က်န္းမာေရးေစာင့္ေရွာက္မႈမလႊမ္းၿခံဳႏိုင္သည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္၏ ေက်းရြာထက္ဝက္ခန္႔အတြက္ စီမံခ်က္ေရးဆြဲေနသည့္ သီေပါၿမိဳ႕ျပည္သူ႔ေဆးရံုအုပ္ႏွင့္ ေတြ႔ဆံုေမးျမန္းျခင္း

က်န္းမာေရးေစာင့္ေရွာက္မႈမလႊမ္းၿခံဳႏိုင္သည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္၏ ေက်းရြာထက္ဝက္ခန္႔အတြက္ စီမံခ်က္ေရးဆြဲေနသည့္ သီေပါၿမိဳ႕ျပည္သူ႔ေဆးရံုအုပ္ႏွင့္ ေတြ႔ဆံုေမးျမန္းျခင္း
ဇန်နဝါရီ 23, 2018
By 🌸
တိုင္းရင္းသားလူမ်ိဳးစံုေနထုိင္သျဖင့္ ဘာသာစကားအခက္အခဲ၊ လမ္းပန္းဆက္သြယ္ေရးအခက္အခဲ၊ လက္နက္ကိုင္ ပဋိပကၡတို႔ေၾကာင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသ သီေပါၿမိဳ႕နယ္ရိွ ေက်းရြာထက္ဝက္ခန္႔မွာ အစိုးရ၏ က်န္းမာေရးေစာင့္ေရွာက္မႈလက္လွမ္းမမီျဖစ္ေနသည့္အတြက္ အဆိုပါေဒသမ်ားတြင္ က်န္းမာေရးေစာင့္ေရွာက္မႈ လႊမ္းၿခံဳႏိုင္ေရး အစီအစဥ္မ်ားေရးဆြဲေနသည့္ သီေပါၿမိဳ႕ ကုတင္ (၁၀၀)ေဆးရံု၏ ေဆးရံုအုပ္ႀကီး ေဒါက္တာ နႏၵဝင္းႏွင့္ တာခ်ီလိတ္သတင္းေအဂ်င္စီက သီေပါၿမိဳ႕တြင္ ေတြ႔ဆံုေမးျမန္းထားျခင္းျဖစ္ပါသည္။

အဟာရျပည့္ဝသည့္ တန္ဖိုးနည္းထမင္းဟင္းလ်ာေရာင္းခ်ျခင္းအစီအစဥ္ေၾကာင့္ ျပည္သူ႔ဂုဏ္ရည္အထူးဆု ရရိွခဲ့သည့္ ေဒါက္တာ နႏၵဝင္းသည္ သီေပါ ကုတင္(၁၀၀)ဆံ့ျပည္သူ႔ေဆးရံုတြင္ လူနာမ်ားအတြက္ အဟာရဒါန ေန႔စဥ္ေကၽြးေမြးျခင္း၊ လူနာေစာင့္မ်ားအတြက္ တန္ဖိုးနည္းထမင္းဟင္းအား ရံပံုေငြမတည္ေပး၍ ပံုမွန္လည္ပတ္ႏုိင္ေရး အစီအစဥ္မ်ားကိုလည္း ေအာင္ျမင္စြာ အေကာင္အထည္ေဖၚထားၿပီး ကုသိုလ္ျဖစ္ေဆးခန္းဖြင့္လွစ္ေဆာင္ရြက္ေပးေနျခင္းျဖစ္ရာ ေဒသတြင္း  အစိုးရ၏ က်န္းမာေရး ေစာင့္ေရွာက္မႈေဆာင္ရြက္ႏုိင္မႈ အေျခအေနမ်ားကို ေမးျမန္းထားျခင္းျဖစ္ပါသည္။

TNA: ဆရာတုိ႔ သီေပါၿမိဳ႕နယ္အတြင္း က်န္းမာေရးေစာင့္ေရွာက္မႈ လႊမ္းၿခံဳႏုိင္မႈနည္းေနတဲ့အတြက္ စီမံခ်က္ေရးဆြဲ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။  လက္ရိွေဒသတြင္း က်န္းမာေရးေစာင့္ေရွာက္မႈ လႊမ္းၿခံဳႏုိင္မႈအေျခအေန ဘယ္လိုရိွပါသလဲ။ စီမံခ်က္ကို ဘယ္လိုေရးဆြဲလုပ္ေဆာင္ေနပါသလဲရွင္။

