ လုပ်ဆောင်သွားရမှာဖြစ်ပြီး လက်ရှိမြင့်နေသည့် နေရာတွင် (၁)ပေနှင့်(၃)လက်မ မြေသားများအား ပြန်လည်ဖျက်သိမ်းရမည်ဖြစ်ပြီး လမ်းခင်းသည့် အခါ၌ မြလင်းပွင့် မိုတယ်လမ်းတွင် ခင်းထားသည့် အတိုင်းအတာထက် မမြင့်ဘဲ (၄)လက်မ နိမ့်၍ ခင်းရမည်ဖြစ်ကြောင်း၊ မေဖလားဝါးကွင်းသည် ယခုလမ်းအား ခင်းသည်ဖြစ်စေ၊ မခင်းသည် ဖြစ်စေ ရေကြီးရေလျှံမှုကတော့ ဖြစ်မြဲအတိုင်းဖြစ်နေမည်ဖြစ်သော်လည်း  လမ်းခင်းသည့်အခါ၌ ရေနုတ်မြောင်းများကို ပြုလုပ်ရာမှာ စည်ပင်သာယာရေးဌာန၏ ကြီးကြပ်မှုဖြင့် လုပ်ဆောင် ရမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာအရှိ ဦးစိုင်းအောင်လင်းက ပရိုဂျက်တာများဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဆည်မြောင်းဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီဝင်များ၊ အင်ဂျင်နီယာပညာရှင်များက ရေစီးရေလာနှင့် ရေကြီးရေလျှံ သဘောတရားများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသူ ကန့်ကွက်သူများ နှင့် မကန့်ကွက်သူများက အကြံပြုတင်ပြဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် လမ်းခင်းပေးမည့် ဟိုတယ်ပိုင်ရှင်ဖြစ်သူက စည်ပင်သာယာရေးဌာနမှ သတ်မှတ် ပေးထားသည့် အတိုင်းအတာကို ကျော်လွန်၍ ပြုလုပ်မည် မဟုတ်ဘဲ၊ သတ်မှတ်ချက်အတိုင်းသာ ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ ၎င်းအနေဖြင့် မိုင်းကိုးမူးယစ်ဆေးဖြတ်စခန်းအတွက် စက်ဘီးစီးအဖွဲ့ဖြင့် ကချင်ပြည်နယ်အထိ ရန်ပုံငွေရှာဖွေရေး ခရီးစဉ်အား လိုက်ပါနေစဉ် နောက်ပိုင်းတွင် မြေများဖို့ထားမှုမှာ အတိုင်းအတာထက် ကျော်လွန်နေခြင်းသည် ဖုန်းဖြင့် ညွှန်ကြားရသည့်အတွက် ကွဲလွဲ သွားခဲ့ခြင်းသာ ဖြစ်ကြောင်း၊ အများကို နစ်နာစေရန်ပြုလုပ်ခြင်းမျိုး မဟုတ်ကြောင်းနှင့် စည်ပင်သာယာရေးဌာနမှ သတ်မှတ်ပေးထားသည့် (၁)ပေနှင့်(၃)လက်မ ပိုနေသည့် မြေသားများကို ဖယ်ရှား ပေးသွားမည် ဖြစ်ကြောင်း တင်ပြဆွေးနွေးသွားသည်။

အဆိုပါ ဆွေးနွေးညှိနှိုင်းမှုများ အပြီးတွင် သဘောတူညီချက် (၃)ချက်ဖြစ်သည့် စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ပေးထားသည့် အတိုင်းအတာအတိုင်း(မြလင်းပွင့် မိုတယ် လမ်းထက် ၄ လက်မ နိမ့်ခင်းရန် ) ဆောင်ရွက်သွားရန်၊ နမ့်ယွန်းချောင်း ရေ၀င်ရောက်မှုနှင့် ပတ်သက်၍ ကြက်ခြေနီရုံးအနီးတွင် ရေတားတစ်ခု နှင့် မကာဟိုခမ်းရပ်ကွက်ရုံးအနီးတွင် ရေတား(၁)ခု စုစုပေါင်း ရေတားရေကာနံရံ(၂)ခု ပြုလုပ်သွားရန်၊ ရေစီးရေလာအတွက် မူလရေနုတ်မြောင်း (၂)ခုအပြင် နောက်ထပ် ရေနုတ်မြောင်း(၂)ခုအား စည်ပင်သာယာ၏ကြီးကြပ်မှုဖြင့် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်သွားရန် စသည့် အချက်(၃)ချက်အား အမှုဆောင်အရာအရှိ ဦးစိုင်းအောင်လင်းက အစည်းအဝေးဆုံးဖြတ်ချက်အနေဖြင့် ဖတ်ကြားရာ တက်ရောက်လာသူများက သဘောတူညီကြောင်း ပြောကြားပြီး လမ်းခင်းပေးမည့် ဟိုတယ်ပိုင်ရှင်က  စည်ပင်သာယာရေးဌာန၏ သတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပြီး ရေကာနံရံ(၂)ခုနှင့် ရေနုတ်မြောင်း(၂)ခုအား ထပ်တိုးပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

