မိုင်းဖုန်းဆရာတော်၏ သက်တော်(၅၅)နှစ်ပြည့် ၀ိဇာတမွေးနေ့ပွဲသို့ လာရောက်သူ များပြား
မိုင်းဖုန်းဆရာတော်၏ သက်တော်(၅၅)နှစ်ပြည့် ၀ိဇာတမွေးနေ့ပွဲသို့ လာရောက်သူ များပြား
ဇနျနဝါရီ 4, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ပါဆာကျေးရွာရှိ(မိုင်းဖုန်းဆရာတော် ကျောင်းတိုက်) လွယ်လိန်းစေတီကမ္မဋ္ဌာန်းကျောင်းတိုက်တွင် မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဥာဏသံဝရ၏ သက်တော်(၅၅)နှစ်ပြည့် ၀ိဇာတမွေးနေ့ပွဲအား ၂၀၁၈ခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့က စတင်၍ ကျင်းပပြုလုပ်နေလျက်ရှိရာ ဇန်န၀ါရီလ(၄)ရက်နေ့တွင် ရပ်နီးရပ်ဝေးမှ လာရောက်သူများဖြင့် စည်းကားသိုက်မြိုက်နေလျက်ရှိကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ပါဆာကျေးရွာရှိ(မိုင်းဖုန်းဆရာတော် ကျောင်းတိုက်) လွယ်လိန်းစေတီကမ္မဋ္ဌာန်းကျောင်းတိုက်တွင် မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရ၏ သက်တော်(၅၅)နှစ်ပြည့် ၀ိဇာတမွေးနေ့ပွဲအား ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့က စတင်၍ ကျင်းပပြုလုပ်နေလျက်ရှိရာ ဇန်နဝါရီလ(၄)ရက်နေ့တွင် ရပ်နီးရပ်ဝေးမှ လာရောက်သူများဖြင့် စည်းကားသိုက်မြိုက်နေလျက်ရှိကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်၏ သက်တော်(၅၅)နှစ်ပြည့်  ၀ိဇာတမွေးနေ့ပွဲအား ဇန်နဝါရီလ(၁)ရက်နေ့က စတင်ကျင်းပပြုလုပ်လာရာ ဇန်နဝါရီလ(၅)ရက်နေ့တွင်  ၀ိဇာတမွေးနေ့ပွဲပြီးမြောက်မည်ဖြစ်ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်၏  ၀ိဇာတမွေးနေ့ပွဲသို့ ရပ်နီးရပ်ဝေးမှ ရောက်ရှိလာသည့် ဘုရားဖူးအဖွဲ့များအား စေတနာရှင်အလှူရှင်များက မဏ္ဍပ်များထိုး၍ စတုဒိတာများဖြင့် ပေးဝေလှူဒါန်းမှုများ ပြုလုပ်ကြောင်း သိရသည်။
 ၀ိဇာတမွေးနေ့ပွဲ (၅)ရက်တိုင်တိုင် သတ်မှတ်ရက် ကာလအတွင်း ကျောင်းတိုက် ဧရိယာအတွင်း အပါအဝင် အနီးအနား ကျေးရွာများအထိ စျေးရောင်းချခွင့်ရှိမည် မဟုတ်ဘဲ စျေးရောင်းလိုသူများအတွက် ၀မ်ပုံကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(၀မ်ပုံ)အတွင်း၌သာ ရောင်းချနိုင်ရန် စီစဉ်ထားရှိကြောင်း ၀ိဇာတမွေးနေ့ပွဲ ဖြစ်မြောက်ရေး ကော်မတီထံက သိရသည်။ 
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~