Dr.NDW: ဒီမွာက က်န္းမာေရးဝန္ထမ္းေတြေရာက္ႏိုင္တဲ့ေနရာ၊ မေရာက္ႏိုင္တဲ့ေနရာ၊ က်န္းမာေရး ေစာင့္ေရွာက္မႈအတြက္ အခြင့္အေရးေတြေပးႏိုင္တဲ့ေနရာနဲ႔ မေပးႏိုင္တဲ့ေနရာဆိုၿပီးေတာ့ ႏွစ္ပိုင္းခြဲႏိုင္တာေပါ့။ ဒါက ၿမိဳ႕တိုင္းမွာရွိပါတယ္။ လက္လွမ္းမီတဲ့ေနရာ (Easy to Reach) နဲ႔ လက္လွမ္းမမီတဲ့ေနရာ (Hard To Reach) ေပ့ါေနာ္။ က်န္းမာေရးဌာနကလူေတြ၊ က်န္းမာေရးဌာနက ေပးမယ့္ေစာင့္ေရွာက္မႈေတြက အဲ့ဒီေနရာေတြကိုေရာက္ဖို႔ အလြယ္တကူနဲ႔ သြားေရာက္ႏိုင္တဲ့ ေနရာနဲ႔ ခက္ခက္ ခဲခဲ သြားေရာက္မွရတဲ့ ေနရာေပါ့။

လက္လွမ္းမမီတဲ့ေနရာမွာလည္း ႏွစ္မ်ိဳးရွိတာေပါ့။ ႏုိင္ငံေရးအေျခအေနအရနဲ႔ နယ္ေျမသဘာဝအေနအထား အရေပါ့။ ႏုိင္ငံေရးအေျခအေနအရက်ေတာ့ ဆရာတို႔ ဒီဘက္မွာ ပဋိပကၡ ေတြရွိေနတယ္။ အေျခအေန အရပ္ရပ္အရေပါ့။ က်န္းမာေရးဌာနကဆိုရင္ေတာ့ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဝင္ခြင့္ေပးပါတယ္။ ဒါေပမဲ့ တစ္ခါတစ္ေလ ပဋိပကၡျဖစ္ေနတဲ့အခ်ိန္ဆိုရင္ေတာ့ မသြားရဘူးေပါ့။

ဂ်ပန္ဦးေႏွာက္ေရာင္ကာကြယ္ေဆးထိုးေပးတဲ့အခ်ိန္ကဆိုရင္ ပဋိပကၡျဖစ္ေနတဲ့ေနရာေတြကို သြားလို႔မရဘူး။  တစ္ခ်ိဳ႕ ေနရာက်ေတာ့ ရာသီဥတုေၾကာင့္ေပါ့။ လမ္းပန္းကလည္း ဆိုးတယ္။ အဲဒီဟာမ်ိဳးေတြက်ေတာ့ သဘာဝအေနအထားအရ လက္လွမ္းမမီျဖစ္တာေပါ့။

ဆရာတို႔ဒီၿမိဳ႕မွာ ျပန္တြက္ၾကည့္မယ္ဆိုရင္ ႏုိင္ငံေရးအရျဖစ္ေစ၊ သဘာဝအေနအထားအရျဖစ္ေစ လက္လွမ္းမမီျဖစ္တဲ့ ရြာေတြက စုစုေပါင္း (၄၉၅)ရြာရွိတဲ့အထဲမွာ (၂၀၅) ရြာေလာက္က လက္လွမ္းမမီးျဖစ္ေနတယ္။ တနည္းအားျဖင့္ေျပာမယ္ဆိုရင္ေတာ့ ဆရာတို႔ၿမိဳ႕နယ္ရဲ့ ထက္ဝက္နီးပါးဟာ လႊမ္းၿခံဳဖို႔ နည္းနည္းခက္ခဲတယ္ေပါ့။

TNA: က်န္းမာေရးေစာင့္ေရွာက္မႈရရိွဖို႔ခက္ခဲေနတဲ့ ၿမိဳ႕နယ္ရဲ႕ထက္ဝက္နီးပါးေလာက္ျဖစ္ေနတဲ့ ဒီေဒသေတြမွာ ေဒသႏၱရေဆးခန္းလိုမ်ိဳးျဖစ္ျဖစ္ သူတို႔အတြက္ အနီးစပ္ဆံုး လက္လွမ္းမီႏုိင္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈေပးႏုိင္တာက ဘာေတြရိွမလဲ ဆရာ။

