"အစက ကားရပ္နားကြင္းကို ကားထိုးမွ ေကာက္ခံတာ။ အခု ေဖေဖာ္ဝါရီလ (၅) ရက္ေန႔ကစၿပီး ဘုရား ပဲြေတာ္အဝင္ဂိတ္ကဆီးၿပီး ေကာက္ေနေတာ႔ ကၽြန္ေတာ္တို႔ဆီလာတဲ႔ ဘုရားဖူးယာဥ္ေတြလည္း ေပးေဆာင္ ေနရတယ္။ တင္ဒါစည္းကမ္းကို ခ်ိဳးေဖာက္ခံေနရလို႔ ေဂါပကကိုတင္ျပေတာ႔လည္း ေျဖရွင္းမေပးႏိုင္ဘူး။ လုပ္ငန္းရယူစဥ္ကတည္းက လုပ္ငန္းရွင္ေတြစည္းကမ္းခ်ိဳးေဖာက္မႈရိွရင္ ဒဏ္ေငြရိုက္ဖို႔ဆိုၿပီးေတာ႔ တစ္ခါတည္း ႀကိဳတင္ေငြသြင္းထားၾကရတယ္။ အခု သူတို႔ စည္းကမ္းခ်ိဳးေဖာက္တာက်ေတာ႔ ခံေနရတယ္္"ဟု ဘုရားပြဲေတာ္မွ နမၼဒါ(၂)လုပ္ငန္းရွင္ ဦးသူရက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
မေကြးတုိင္းေဒသႀကီး မန္းေရႊစက္ေတာ္ဘုရားပဲြေတာ္ဝင္ေပါက္မွေန၍ ဝင္လာသည့္ ေမာ္ေတာ္ယာဥ္တုိင္းအား ယာဥ္ရပ္နားခြန္ေကာက္ခံေနျခင္းမွာ တည္းခိုေဆာင္သို႔လာေသာ ေမာ္ေတာ္ယာဥ္မ်ားအား ယာဥ္ရပ္နားခြန္ မေကာက္ခံပါဆိုသည့္ တင္ဒါစည္းကမ္းကို ခ်ိဳးေဖါက္ျခင္းျဖစ္ေၾကာင္း နမၼဒါတည္းခိုေဆာင္လုပ္ငန္းရွင္မ်ားက ဆိုသည္။
အဆိုပါယာဥ္ရပ္နားကြင္းတည္ေဆာက္စဥ္က ယာဥ္ရပ္နားခအေနျဖင္႔ က်ပ္ (၅၀၀)မွ က်ပ္(၁၀၀၀)ခန္႔သာ ေကာက္ခံမည္ျဖစ္ေၾကာင္း ေဂါပကအဖြဲ႕က ေျပာၾကားခဲ့ေသာ္လည္း လက္ရိွတြင္ က်ပ္ (၂၅၀၀)အထိ ေကာက္ခံေနေၾကာင္း ဘုရားဖူးမ်ားထံမွ သိရသည္။
"ကၽြန္ေတာ္တို႔ကားက ေန႔ခ်င္းျပန္သြားတာေတာင္ ဘုရားပဲြေတာ္အဝင္ဂိတ္မွာ (၂၅၀၀)က်ပ္ ေကာက္တယ္။ ေျပစာမွာ ကားရပ္နားကြင္း အလွဴေငြျဖတ္ပိုင္းလို႔ေရးထားၿပီး ဒီလိုမတန္တဆေကာက္ေနတာကေတာ႔ မေတာ္ဘူးထင္တယ္"ဟု ဘုရားဖူးတစ္ဦးက ေျပာသည္။
ယခင္ႏွစ္မ်ားက ယာဥ္ရပ္နားရန္အတြက္ ကားႀကီးကြင္းနွင္႔ ကားေလးကြင္းႏွစ္ခုသာ ထားရိွခဲ႔ရာမွ ယခုႏွစ္ပဲြေတာ္ရာသီတြင္ ငဖဲလမ္းဘက္အထြက္ရိွ ေဇာ္ဂ်ီကုန္းႏွင္႔ ငဖဲေစာင္းတန္းဘက္ရိွ သမုန္းကုန္းေနရာမ်ား၌ ေမာ္ေတာ္ယာဥ္ရပ္နားကြင္း(၂)ကြင္း တိုးခ်ဲ႕ထားရိွခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။
ေရႊစက္ေတာ္ဘုရားပဲြေတာ္အား ဇန္နဝါရီလ (၂၁)ရက္ေန႔မွ ဧၿပီလ (၁၇)ရက္ေန႔အထိ (၈၇)ရက္ၾကာ က်င္းပေနျခင္းျဖစ္သည္။
သတင္း၊ဓါတ္ပံု #ဖီးနစ္
***************
မကွေးတိုင်းဒေသကြီး မန်းရွှေစက်တော်ဘုရားပွဲတော်တွင် ဖေဖေါ်ဝါရီလ (၅)ရက်နေ့မှစ၍ မော်တော်ယာဉ်များအား ယာဉ်ရပ်နားခွန် ပိုမိုကောက်ခံနေခြင်းနှင့် တည်းခိုဆောင်များချထားပေးစဉ်က တင်ဒါစည်းကမ်းကို ချိုးဖေါက် ကောက်ခံနေခြင်းများလုပ်ဆောင်နေသော်လည်း ဖေဖေါ်ဝါရီလ (၇)ရက်နေ့အထိ အရေးယူခြင်းမရှိသေးကြောင်း သိရသည်။