မေဖလားဝါးကွင်းအတွင်း ရေကြီးရေလျှံမှုမှာ မယ်ဆိုင်ချောင်းမှ တစ်ဆင့်သော် လည်းကောင်း၊ နမ့်ယွန်းချောင်းမှသော် လည်းကောင်း ရေများဝင်ရောက်ကာ ရေကြီးရေလျှံမှုဖြစ်ပွားရာတွင် မယ်ဆိုင်ချောင်းရေ ကျသွားပါက ကွင်းထဲမှ ရေများမှာ အကျမြန်သွားသော်လည်း ရေကြီးရေလျှံမှုကြောင့် တင်ကျန်ရစ်သည့် နုန်းများကြောင့် ပြန်လည်ရှင်းလင်းရသည်မှာ အချိန်များစွာကုန်ကြောင်း နှင့် ရှင်းလင်းရာတွင်လည်း သက်ဆိုင်ရာမှ ပါဝင်ဆောင်ရွက်ပေးစေလိုကြောင်းကိုလည်း တက်ရောက် လာသူများက တင်ပြသွားခဲ့ကြသည်။






~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းအတွင်း လမ်း(၃)လမ်းနှင့် ပေ(၄၀၀)ကျော်ရှိသည့် လမ်းခင်းရန် အတွက် ပြုလုပ်နခြေင်းနှင့် ပတ်သက်၍ ကန့်ကွက်တိုင်ကြားသူအချို့ကြောင့် သက်ဆိုင်ရာမှ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးညှိနှိုင်းအပြီး လမ်းခင်းခြင်း လုပ်ငန်းအား သဘောတူညီချက် (၃)ချက်ဖြင့် ဆုံးဖြတ်ချက်ချမှတ်ကာ လမ်းခင်းခြင်း လုပ်ငန်းအား ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနတွင် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့ နံနက်ပိုင်းက အဆိုပါ ဆွေးနွေးညှိနှိုင်းပွဲအား ပြုလုပ်ရာတွင် တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ တာချီလိတ်မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်ထွန်း၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ နှင့် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာအရှိ ဦးစိုင်းအောင်လင်း၊ အင်ဂျင်နီယာမှူး ဦးလှမျိုး အပါအဝင် မြို့မိမြို့ဖများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖိတ်ကြားထားသူများ၊ မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းဟိန်း၊ လမ်းခင်းပေးမည့် ဟိုတယ်ပိုင်ရှင်နှင့် လမ်းခင်းခြင်းကို ထောက်ခံကြသူများ၊ ကန့်ကွက်ကြသူများ စုစုပေါင်း (၃၀)ကျော် တက်ရောက်ကာ ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် လက်ရှိလမ်းအား ပြုလုပ်ထားသည့်အတိုင်း လုပ်ဆောင်ခွင့်ပြုစေမှာ မဟုတ်ဘဲ စည်ပင်သာယာရေး ဌာနမှ ချမှတ်ပေးထားသည့် အတိုင်းအတာ အတိုင်းသာ လုပ်ဆောင်သွားရမှာဖြစ်ပြီး လက်ရှိမြင့်နေသည့် နေရာတွင် (၁)ပေနှင့်(၃)လက်မ မြေသားများအား ပြန်လည်ဖျက်သိမ်းရမည်ဖြစ်ပြီး လမ်းခင်းသည့် အခါ၌ မြလင်းပွင့် မိုတယ်လမ်းတွင် ခင်းထားသည့် အတိုင်းအတာထက် မမြင့်ဘဲ (၄)လက်မ နိမ့်၍ ခင်းရမည်ဖြစ်ကြောင်း၊ မေဖလားဝါးကွင်းသည် ယခုလမ်းအား ခင်းသည်ဖြစ်စေ၊ မခင်းသည် ဖြစ်စေ ရကြေီးရေလျှံမှုကတော့ ဖြစ်မြဲအတိုင်းဖြစ်နေမည်ဖြစ်သော်လည်း လမ်းခင်းသည့်အခါ၌ ရေနုတ်မြောင်းများကို ပြုလုပ်ရာမှာ စည်ပင်သာယာရေးဌာန၏ ကြီးကြပ်မှုဖြင့် လုပ်ဆောင် ရမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာအရှိ ဦးစိုင်းအောင်လင်းက ပရိုဂျက်တာများဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဆည်မြောင်းဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီဝင်များ၊ အင်ဂျင်နီယာပညာရှင်များက ရေစီးရေလာနှင့် ရကြေီးရေလျှံ သဘောတရားများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသူ ကန့်ကွက်သူများ နှင့် မကန့်ကွက်သူများက အကြံပြုတင်ပြဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် လမ်းခင်းပေးမည့် ဟိုတယ်ပိုင်ရှင်ဖြစ်သူက စည်ပင်သာယာရေးဌာနမှ သတ်မှတ် ပေးထားသည့် အတိုင်းအတာကို ကျော်လွန်၍ ပြုလုပ်မည် မဟုတ်ဘဲ၊ သတ်မှတ်ချက်အတိုင်းသာ ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊၎င်းအနဖြေင့် မိုင်းကိုးမူးယစ်ဆေးဖြတ်စခန်းအတွက် စက်ဘီးစီးအဖွဲ့ဖြင့် ကချင်ပြည်နယ်အထိ ရန်ပုံငွေရှာဖွေရေး ခရီးစဉ်အား လိုက်ပါနေစဉ် နောက်ပိုင်းတွင် မြေများဖို့ထားမှုမှာ အတိုင်းအတာထက် ကျော်လွန်နခြေင်းသည် ဖုန်းဖြင့် ညွှန်ကြားရသည့်အတွက် ကွဲလွဲ သွားခဲ့ခြင်းသာ ဖြစ်ကြောင်း၊ အများကို နစ်နာစေရန်ပြုလုပ်ခြင်းမျိုး မဟုတ်ကြောင်းနှင့် စည်ပင်သာယာရေးဌာနမှ သတ်မှတ်ပေးထားသည့် (၁)ပေနှင့်(၃)လက်မ ပိုနေသည့် မြေသားများကို ဖယ်ရှား ပေးသွားမည် ဖြစ်ကြောင်း တင်ပြဆွေးနွေးသွားသည်။