Dr.NDW: တစ္ခ်ိဳ႕ေတြကေတာ့ ေဆးခန္းရဲ့အနီးမွာရွိတယ္။ ဒါေပမယ့္ ေဆးခန္းရဲ့နားမွာကို သြားဖိုိ႔ခက္ေနတာ။ ဥပမာဆို တစ္ခ်ိဳ႕ မိုးရြာလာရင္ ေတာင္က်ေခ်ာင္း (၅)ခုေလာက္ကို ျဖတ္ၿပီးသြားလာရတာရွိတယ္။ အဲဒါမ်ိဳးက် က်န္းမာေရးေစာင့္ေရွာက္မႈက မေရာက္ေတာ့ဘူး။

မေရာက္ေတာ့ဘူးဆိုေတာ့ ဆရာတို႔က ပြင့္လင္းရာသီေရာက္ရင္ ပိုလုပ္ရတယ္။ အဲဒီေနရာေတြမွာ ပြင့္လင္းရာသီမဟုတ္တဲ့အခ်ိန္မ်ိဳးက် မိုးတြင္းလိုမ်ိဳးဆို သြားလို႔မရဘူး။ ၿပီးခဲ့တဲ့တစ္ေခါက္က ေက်ာင္းေတြမွာ ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆးထိုးတယ္။ ေက်ာင္းေတြမွာထိုးတဲ့အခါတုန္းက ဆရာ့တပည့္ေတြ အဲဒီကိုေရာက္သြားတယ္။ ေရာက္သြားၿပီးတဲ့အခ်ိန္မွာ မိုးရြာလိုက္တယ္။ လံုးဝထြက္လို႔မရေတာ့ဘူး။ အဲဒီမွာ သူတို႔ေတြအကုန္လံုး ပိတ္မိသြားတာေပါ့။ ဆရာတို႔က ဒါေတြႀကံဳရတယ္။ အခုဆိုရင္လည္း အဲဒီေနရာ ေရာက္သြားရင္ တယ္လီဖုန္းနဲ႔ ဆက္သြယ္လည္းမရဘူး။ ပံုလွ်န္းလို ေနရာမ်ိဳးေပ့ါ။ ပံုလွ်န္းဆိုတာ့ ေတာင္ဘက္ အျခမ္း၊ ေက်းသီးဘက္အျခမ္းေပါ့။ အဲဒီေနရာေတြမွာ ဆရာတို႔ဝန္ထမ္းေတြက အလုပ္လုပ္ရပါတယ္။

အဲဒီလိုေနရာမ်ိဳးကို ဘယ္လိုလုပ္မလဲေပါ့။ ဘယ္လိုနည္းေတြနဲ႔ ေျဖရွင္းမလဲဆိုတာကို ဆရာတို႔ ဆက္ၿပီး ရွင္းျပပါ့မယ္။ ဆရာတို႔က အဓိကကေတာ့ ဘယ္လိုနည္းေၾကာင့္ လက္လွမ္းမမီျဖစ္တဲ့ေဒသျဖစ္ပါေစ အခ်ိန္တစ္ခ်ိန္မွာေတာ့ ဆရာတို႔မွာ အဆက္အသြယ္လုပ္လို႔ရတယ္။ ဥပမာဆိုရင္ ႏုိင္ငံေရးအေျခအေနအရ လက္လွမ္းမမီတဲ့ေဒသေတြဆို သူတို႔ ပဋိပကၡမျဖစ္တဲ့အခ်ိန္က်ရင္  ဆရာတို႔ဆက္သြယ္လို႔ရ သြားလို႔ရတယ္။

