တာချီလိတ်မြို့နယ်ရှိ ပြည်သူ့စစ်အဖွဲ့ဝင် (၂၅၀)ကျော်အား မူးယစ်ရဲတပ်ဖွဲ့က အသိပညာပေး

တာချီလိတ်မြို့နယ်ရှိ ပြည်သူ့စစ်အဖွဲ့ဝင် (၂၅၀)ကျော်အား မူးယစ်ရဲတပ်ဖွဲ့က အသိပညာပေး
ဇနျနဝါရီ 3, 2018
By Tachileik News Agency


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့စုမှူး ရဲမှူး စိုးနိုင်က မူးယစ်ဆေးဝါး အန္တရာယ် ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း နှင့် သုံးစွဲခြင်းများကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးရလဒ်များအား သိရှိနိုင်ရန်အတွက် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များအား အသိပညာပေး ဆွေးနွေးဟောပြောကာ တပ်ဖွဲ့ဝင်များက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေးပွဲအား တာချီလိတ်မြို့ အမှတ်(၃၅၉)ခြေမြန်တပ်ရင်းရှိ အစည်းအဝေးခန်းမတွင် ၂၀၁၈ခုနှစ် ဇန်န၀ါရီလ(၃)ရက်နေ့ နေ့လယ်(၁)နာရီက ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဟောပြောပွဲသို့ စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ အမှတ်(၃၅၉)ခြေမြန်တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးအောင်သူရ နှင့် အရာရှိ/အကြပ်စစ်သည်များ စုစုပေါင်း (၁၂)ဦး နှင့် တာချီလိတ်မြို့နယ်မှ ပြည်သူ့စစ်အဖွဲ့ဝင် (၂၅၆)ဦး စုစုပေါင်း (၂၆၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့ရှိ ပြည်သူ့စစ်အဖွဲ့ဝင် (၂၅၀)ကျော်အား မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း နှင့် သုံးစွဲခြင်း ဆိုင်ရာများကို အသိပညာပေးဟောပြောကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့စုမှူး ရဲမှူး စိုးနိုင်က မူးယစ်ဆေးဝါး အန္တရာယ် ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း နှင့် သုံးစွဲခြင်းများကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးရလဒ်များအား သိရှိနိုင်ရန်အတွက် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များအား အသိပညာပေး ဆွေးနွေးဟောပြောကာ တပ်ဖွဲ့ဝင်များက လက်ကမ်းစာစောင်များ ဖြနေ့်ဝပေးခဲ့ကြောင်း သိရသည်။

ယင်းအတူ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအဖွဲ့စိတ်(၁)တာချီလိတ်မှ ရဲအုပ်လှဘုန်းမှလည်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးပွဲအား တာချီလိတ်မြို့ အမှတ်(၃၅၉)ခြမြေန်တပ်ရင်းရှိ အစည်းအေဝးခန်းမတွင် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၃)ရက်နေ့ နေ့လယ်(၁)နာရီက ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဟောပြောပွဲသို့ စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ အမှတ်(၃၅၉)ခြမြေန်တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးအောင်သူရ နှင့် အရာရှိ/အကြပ်စစ်သည်များ စုစုပေါင်း (၁၂)ဦး နှင့် တာချီလိတ်မြို့နယ်မှ ပြည်သူ့စစ်အဖွဲ့ဝင် (၂၅၆)ဦး စုစုပေါင်း (၂၆၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~