အဆိုပါ ဆွေးနွေးညှိနှိုင်းမှုများ အပြီးတွင် သဘောတူညီချက် (၃)ချက်ဖြစ်သည့် စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ပေးထားသည့် အတိုင်းအတာအတိုင်း(မြလင်းပွင့် မိုတယ် လမ်းထက် ၄ လက်မ နိမ့်ခင်းရန် ) ဆောင်ရွက်သွားရန်၊ နမ့်ယွန်းချောင်း ရေဝင်ရောက်မှုနှင့် ပတ်သက်၍ ကြက်ခြေနီရုံးအနီးတွင် ရေတားတစ်ခု နှင့် မကာဟိုခမ်းရပ်ကွက်ရုံးအနီးတွင် ရေတား(၁)ခု စုစုပေါင်း ရေတားရေကာနံရံ(၂)ခု ပြုလုပ်သွားရန်၊ ရေစီးရေလာအတွက် မူလရေနုတ်မြောင်း (၂)ခုအပြင် နောက်ထပ် ရေနုတ်မြောင်း(၂)ခုအား စည်ပင်သာယာ၏ကြီးကြပ်မှုဖြင့် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်သွားရန် စသည့် အချက်(၃)ချက်အား အမှုဆောင်အရာအရှိ ဦးစိုင်းအောင်လင်းက အစည်းအေဝးဆုံးဖြတ်ချက်အနဖြေင့် ဖတ်ကြားရာ တက်ရောက်လာသူများက သဘောတူညီကြောင်း ပြောကြားပြီး လမ်းခင်းပေးမည့် ဟိုတယ်ပိုင်ရှင်က စည်ပင်သာယာရေးဌာန၏ သတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပြီး ရေကာနံရံ(၂)ခုနှင့် ရေနုတ်မြောင်း(၂)ခုအား ထပ်တိုးပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

မေဖလားဝါးကွင်းအတွင်း ရကြေီးရေလျှံမှုမှာ မယ်ဆိုင်ချောင်းမှ တစ်ဆင့်သော် လည်းကောင်း၊ နမ့်ယွန်းချောင်းမှသော် လည်းကောင်း ရေများဝင်ရောက်ကာ ရကြေီးရေလျှံမှုဖြစ်ပွားရာတွင် မယ်ဆိုင်ချောင်းရေ ကျသွားပါက ကွင်းထဲမှ ရေများမှာ အကျမြန်သွားသော်လည်း ရကြေီးရေလျှံမှုကြောင့် တင်ကျန်ရစ်သည့် နုန်းများကြောင့် ပြန်လည်ရှင်းလင်းရသည်မှာ အချိန်များစွာကုန်ကြောင်း နှင့် ရှင်းလင်းရာတွင်လည်း သက်ဆိုင်ရာမှ ပါဝင်ဆောင်ရွက်ပေးစေလိုကြောင်းကိုလည်း တက်ရောက် လာသူများက တင်ပြသွားခဲ့ကြသည်။

စည်ပင်သာယာရေးဌာန၏ သတ်မှတ်ပေးထားသည့် အတိုင်းအတာများဖြင့် ကွန်ကရစ်လမ်းအဖြစ် ခင်းပေးမည့်လမ်းများမှာ ရန်ကုန်လမ်းတွင် (၂၈၂)ပေ၊ ကံ့ကော်လမ်းတွင် (၂၉၀)ပေ၊ ပိတောက်လမ်းတွင်(၂၉၀)ပေ နှင့် ရန်ကြီးအောင်လမ်းတွင် (၄၇၄)ပေ စုစုပေါင်း ပေ(၁၃၀၀)ကျော်ဖြစ်ပြီး၊ ရေနုတ်မြောင်းစုစုပေါင်း (၄)ခု နှင့် ရေတားရေကာနံရံ(၂)ခု ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~