နယ္ေျမသဘာဝအေနအထားအရဆိုရင္ ရာသီဥတုသာယာတဲ့အခါက်ရင္ သြားလို႔ရတယ္။ အဲဒီအခ်ိန္မွာ ဆရာတို႔က အဲဒီေနရာေတြကိုဝင္မွာ။ အဲဒီလိုေနရာေတြကို ဆရာတို႔က ေျမပံုဆြဲထားလုိက္တယ္။ ဘယ္ေနရာမွာ ဘယ္အခ်ိန္မွာ ဝင္ရမယ္စတာေတြ မွတ္လုိက္တယ္။ အဲဒီေနရာေတြမွာ တာဝန္က်တဲ့ ဆရာမက တစ္ေယာက္တည္း ျဖစ္လိမ့္မယ္။ ဒါေပမဲ့ အဲဒီလိုေနရာကို ဝင္လို႔ရတ့ဲအခ်ိန္မွာ တာဝန္က်တဲ့ တစ္ေယာက္တည္းတင္မဟုတ္ဘဲ က်န္းမာေရးဝန္ထမ္းေတြ အၿပံဳလိုက္ဝင္မယ္။ ဥပမာ အရင္ကရွိတဲ့ ဆရာမတစ္ေယာက္နဲ႔အတူ ဝန္ထမ္း (၅) ေယာက္ေလာက္ တစ္ခါတည္းသြားမယ္။ အရင္တုန္းက တစ္ေယာက္အားနဲ႔လုပ္တယ္။ အဲဒီလိုုအခ်ိန္မွာ ငါးေယာက္အားနဲ႔ အလုပ္လုပ္မယ္။ တစ္ျခားေနရာေတြမွာ ပံုမွန္အလုပ္လုပ္ေနတဲ့သူေတြက သူတို႔အလုပ္ၿပီးေအာင္ လုပ္ထားမယ္။ သူတို႔အားလပ္ရက္ေတြကို စုၿပီး လိုအပ္တဲ့ေနရာေတြ စုဝင္လုိက္မယ္။

 ဒါေပမဲ့ အဲဒီလို ပြင့္လင္းတဲ့အခ်ိန္က်ရင္ ဘာတစ္ခုထပ္ျဖစ္လဲဆိုေတာ့ ပြင့္လင္းရာသီမွာ ေဒသခံေတြ အကုန္လံုးက ေတာင္ယာထဲ ေရာက္သြားေနၿပီ။ ရြာေတြမွာ မရွိေတာ့ျပန္ဘူး။ အဲဒီလိုက်ေတာ့ လုပ္ရတာခက္ျပန္ေရာ။ ကာကြယ္ေဆးထိုးတာေတြေရာ က်န္းမာေရးေစာင့္ေရွာက္မႈ ေပးတာေတြေရာ အဲဒါေတြက ခက္သြားျပန္ ပါတယ္။

ေနာက္ဗ်ဴဟာတစ္ခုအေနနဲ႔ အဲဒီလိုခက္ခဲတဲ့ေဒသေတြမွာ ေလးတန္းေအာင္တယ္၊ ငါးတန္းေအာင္တယ္ဆိုတဲ့ စာတတ္တဲ့ ေဒသခံအမ်ိဳးသမီးေတြရွိတယ္။ အဲဒီရြာေတြမွာ အၿမဲတမ္းေနမယ့္သူေတြကို ဆရာတို႔အေနနဲ႔ အရံ သားဖြားသင္တန္းေတြ ေပးတယ္။ အခုလက္ရွိ ဒီၿမိဳ႕နယ္မွာ အရံသားဖြားသင္တန္း Volunteer ေပါ့။ (၁၁၉) ေယာက္ရွိတယ္။ နယ္ေျမအေနအထားအရဆိုရင္ Volunteer ေတြ ပိုထြက္ဖို႔လိုမယ္။
ဒါေပမဲ့ အဲဒီေနရာေတြက တိုင္းရင္းသားညီအစ္ကို အဖြဲ႔အစည္းေတြဆီမွာ သူတို႔ဘာသာသူတို႔ Training လုပ္ထားတဲ့သူေတြရွိတယ္။

