တာခ်ီလိတ္ၿမိဳ႕မဇၥ်ိမလူမႈကူညီေရးအသင္းမွ အသင္းဖြဲ႔စည္းျခင္း (၅)ႏွစ္ျပည့္ အထိမ္းအမွတ္ အခမ္းအနားျပဳလုပ္ကာ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားေပးအပ္

တာခ်ီလိတ္ၿမိဳ႕မဇၥ်ိမလူမႈကူညီေရးအသင္းမွ အသင္းဖြဲ႔စည္းျခင္း (၅)ႏွစ္ျပည့္ အထိမ္းအမွတ္ အခမ္းအနားျပဳလုပ္ကာ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားေပးအပ္
ဇန်နဝါရီ 14, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ရွိ မဇၥ်ိမလူမႈကူညီေရးအသင္းမွ အသင္းဖြဲ႔စည္းျခင္း (၅)ႏွစ္ျပည့္ ႏွစ္ပတ္လည္ ဂုဏ္ျပဳညစာ စားပြဲအခမ္းအနားအား က်င္းပျပဳလုပ္ၿပီး အသင္းအတြက္ ဘတ္(၄)သိန္းေက်ာ္တန္ နိဗၺာန္ယာဥ္ တစ္စီးအတြက္ စုေပါင္းလွဴဒါန္းေပးသည့္ အလွဴရွင္မ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ ခ်ီးျမႇင့္ေၾကာင္း သိရသည္။

အဆိုပါ  ဂုဏ္ျပဳညစာ စားပြဲအခမ္းအနားအား  ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၁၄)ရက္ေန႔ ည(၆)နာရီေက်ာ္က တာခ်ီလိတ္ရွိ Happy စားေသာက္ဆိုင္တြင္ က်င္းပျပဳလုပ္ျခင္း ျဖစ္သည္။

အခမ္းအနားတြင္ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက အဖြင့္အမွာစကား ေျပာၾကားေပးၿပီး မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ပရဟိတလုပ္ငန္းဆိုင္ရာမ်ားကို ရွင္းလင္းေျပာၾကားၿပီး ေက်းဇူးတင္စကားေျပာၾကားသည္။

ယင္းေနာက္ ၿမိဳ႕မိၿမိဳ႕ဖ ဦးၾကည္ျမင့္မွ အလွဴရွင္မ်ားကိုယ္စား ၀မ္းေျမာက္စကားႏွင့္အတူ လူမႈေရး အသင္းအဖြဲ႔မ်ားအတြက္ အႀကံျပဳအမွာစကားေျပာၾကားသည္။

ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားေပးအပ္ခ်ီးျမႇင့္ရာတြင္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ မဇၥ်ိမလူမႈကူညီေရးအသင္း၏ နာယကမ်ားျဖစ္သည့္  ဦးေဌး၀င္း ႏွင့္ ဦးေဇာ္ျမင့္၊ ဥကၠဌ ျဖစ္သူ ဦးတင့္ေဆြတို႔က ထိုင္းဘတ္ေငြ(၄)သိန္းေက်ာ္တန္ နိဗၺာန္ယာဥ္တစ္စီးအတြက္ စုေပါင္း လွဴဒါန္းေပးသည့္ အလွဴရွင္မ်ား ႏွင့္ လစဥ္ လွဴဒါန္းေပးေသာ အလွဴရွင္မ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

အဆိုပါ အခမ္းအနားသို႔ ဖိတ္ၾကားထားသည့္ လူမႈေရးအသင္းအဖြဲ႔မ်ားႏွင့္ မဇၥ်ိမလူမႈကူညီေရးအသင္း(မိုင္းဆတ္) အပါအ၀င္ အလွဴရွင္မ်ား တက္ေရာက္ခဲ့ၾကသည္။

သတင္း/ဓါတ္ပံု - ေဇာင္းညီ



 


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်းမှ အသင်းဖွဲ့စည်းခြင်း (၅)နှစ်ပြည့် နှစ်ပတ်လည် ဂုဏ်ပြုညစာ စားပွဲအခမ်းအနားအား ကျင်းပပြုလုပ်ပြီး အသင်းအတွက် ဘတ်(၄)သိန်းကျော်တန် နိဗ္ဗာန်ယာဉ် တစ်စီးအတွက် စုပေါင်းလှူဒါန်းပေးသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုညစာ စားပွဲအခမ်းအနားအား ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့ ည(၆)နာရီကျော်က တာချီလိတ်ရှိ Happy စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

အခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အဖွင့်အမှာစကား ပြောကြားပေးပြီး မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပရဟိတလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် မြို့မိမြို့ဖ ဦးကြည်မြင့်မှ အလှူရှင်များကိုယ်စား ဝမ်းမြောက်စကားနှင့်အတူ လူမှုရေး အသင်းအဖွဲ့များအတွက် အကြံပြုအမှာစကားပြောကြားသည်။

ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မဇ္ဈိမလူမှုကူညီရေးအသင်း၏ နာယကများဖြစ်သည့် ဦးဌေးဝင်း နှင့် ဦးဇော်မြင့်၊ ဥက္ကဌ ဖြစ်သူ ဦးတင့်ဆွေတို့က ထိုင်းဘတ်ငွေ(၄)သိန်းကျော်တန် နိဗ္ဗာန်ယာဉ်တစ်စီးအတွက် စုပေါင်း လှူဒါန်းပေးသည့် အလှူရှင်များ နှင့် လစဉ် လှူဒါန်းပေးသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသည့် လူမှုရေးအသင်းအဖွဲ့များနှင့် မဇ္ဈိမလူမှုကူညီရေးအသင်း(မိုင်းဆတ်) အပါအဝင် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~