ဂုတ္တြင္းလမ္းပိုင္းကို ေဖေဖၚဝါရီလ ၁၅ ရက္ေန႔မွစ၍ ဆယ္ရက္ၾကာ အခ်ိန္ပိုင္းခြဲ၍ ပိတ္မည္

ဂုတ္တြင္းလမ္းပိုင္းကို ေဖေဖၚဝါရီလ ၁၅ ရက္ေန႔မွစ၍ ဆယ္ရက္ၾကာ အခ်ိန္ပိုင္းခြဲ၍ ပိတ္မည္
ဖေဖော်ဝါရီ 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္းမႀကီး ဂုတ္တြင္းလမ္းပိုင္းအား ေဖေဖၚဝါရီလ (၁၅)ရက္ေန႔မွစ၍ (၁၀)ရက္ၾကာ အခ်ိန္ပိုင္းျဖင့္ ပိတ္ထားမည္ ျဖစ္ေၾကာင္း OHC ကုမၸဏီ (ေက်ာက္မဲ)စီမံကိန္းဌာနထံမွ သိရသည္။

ဂုတ္တြင္းလမ္းပိုင္း မိုင္တိုင္အမွတ္ (၈၅)ႏွင့္ (၈၇) ၾကားတြင္ လမ္းႏွင့္နီးကပ္စြာ တည္ရွိေနသည့္ ကၽြန္းပင္ အခ်ိဳ႕အား ျမန္မာ့သစ္ထုတ္လုပ္ေရးမွ ရွင္းလင္းခုတ္ထြင္မည္ျဖစ္ၿပီး Oriental Highway Co.ltd မွ လမ္းျပင္ျခင္း လုပ္ငန္းမ်ား တစ္ၿပိဳင္တည္း ျပဳလုပ္မည္ ျဖစ္သည့္အတြက္ လမ္းပိတ္ျခင္းျဖစ္ေၾကာင္း သိရသည္။

“အဓိကကေတာ့ တရုတ္ႏွစ္သစ္ကူးကာလမွာ အတက္ကားေတြ ေလ်ာ့သြားတဲ့အခ်ိန္ကိုေရြးၿပီးေတာ့ သစ္ထုတ္မယ့္ဌာနနဲ႔ ကၽြန္ေတာ္တို႔က တစ္ၿပိဳင္တည္း လုပ္ငန္း လုပ္ၾကမွာျဖစ္ပါတယ္။ ပိတ္ထားတဲ့ အခ်ိန္အတြင္းမွာ OHC ကေန လမ္းျပင္ရမယ့္ ေနရာေတြကို လိုက္ျပင္မယ္။ ယာဥ္ထိန္းတပ္ဖြဲ႔ေတြကလည္း လမ္းေၾကာင္း အဖြင့္အပိတ္ကို လုပ္ေဆာင္ေပးမွာျဖစ္ပါတယ္ ” ဟု Oriental Highway Co.ltd (ေက်ာက္မဲ)မွ စီမံကိန္း မန္ေနဂ်ာ ကိုသက္ေဆြ က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

အဆိုပါ လမ္းပိုင္းအား ေဖေဖၚဝါရီလ (၁၅) ရက္ေန႔မွ (၂၄) ရက္ေန႔အထိ ေန႔စဥ္ ေန႔လယ္ (၁)နာရီမွ ညေန (၃)နာရီအထိ ေခတၱ ပိတ္ဆို႔ထားမည္ျဖစ္ၿပီး ေက်ာက္မဲဘက္အျခမ္းတြင္ မိုင္တိုင္အမွတ္ (၉၂)အနီးရွိ မိုးျမင့္သာ စားေသာက္ဆိုင္အနီး၊ ေနာင္ခ်ိဳၿမိဳ႕ဘက္အျခမ္းတြင္ မိုင္တိုင္အမွတ္ (၈၂) အနီးရွိ စိမ္းလဲ့ကန္သာ အနီးတို႔တြင္ ယာဥ္မ်ားအား တားျမစ္ထားမည္ ျဖစ္ေၾကာင္း သိရသည္။

