ဧရာဝတီတုိင္းေဒသႀကီးအစိုးရအဖြဲ႔ ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးတစ္ဦးတို႔ ရာထူးမွ ႏႈတ္ထြက္

ဧရာဝတီတုိင္းေဒသႀကီးအစိုးရအဖြဲ႔ ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးတစ္ဦးတို႔ ရာထူးမွ ႏႈတ္ထြက္
ဇန်နဝါရီ 10, 2018
By Tachileik News Agency

ဧရာဝတီတုိင္းေဒသႀကီးအစိုးရအဖြဲ႔ တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ မန္းေဂ်ာ္နီႏွင့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သယံဇာတ ႏွင့္ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန ဝန္ႀကီး ဦးဘဟိန္းတို႔အား  ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၉)ရက္ေန႔တြင္ ယင္းတို႔၏ ဆႏၵသေဘာထားအေလ်ာက္ ရာထူးမွ ႏႈတ္ထြက္ခြင့္ ျပဳလုိက္ေၾကာင္း သိရသည္။

ဧရာဝတီတိုင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္ မန္းေဂ်ာ္နီကို ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပံု အေျခခံဥပေဒပုဒ္မ ၂၆၄၊ ပုဒ္မခြဲ (က) ႏွင့္ တုိင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အစိုးရအဖြဲ႔ဥပေဒပုဒ္မ ၅၂၊ ပုဒ္မခြဲ (က) တို႔ပါ ျပ႒ာန္းခ်က္မ်ားအရ ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႔၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သယံဇာတ ႏွင့္ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန ဝန္ႀကီး ဦးဘဟိန္းကို ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပံုအေျခခံဥပေဒပုဒ္မ ၂၆၄၊ ပုဒ္မခြဲ (က) ႏွင့္ တုိင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အစိုးရအဖြဲ႔ဥပေဒပုဒ္မ ၅၂၊ ပုဒ္မခြဲ (ခ) တို႔ပါ ျပ႒ာန္းခ်က္မ်ားအရလည္းေကာင္း ယင္းတို႔၏ ရာထူးမ်ားမွ ႏႈတ္ထြက္ခြင့္ျပဳလိုက္ေၾကာင္း ႏိုင္ငံေတာ္သမၼတရံုးက အမိန္႔အမွတ္၊ ၁/၂၀၁၈၊ အမိန္႔အမွတ္၊ ၂/၂၀၁၈တို႔ျဖင့္ ထုတ္ျပန္ေၾကညာလိုက္ျခင္းျဖစ္သည္။

ဓါတ္ပံု - မန္းေဂ်ာ္နီ




~~~~~~~~⊰❂ unicode ~~~~~~~~

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးဘဟိန်းတို့အား ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့တွင် ယင်းတို့၏ ဆန္ဒသဘောထားအလျောက် ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များအရ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးဘဟိန်းကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (ခ) တို့ပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း ယင်းတို့၏ ရာထူးများမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ်၊ ၁/၂၀၁၈၊ အမိန့်အမှတ်၊ ၂/၂၀၁၈တို့ဖြင့် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~