ဆက္လက္ေဖၚျပေပးပါမည္။

ေတြ႔ဆံုေမးျမန္းသူ #ခ်ယ္ရီထုိက္၊ ေနၿဖိဳးျမင့္
ဓါတ္ပံု #AxSai

~~~~~~~~⊰❂ unicode ~~~~~~~~
ကျန်းမာရေးစောင့်ရှောက်မှုမလွှမ်းခြုံနိုင်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၏ ကျေးရွာထက်ဝက်ခန့်အတွက် စီမံချက်ရေးဆွဲနေသည့် သီပေါမြို့ပြည်သူ့ဆေးရုံအုပ်နှင့် တွေ့ဆုံမေးမြန်းခြင်း
**************
တိုင်းရင်းသားလူမျိုးစုံနေထိုင်သဖြင့် ဘာသာစကားအခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲ၊ လက်နက်ကိုင် ပဋိပက္ခတို့ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ သီပေါမြို့နယ်ရှိ ကျေးရွာထက်ဝက်ခန့်မှာ အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမမီဖြစ်နေသည့်အတွက် အဆိုပါဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြံုနိုင်ရေး အစီအစဉ်များရေးဆွဲနေသည့် သီပေါမြို့ ကုတင် (၁၀၀)ဆေးရုံ၏ ဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒဝင်းနှင့် တာချီလိတ်သတင်းအေဂျင်စီက သီပေါမြို့တွင် တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။

အဟာရပြည့်ဝသည့် တန်ဖိုးနည်းထမင်းဟင်းလျာရောင်းချခြင်းအစီအစဉ်ကြောင့် ပြည်သူ့ဂုဏ်ရည်အထူးဆု ရရှိခဲ့သည့် ဒေါက်တာ နန္ဒဝင်းသည် သီပေါ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် လူနာများအတွက် အဟာရဒါန နေ့စဉ်ကျွေးမွေးခြင်း၊ လူနာစောင့်များအတွက် တန်ဖိုးနည်းထမင်းဟင်းအား ရံပုံငွေမတည်ပေး၍ ပုံမှန်လည်ပတ်နိုင်ရေး အစီအစဉ်များကိုလည်း အောင်မြင်စွာ အကောင်အထည်ဖေါ်ထားပြီး ကုသိုလ်ဖြစ်ဆေးခန်းဖွင့်လှစ်ဆောင်ရွက်ပေးနေခြင်းဖြစ်ရာ ဒေသတွင်း  အစိုးရ၏ ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်နိုင်မှု အခြေအနေများကို မေးမြန်းထားခြင်းဖြစ်ပါသည်။

TNA: ဆရာတို့ သီပေါမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြံုနိုင်မှုနည်းနေတဲ့အတွက် စီမံချက်ရေးဆွဲ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။  လက်ရှိဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြံုနိုင်မှုအခြေအနေ ဘယ်လိုရှိပါသလဲ။ စီမံချက်ကို ဘယ်လိုရေးဆွဲလုပ်ဆောင်နေပါသလဲရှင်။

Dr.NDW: ဒီမှာက ကျန်းမာရေးဝန်ထမ်းတွေရောက်နိုင်တဲ့နေရာ၊ မရောက်နိုင်တဲ့နေရာ၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အခွင့်အရေးတွေပေးနိုင်တဲ့နေရာနဲ့ မပေးနိုင်တဲ့နေရာဆိုပြီးတော့ နှစ်ပိုင်းခွဲနိုင်တာပေါ့။ ဒါက မြို့တိုင်းမှာရှိပါတယ်။ လက်လှမ်းမီတဲ့နေရာ (Easy to Reach) နဲ့ လက်လှမ်းမမီတဲ့နေရာ (Hard To Reach) ပေ့ါနော်။ ကျန်းမာရေးဌာနကလူတွေ၊ ကျန်းမာရေးဌာနက ပေးမယ့်စောင့်ရှောက်မှုတွေက အဲ့ဒီနေရာတွေကိုရောက်ဖို့ အလွယ်တကူနဲ့ သွားရောက်နိုင်တဲ့ နေရာနဲ့ ခက်ခက် ခဲခဲ သွားရောက်မှရတဲ့ နေရာပေါ့။