“တရုတ္ႏွစ္သစ္ကူးကာလမွာ ကားႀကီးေတြလည္း နည္းသြားမွာျဖစ္တဲ့အတြက္ အဲဒီအခ်ိန္ကို ေရြးၿပီးလုပ္တာပါ။ အခ်ိန္ကေတာ့ (၁၀)ရက္ပဲ ယူမွာပါ။ အဲဒီရက္အတြင္း လမ္းပိုင္းက ျပင္ဆင္စရာ ရွိတာေတြ၊ ကားႀကီးေတြတက္ရ ခက္တဲ့ေနရာေတြကို အဆင္ေျပေအာင္ျပဳျပင္မွာေတြ၊ AC ေပါက္ေနတဲ့ ေနရာ ေတြကို ျပဳျပင္ေပးဖို႔လုပ္မွာပါ။ ဒါမွ လာမယ့္မိုးရာသီအတြက္ အသြားအလာ အဆင္ေျပသြားမွာ ”ဟု စီမံကိန္းမန္ေနဂ်ာက ေျပာသည္။

အခ်ိန္(၁၀)ရက္အတြင္း လမ္းပိတ္ဆို႔မႈ (၂)နာရီအၾကာ ျပဳလုပ္ထားမည္ျဖစ္ၿပီး သတ္မွတ္ခ်ိန္ေစ့ပါက အတက္ အဆင္းကားမ်ားတြင္ ယာဥ္ငယ္မ်ားကို ဦးစားေပးေစလႊတ္ေပးသြားမည္ျဖစ္ကာ အခ်ိန္ပိုင္း လမ္းပိတ္ဆို႔မည့္ အေၾကာင္းအရာႏွင့္ ပတ္သက္၍ ျပည္ေထာင္စုလမ္းမႀကီးေပၚရွိ OHC တိုးဂိတ္မ်ား တြင္လည္း ေၾကညာေပးထားေၾကာင္း သိရသည္။

ျပည္ေထာင္စုလမ္းမႀကီး မႏၱေလး-မူဆယ္ လမ္းပိုင္းတြင္ ေန႔စဥ္ျဖတ္သန္းသြားလာေနသည့္ ယာဥ္အစီးေရ ( ၈၀၀၀) ခန္႔ရွိမည္ဟု OHC ကုမၸဏီမွ ခန္႔မွန္းထားၿပီး ယာဥ္ႀကီးအေရအတြက္မွာ  (၂၀၀၀) ခန္႔ရွိကာ တရုတ္ႏွစ္သစ္ကူးကာလအတြင္း ယာဥ္ႀကီးျဖတ္သန္းမႈ (၇၀) ရာခိုင္ႏႈန္းခန္႔ ေလ်ာ့က် ေလ့ရွိေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီး ဂုတ်တွင်းလမ်းပိုင်းအား ဖေဖော်ဝါရီလ (၁၅)ရက်နေ့မှစ၍ (၁၀)ရက်ကြာ အချိန်ပိုင်းဖြင့် ပိတ်ထားမည် ဖြစ်ကြောင်း OHC ကုမ္ပဏီ (ကျောက်မဲ)စီမံကိန်းဌာနထံမှ သိရသည်။

