ညောင်ရွှေတွင် စည်းကမ်းမလိုက်နာသည့် ဆိုင်ခန်း(၆)ခန်းအား ဒဏ်ငွေနှင့် ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းထား
ညောင်ရွှေတွင် စည်းကမ်းမလိုက်နာသည့် ဆိုင်ခန်း(၆)ခန်းအား ဒဏ်ငွေနှင့် ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းထား
ဇနျနဝါရီ 27, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်း အတွင်းရှိ စားသောက်ဆိုင်ခန်း (၆)ခန်းမှာ စည်းကမ်းလိုက်နာခြင်း မရှိသဖြင့် ဇန်နဝါရီလ (၂၆)ရက်နေ့တွင် ဆိုင်ခန်းတစ်ခန်းလျှင် ဒဏ်ကြေး ကျပ်တစ်သောင်းစီနှင့်အတူ ဝန်ခံကတိ လက်မှတ်ရေးထိုးစေခဲ့ကြောင်း ညောင်ရွှေမြို့နယ် စည်ပင်သာရေး ကော်မတီထံမှ သိရသည်။
သတင်း - နိုနို
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှမြေို့ လွတ်လပ်ရေးကျောက်တိုင်ကွင်း အတွင်းရှိ စားသောက်ဆိုင်ခန်း (၆)ခန်းမှာ စည်းကမ်းလိုက်နာခြင်း မရှိသဖြင့် ဇန်နဝါရီလ (၂၆)ရက်နေ့တွင် ဆိုင်ခန်းတစ်ခန်းလျှင် ဒဏ်ကြေး ကျပ်တစ်သောင်းစီနှင့်အတူ ဝန်ခံကတိ လက်မှတ်ရေးထိုးစေခဲ့ကြောင်း ညောင်ရွှမြေို့နယ်စည်ပင်သာရေးကော်မတီထံမှ သိရသည်။
"ညဈေးမှာက ဈေးသည်တွေကို အမှိုက်ပစ်ရင် စည်းကမ်းစနစ်တကျစွန့်ဖို့ရယ်၊ ဆိုင်သိမ်းရင်လည်း စနစ်တကျ သိမ်းဆည်းသွားဖို့ စည်းကမ်းချက်မှာပါပြီးသားပါ။ အခုဖြစ်နေတာက ဆိုင်ခန်းရှင်အချို့က စည်းကမ်း လိုက်နာမှု မရှိတာကိုတွေ့ရတယ်။ အမှိုက်တွေရော၊ ခေါက်ဆွဲဖတ်တွေရော၊ မြောင်းတွေမှာ စည်းမဲကမ်းမဲ့ပစ်ထားတာတွေတွေ့ရတယ်။ ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ ဆိုင်ခန်းရှင်တွေခေါ်ယူပြီး အစည်းအေဝးလုပ်ရခြင်းဖြစ်ပါတယ်။ ဒီနေ့ခေါ်ယူစစ်ဆေးတဲ့ အခါမှာ စည်းကမ်းမဲ့ဖောက်ဖျက်နေတဲ့ဆိုင် ၆ ဆိုင်ကို ဒဏ်ငွေ (၁သောင်း)စီ ပေးဆောင်ခိုင်းပါတယ်။ နောက်ထပ်လည်း စည်းကမ်း မဖောက်ဖျက်အောင် ဝန်ခံ လက်မှတ်တွေ ရေးထိုးခိုင်းထားပါတယ်”ဟု ညောင်ရွှမြေို့နယ်စည်ပင်သာယာရေးဌာန အင်ဂျင်နီယာမှူး ဦးကျော်သူရဆွေက တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။
အဆိုပါ ညဈေးတန်းတွင် အစားအသောက်ဆိုင်ခန်း(၂၁) ခန်းနှင့် အမှတ်တရ ပစ္စည်းဆိုင်(၂၁)ဆိုင် ဖွင့်လှစ် ထားကြောင်း သိရသည်။
"ညဈေးကလည်း အချိန်တိုတိုလေးအတွင်းမှာ လုပ်လိုက်ရတဲ့အတွက်ကြောင့် စည်းကမ်းပိုင်းတွေကို သေချာ မလုပ်လိုက်ရဘူး။ အခုဒီနှစ်မှာတော့ ခရီးသွားလုပ်ငန်းလည်း ပိုပြီးတိုးတက်အောင်လို့ ဈေးသူဈေး သားတွေလည်း စည်းကမ်းတကျ ရောင်းချနိုင်ဖို့အတွက်နဲ့ အစားအသောက်တွေလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင်လို့ ကော်မတီကနေ စည်းကမ်းပိုင်းကို ဦးစားပေး ဆောင်ရွက်သွားမှာပါ”ဟု ညောင်ရွှမြေို့နယ်စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာမှူး ဦးကျော်သူရဆွေက ပြောသည်။
အဆိုပါနေရာတွင် နိုင်ငံခြားသားခရီးသွားများ လည်ပတ်လေ့ ရှိသည့် နေရာလည်းဖြစ်ပြီး ကလေးများ ကစားနိုင်ရန်၊ ပြည်သူများ အပန်းဖြေနိင်နေရာများနှင့်အတူ ညဈေးတန်းဆိုင်ခင်းများ ဆောက်လုပ် ထားခြင်းဖြစ်သည်။
သတင်း - နိုနို
ဓာတ်ပုံ - ညောင်ရွှေ စည်ပင်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~