"အစက ကားရပ်နားကွင်းကို ကားထိုးမှ ကောက်ခံတာ။ အခု ဖေဖော်ဝါရီလ (၅) ရက်နေ့ကစပြီး ဘုရား ပွဲတော်အဝင်ဂိတ်ကဆီးပြီး ကောက်နေတော့ ကျွန်တော်တို့ဆီလာတဲ့ ဘုရားဖူးယာဉ်တွေလည်း ပေးဆောင် နေရတယ်။ တင်ဒါစည်းကမ်းကို ချိုးဖောက်ခံနေရလို့ ဂေါပကကိုတင်ပြတော့လည်း ဖြေရှင်းမပေးနိုင်ဘူး။ လုပ်ငန်းရယူစဉ်ကတည်းက လုပ်ငန်းရှင်တွေစည်းကမ်းချိုးဖောက်မှုရှိရင် ဒဏ်ငွေရိုက်ဖို့ဆိုပြီးတော့ တစ်ခါတည်း ကြိုတင်ငွေသွင်းထားကြရတယ်။ အခု သူတို့ စည်းကမ်းချိုးဖောက်တာကျတော့ ခံနေရတယ််"ဟု ဘုရားပွဲတော်မှ နမ္မဒါ(၂)လုပ်ငန်းရှင် ဦးသူရက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းဒေသကြီး မန်းရွှေစက်တော်ဘုရားပွဲတော်ဝင်ပေါက်မှနေ၍ ဝင်လာသည့် မော်တော်ယာဉ်တိုင်းအား ယာဉ်ရပ်နားခွန်ကောက်ခံနေခြင်းမှာ တည်းခိုဆောင်သို့လာသော မော်တော်ယာဉ်များအား ယာဉ်ရပ်နားခွန် မကောက်ခံပါဆိုသည့် တင်ဒါစည်းကမ်းကို ချိုးဖေါက်ခြင်းဖြစ်ကြောင်း နမ္မဒါတည်းခိုဆောင်လုပ်ငန်းရှင်များက ဆိုသည်။
အဆိုပါယာဉ်ရပ်နားကွင်းတည်ဆောက်စဉ်က ယာဉ်ရပ်နားခအနေဖြင့် ကျပ် (၅၀၀)မှ ကျပ်(၁၀၀၀)ခန့်သာ ကောက်ခံမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့က ပြောကြားခဲ့သော်လည်း လက်ရှိတွင် ကျပ် (၂၅၀၀)အထိ ကောက်ခံနေကြောင်း ဘုရားဖူးများထံမှ သိရသည်။
"ကျွန်တော်တို့ကားက နေ့ချင်းပြန်သွားတာတောင် ဘုရားပွဲတော်အဝင်ဂိတ်မှာ (၂၅၀၀)ကျပ် ကောက်တယ်။ ပြေစာမှာ ကားရပ်နားကွင်း အလှူငွေဖြတ်ပိုင်းလို့ရေးထားပြီး ဒီလိုမတန်တဆကောက်နေတာကတော့ မတော်ဘူးထင်တယ်"ဟု ဘုရားဖူးတစ်ဦးက ပြောသည်။
ယခင်နှစ်များက ယာဉ်ရပ်နားရန်အတွက် ကားကြီးကွင်းနှင့် ကားလေးကွင်းနှစ်ခုသာ ထားရှိခဲ့ရာမှ ယခုနှစ်ပွဲတော်ရာသီတွင် ငဖဲလမ်းဘက်အထွက်ရှိ ဇော်ဂျီကုန်းနှင့် ငဖဲစောင်းတန်းဘက်ရှိ သမုန်းကုန်းနေရာများ၌ မော်တော်ယာဉ်ရပ်နားကွင်း(၂)ကွင်း တိုးချဲ့ထားရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေစက်တော်ဘုရားပွဲတော်အား ဇန်နဝါရီလ (၂၁)ရက်နေ့မှ ဧပြီလ (၁၇)ရက်နေ့အထိ (၈၇)ရက်ကြာ ကျင်းပနေခြင်းဖြစ်သည်။
သတင်း၊ဓါတ်ပုံ #ဖီးနစ်