ဂုတ်တွင်းလမ်းပိုင်း မိုင်တိုင်အမှတ် (၈၅)နှင့် (၈၇) ကြားတွင် လမ်းနှင့်နီးကပ်စွာ တည်ရှိနေသည့် ကျွန်းပင် အချို့အား မြန်မာ့သစ်ထုတ်လုပ်ရေးမှ ရှင်းလင်းခုတ်ထွင်မည်ဖြစ်ပြီး Oriental Highway Co.ltd မှ လမ်းပြင်ခြင်း လုပ်ငန်းများ တစ်ပြိုင်တည်း ပြုလုပ်မည် ဖြစ်သည့်အတွက် လမ်းပိတ်ခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ တရုတ်နှစ်သစ်ကူးကာလမှာ အတက်ကားတွေ လျော့သွားတဲ့အချိန်ကိုရွေးပြီးတော့ သစ်ထုတ်မယ့်ဌာနနဲ့ ကျွန်တော်တို့က တစ်ပြိုင်တည်း လုပ်ငန်း လုပ်ကြမှာဖြစ်ပါတယ်။ ပိတ်ထားတဲ့ အချိန်အတွင်းမှာ OHC ကနေ လမ်းပြင်ရမယ့် နေရာတွေကို လိုက်ပြင်မယ်။ ယာဉ်ထိန်းတပ်ဖွဲ့တွေကလည်း လမ်းကြောင်း အဖွင့်အပိတ်ကို လုပ်ဆောင်ပေးမှာဖြစ်ပါတယ် ” ဟု Oriental Highway Co.ltd (ကျောက်မဲ)မှ စီမံကိန်းမန်နေဂျာ ကိုသက်ဆွေ က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အဆိုပါ လမ်းပိုင်းအား ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှ (၂၄) ရက်နေ့အထိ နေ့စဉ် နေ့လယ် (၁)နာရီမှ ညနေ (၃)နာရီအထိ ခေတ္တ ပိတ်ဆို့ထားမည်ဖြစ်ပြီး ကျောက်မဲဘက်အခြမ်းတွင် မိုင်တိုင်အမှတ် (၉၂)အနီးရှိ မိုးမြင့်သာ စားသောက်ဆိုင်အနီး၊ နောင်ချိုမြို့ဘက်အခြမ်းတွင် မိုင်တိုင်အမှတ် (၈၂) အနီးရှိ စိမ်းလဲ့ကန်သာ အနီးတို့တွင် ယာဉ်များအား တားမြစ်ထားမည် ဖြစ်ကြောင်း သိရသည်။

“တရုတ်နှစ်သစ်ကူးကာလမှာ ကားကြီးတွေလည်း နည်းသွားမှာဖြစ်တဲ့အတွက် အဲဒီအချိန်ကို ရွေးပြီးလုပ်တာပါ။ အချိန်ကတော့ (၁၀)ရက်ပဲ ယူမှာပါ။ အဲဒီရက်အတွင်း လမ်းပိုင်းက ပြင်ဆင်စရာ ရှိတာတွေ၊ ကားကြီးတွေတက်ရ ခက်တဲ့နေရာတွေကို အဆင်ပြေအောင်ပြုပြင်မှာတွေ၊ AC ပေါက်နေတဲ့ နေရာ တွေကို ပြုပြင်ပေးဖို့လုပ်မှာပါ။ ဒါမှ လာမယ့်မိုးရာသီအတွက် အသွားအလာ အဆင်ပြေသွားမှာ ”ဟု စီမံကိန်းမန်နေဂျာက ပြောသည်။

အချိန်(၁၀)ရက်အတွင်း လမ်းပိတ်ဆို့မှု (၂)နာရီအကြာ ပြုလုပ်ထားမည်ဖြစ်ပြီး သတ်မှတ်ချိန်စေ့ပါက အတက် အဆင်းကားများတွင် ယာဉ်ငယ်များကို ဦးစားပေးစေလွှတ်ပေးသွားမည်ဖြစ်ကာ အချိန်ပိုင်း လမ်းပိတ်ဆို့မည့် အကြောင်းအရာနှင့် ပတ်သက်၍ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ OHC တိုးဂိတ်များ တွင်လည်း ကြေညာပေးထားကြောင်း သိရသည်။

ပြည်ထောင်စုလမ်းမကြီး မန္တလေး-မူဆယ် လမ်းပိုင်းတွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ယာဉ်အစီးရေ ( ၈၀၀၀) ခန့်ရှိမည်ဟု OHC ကုမ္ပဏီမှ ခန့်မှန်းထားပြီး ယာဉ်ကြီးအရေအတွက်မှာ (၂၀၀၀) ခန့်ရှိကာ တရုတ်နှစ်သစ်ကူးကာလအတွင်း ယာဉ်ကြီးဖြတ်သန်းမှု (၇၀) ရာခိုင်နှုန်းခန့် လျော့ကျ လေ့ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~