လက်လှမ်းမမီတဲ့နေရာမှာလည်း နှစ်မျိုးရှိတာပေါ့။ နိုင်ငံရေးအခြေအနေအရနဲ့ နယ်မြေသဘာဝအနေအထား အရပေါ့။ နိုင်ငံရေးအခြေအနေအရကျတော့ ဆရာတို့ ဒီဘက်မှာ ပဋိပက္ခ တွေရှိနေတယ်။ အခြေအနေ အရပ်ရပ်အရပေါ့။ ကျန်းမာရေးဌာနကဆိုရင်တော့ တော်တော်များများကတော့ ဝင်ခွင့်ပေးပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ ပဋိပက္ခဖြစ်နေတဲ့အချိန်ဆိုရင်တော့ မသွားရဘူးပေါ့။

ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးပေးတဲ့အချိန်ကဆိုရင် ပဋိပက္ခဖြစ်နေတဲ့နေရာတွေကို သွားလို့မရဘူး။  တစ်ချို့ နေရာကျတော့ ရာသီဥတုကြောင့်ပေါ့။ လမ်းပန်းကလည်း ဆိုးတယ်။ အဲဒီဟာမျိုးတွေကျတော့ သဘာဝအနေအထားအရ လက်လှမ်းမမီဖြစ်တာပေါ့။

ဆရာတို့ဒီမြို့မှာ ပြန်တွက်ကြည့်မယ်ဆိုရင် နိုင်ငံရေးအရဖြစ်စေ၊ သဘာဝအနေအထားအရဖြစ်စေ လက်လှမ်းမမီဖြစ်တဲ့ ရွာတွေက စုစုပေါင်း (၄၉၅)ရွာရှိတဲ့အထဲမှာ (၂၀၅) ရွာလောက်က လက်လှမ်းမမီးဖြစ်နေတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ဆရာတို့မြို့နယ်ရဲ့ ထက်ဝက်နီးပါးဟာ လွှမ်းခြံုဖို့ နည်းနည်းခက်ခဲတယ်ပေါ့။

TNA: ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့ခက်ခဲနေတဲ့ မြို့နယ်ရဲ့ထက်ဝက်နီးပါးလောက်ဖြစ်နေတဲ့ ဒီဒေသတွေမှာ ဒေသန္တရဆေးခန်းလိုမျိုးဖြစ်ဖြစ် သူတို့အတွက် အနီးစပ်ဆုံး လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တာက ဘာတွေရှိမလဲ ဆရာ။

Dr.NDW: တစ်ချို့တွေကတော့ ဆေးခန်းရဲ့အနီးမှာရှိတယ်။ ဒါပေမယ့် ဆေးခန်းရဲ့နားမှာကို သွားဖိို့ခက်နေတာ။ ဥပမာဆို တစ်ချို့ မိုးရွာလာရင် တောင်ကျချောင်း (၅)ခုလောက်ကို ဖြတ်ပြီးသွားလာရတာရှိတယ်။ အဲဒါမျိုးကျ ကျန်းမာရေးစောင့်ရှောက်မှုက မရောက်တော့ဘူး။

မရောက်တော့ဘူးဆိုတော့ ဆရာတို့က ပွင့်လင်းရာသီရောက်ရင် ပိုလုပ်ရတယ်။ အဲဒီနေရာတွေမှာ ပွင့်လင်းရာသီမဟုတ်တဲ့အချိန်မျိုးကျ မိုးတွင်းလိုမျိုးဆို သွားလို့မရဘူး။ ပြီးခဲ့တဲ့တစ်ခေါက်က ကျောင်းတွေမှာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးတယ်။ ကျောင်းတွေမှာထိုးတဲ့အခါတုန်းက ဆရာ့တပည့်တွေ အဲဒီကိုရောက်သွားတယ်။ ရောက်သွားပြီးတဲ့အချိန်မှာ မိုးရွာလိုက်တယ်။ လုံးဝထွက်လို့မရတော့ဘူး။ အဲဒီမှာ သူတို့တွေအကုန်လုံး ပိတ်မိသွားတာပေါ့။ ဆရာတို့က ဒါတွေကြံုရတယ်။ အခုဆိုရင်လည်း အဲဒီနေရာ ရောက်သွားရင် တယ်လီဖုန်းနဲ့ ဆက်သွယ်လည်းမရဘူး။ ပုံလျှန်းလို နေရာမျိုးပေ့ါ။ ပုံလျှန်းဆိုတာ့ တောင်ဘက် အခြမ်း၊ ကျေးသီးဘက်အခြမ်းပေါ့။ အဲဒီနေရာတွေမှာ ဆရာတို့ဝန်ထမ်းတွေက အလုပ်လုပ်ရပါတယ်။

