ျပည္ေထာင္စုေန႔ႏွင့္ ဗိုလ္ခ်ဳပ္ေမြးေန႔အထိမ္းအမွတ္ က်ိဳင္းတုံမွ လူငယ္ ၄၀ ဦးစုေပါင္းေသြးလွဴဒါန္း

ျပည္ေထာင္စုေန႔ႏွင့္ ဗိုလ္ခ်ဳပ္ေမြးေန႔အထိမ္းအမွတ္ က်ိဳင္းတုံမွ လူငယ္ ၄၀ ဦးစုေပါင္းေသြးလွဴဒါန္း
ဖေဖော်ဝါရီ 12, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ လူငယ္စင္တာမွဦးေဆာင္မႈျဖင့္ လူငယ္ (၄၀)ဦးက ေဖေဖာ္၀ါရီလ (၁၂)ရက္တြင္ က်ေရာက္သည့္ (၇၁) ႀကိမ္ေျမာက္ ျပည္ေထာင္စုေန႕အထိမ္းအမွတ္ႏွင့္ ေဖေဖၚဝါရီလ (၁၃)ရက္ေန႔တြင္ က်ေရာက္သည့္ (၁၀၃)ႏွစ္ျပည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔အထိမ္းအမွတ္အျဖစ္ စုေပါင္း ေသြးလွဴဒါန္းၾကေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႕ လူငယ္စင္တာက ျပည္ေထာင္စုေန႕နဲ႕ ဗိုလ္ခ်ဳပ္ေမြးေန႕ အထိမ္းအမွတ္အေနနဲ႕ ေသြးအလွဴရွင္ေတြ စုစည္းေပးၿပီးေတာ့ ေသြးလွဴဘဏ္မွာ လာလွဴၾကတာျဖစ္ပါတယ္။ လူငယ္စင္တာက ဦးေဆာင္ၿပီး အခုလို လွဴတာ ဒါက ဒုတိယအႀကိမ္ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္တုန္းက ႏိုင္ငံတကာလူငယ္မ်ားေန႕ အထိမ္းအမွတ္အေနနဲ႕ အခုလိုပဲ လူငယ္(၅၀)ေလာက္ လွဴခဲ့ပါတယ္"ဟု က်ိဳင္းတုံလူငယ္စင္တာ ဥကၠဌ ေဒါက္တာစိုင္းဆုမ္ဝုန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႕ ေျပာသည္။

ေသြးလွဴဒါန္းလိုသူမ်ား စာရင္းေကာက္ထားၿပီး ယေန႕နံနက္ပိုင္းတြင္ (၃၃)ဦးက လွဴဒါန္းခဲ့ၿပီး က်န္ (၇)ဦးက ၄င္းတုိ႕ အားလပ္သည့္အခ်ိန္မ်ားတြင္ ေသြးလွဴဘဏ္သို႔ လာေရာက္လွဴဒါန္းရန္ စာရင္းေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒီတစ္ႀကိမ္ ေသြးလွဴတာက ပထမဆုံး အႀကိမ္လွဴျဖစ္တာျဖစ္ပါတယ္။ ဒီေန႕မွာ အခုလို စုေပါင္းၿပီး ေသြးလွဴဒါန္းပြဲရိွတယ္လို႕ လိုင္းေပၚကတစ္ဆင့္ သိရတဲ့အတြက္ နာမည္စာရင္းေပးၿပီး လာလွဴတာျဖစ္ပါတယ္။ ေသြးလွဴတဲ့ ေနရာမွာလည္း အစစ အရာရာ အဆင္ေျပပါတယ္"ဟု ေသြးအလွဴရွင္တစ္ဦးျဖစ္သည့္ ကိုထူးလင္းေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႕ေျပာသည္။

က်ိဳင္းတုံျပည္သူ႕ ေဆးရုံႀကီးတြင္ တစ္လလွ်င္ ေသြးအလုံး(၁၀၀)ခန္႕ အသုံးျပဳေနရသည့္အတြက္ ေသြးအလွဴရွင္ ရွာေဖြရခက္ခဲေနသျဖင့္ ေသြးလွဴဒါန္းလိုသူမ်ားအေနျဖင့္ ေဆးရံုႀကီးရိွ ေသြးလွဴဘဏ္တြင္ အခ်ိန္မေရြးလာေရာက္ လွဴဒါန္းႏုိင္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဇြဲဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ကျိုင်းတုံမှ လူငယ် ၄၀ ဦးစုပေါင်းသွေးလှူဒါန်း
************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် လူငယ်စင်တာမှဦးဆောင်မှုဖြင့် လူငယ် (၄၀)ဦးက ဖေဖော်ဝါရီလ (၁၂)ရက်တွင် ကျရောက်သည့် (၇၁) ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်နှင့် ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်း သွေးလှူဒါန်းကြကြောင်း သိရသည်။

"ကျွန်တော်တို့ လူငယ်စင်တာက ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ သွေးအလှူရှင်တွေ စုစည်းပေးပြီးတော့ သွေးလှူဘဏ်မှာ လာလှူကြတာဖြစ်ပါတယ်။ လူငယ်စင်တာက ဦးဆောင်ပြီး အခုလို လှူတာ ဒါက ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ်အနေနဲ့ အခုလိုပဲ လူငယ်(၅၀)လောက် လှူခဲ့ပါတယ်"ဟု ကျိုင်းတုံလူငယ်စင်တာ ဥက္ကဌ ဒေါက်တာစိုင်းဆုမ်ဝုန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သွေးလှူဒါန်းလိုသူများ စာရင်းကောက်ထားပြီး ယနေ့နံနက်ပိုင်းတွင် (၃၃)ဦးက လှူဒါန်းခဲ့ပြီး ကျန် (၇)ဦးက ၄င်းတို့ အားလပ်သည့်အချိန်များတွင် သွေးလှူဘဏ်သို့ လာရောက်လှူဒါန်းရန် စာရင်းပေးထားခြင်းဖြစ်ကြောင်း သိရသည်။

"ဒီတစ်ကြိမ် သွေးလှူတာက ပထမဆုံး အကြိမ်လှူဖြစ်တာဖြစ်ပါတယ်။ ဒီနေ့မှာ အခုလို စုပေါင်းပြီး သွေးလှူဒါန်းပွဲရှိတယ်လို့ လိုင်းပေါ်ကတစ်ဆင့် သိရတဲ့အတွက် နာမည်စာရင်းပေးပြီး လာလှူတာဖြစ်ပါတယ်။ သွေးလှူတဲ့ နေရာမှာလည်း အစစ အရာရာ အဆင်ပြေပါတယ်"ဟု သွေးအလှူရှင်တစ်ဦးဖြစ်သည့် ကိုထူးလင်းဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ကျိုင်းတုံပြည်သူ့ ဆေးရုံကြီးတွင် တစ်လလျှင် သွေးအလုံး(၁၀၀)ခန့် အသုံးပြုနေရသည့်အတွက် သွေးအလှူရှင် ရှာဖွေရခက်ခဲနေသဖြင့် သွေးလှူဒါန်းလိုသူများအနေဖြင့် ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် အချိန်မရွေးလာရောက် လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဇွဲဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~