အဲဒီလိုနေရာမျိုးကို ဘယ်လိုလုပ်မလဲပေါ့။ ဘယ်လိုနည်းတွေနဲ့ ဖြေရှင်းမလဲဆိုတာကို ဆရာတို့ ဆက်ပြီး ရှင်းပြပါ့မယ်။ ဆရာတို့က အဓိကကတော့ ဘယ်လိုနည်းကြောင့် လက်လှမ်းမမီဖြစ်တဲ့ဒေသဖြစ်ပါစေ အချိန်တစ်ချိန်မှာတော့ ဆရာတို့မှာ အဆက်အသွယ်လုပ်လို့ရတယ်။ ဥပမာဆိုရင် နိုင်ငံရေးအခြေအနေအရ လက်လှမ်းမမီတဲ့ဒေသတွေဆို သူတို့ ပဋိပက္ခမဖြစ်တဲ့အချိန်ကျရင်  ဆရာတို့ဆက်သွယ်လို့ရ သွားလို့ရတယ်။

နယ်မြေသဘာဝအနေအထားအရဆိုရင် ရာသီဥတုသာယာတဲ့အခါကျရင် သွားလို့ရတယ်။ အဲဒီအချိန်မှာ ဆရာတို့က အဲဒီနေရာတွေကိုဝင်မှာ။ အဲဒီလိုနေရာတွေကို ဆရာတို့က မြေပုံဆွဲထားလိုက်တယ်။ ဘယ်နေရာမှာ ဘယ်အချိန်မှာ ဝင်ရမယ်စတာတွေ မှတ်လိုက်တယ်။ အဲဒီနေရာတွေမှာ တာဝန်ကျတဲ့ ဆရာမက တစ်ယောက်တည်း ဖြစ်လိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုနေရာကို ဝင်လို့ရတဲ့အချိန်မှာ တာဝန်ကျတဲ့ တစ်ယောက်တည်းတင်မဟုတ်ဘဲ ကျန်းမာရေးဝန်ထမ်းတွေ အပြံုလိုက်ဝင်မယ်။ ဥပမာ အရင်ကရှိတဲ့ ဆရာမတစ်ယောက်နဲ့အတူ ဝန်ထမ်း (၅) ယောက်လောက် တစ်ခါတည်းသွားမယ်။ အရင်တုန်းက တစ်ယောက်အားနဲ့လုပ်တယ်။ အဲဒီလိုုအချိန်မှာ ငါးယောက်အားနဲ့ အလုပ်လုပ်မယ်။ တစ်ခြားနေရာတွေမှာ ပုံမှန်အလုပ်လုပ်နေတဲ့သူတွေက သူတို့အလုပ်ပြီးအောင် လုပ်ထားမယ်။ သူတို့အားလပ်ရက်တွေကို စုပြီး လိုအပ်တဲ့နေရာတွေ စုဝင်လိုက်မယ်။

 ဒါပေမဲ့ အဲဒီလို ပွင့်လင်းတဲ့အချိန်ကျရင် ဘာတစ်ခုထပ်ဖြစ်လဲဆိုတော့ ပွင့်လင်းရာသီမှာ ဒေသခံတွေ အကုန်လုံးက တောင်ယာထဲ ရောက်သွားနေပြီ။ ရွာတွေမှာ မရှိတော့ပြန်ဘူး။ အဲဒီလိုကျတော့ လုပ်ရတာခက်ပြန်ရော။ ကာကွယ်ဆေးထိုးတာတွေရော ကျန်းမာရေးစောင့်ရှောက်မှု ပေးတာတွေရော အဲဒါတွေက ခက်သွားပြန် ပါတယ်။

နောက်ဗျူဟာတစ်ခုအနေနဲ့ အဲဒီလိုခက်ခဲတဲ့ဒေသတွေမှာ လေးတန်းအောင်တယ်၊ ငါးတန်းအောင်တယ်ဆိုတဲ့ စာတတ်တဲ့ ဒေသခံအမျိုးသမီးတွေရှိတယ်။ အဲဒီရွာတွေမှာ အမြဲတမ်းနေမယ့်သူတွေကို ဆရာတို့အနေနဲ့ အရံ သားဖွားသင်တန်းတွေ ပေးတယ်။ အခုလက်ရှိ ဒီမြို့နယ်မှာ အရံသားဖွားသင်တန်း Volunteer ပေါ့။ (၁၁၉) ယောက်ရှိတယ်။ နယ်မြေအနေအထားအရဆိုရင် Volunteer တွေ ပိုထွက်ဖို့လိုမယ်။

ဒါပေမဲ့ အဲဒီနေရာတွေက တိုင်းရင်းသားညီအစ်ကို အဖွဲ့အစည်းတွေဆီမှာ သူတို့ဘာသာသူတို့ Training လုပ်ထားတဲ့သူတွေရှိတယ်။

ဆက်လက်ဖေါ်ပြပါမည်။

တွေ့ဆုံမေးမြန်းသူ - ချယ်ရီထိုက်၊ နေဖြိုးမြင့်
ဓါတ်ပုံ #AxSai

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~