မင္းလွၿမိဳ႕နယ္အတြင္းရိွ ေတာင္ေပၚေဒသမ်ားျဖစ္ေသာ အထက္တပူေက်းရြာ၊ ဆင္ေတာင္ေက်းရြာ၊ နတ္ေတာင္ေက်းရြာဝန္းက်င္တို႔တြင္ ဘိန္းခင္းမ်ားရွာေဖြမႈမ်ား လုပ္ေဆာင္ခဲ့ၿပီး နယ္ေျမထိစပ္ရခိုင္ျပည္နယ္ဘက္မွ ဘဂၤါလီလူမ်ိဳးမ်ား ခိုးဝင္လာမႈသတင္းရရိွပါက သက္ဆိုင္ရာမ်ားသို႔ အခ်ိန္ႏွင္႔တစ္ေျပးညီ သတင္းေပးပို႔ႏိုင္ေရးတို႔အတြက္ ပညာေပးေဟာေျပာခဲ႔ၾကေၾကာင္း သိရသည္။
မင္းလွၿမိဳ႕နယ္ ရဲတပ္ဖဲြ႔မွဴး ရဲမွဴးထင္ေအာင္လင္းဦးစီးသည့္ စစ္ေၾကာင္းႏွင့္အတူလိုက္ပါလာသည့္ က်န္းမာေရးဌာနမွ ႀကီးၾကပ္(၂)ဦးရဲေသြးကလည္း ေဒသခံမ်ားအား က်န္းမာေရးစစ္ေဆးစမ္းသပ္မႈမ်ား ျပဳလုပ္၍ လိုအပ္သည္႔ေဆးဝါးမ်ားကို အခမဲ႔ေပးေဝခဲ႔ေၾကာင္း သိရသည္။
မေကြးၿမိဳ႕နယ္အတြင္း စစ္ေၾကာင္းမ်ားျဖင့္ ဘိန္းခင္းဖ်က္ဆီးျခင္းႏွင့္ ပညာေပးေဟာေျပာမႈမ်ား ျပဳလုပ္ႏုိင္ျခင္းေၾကာင့္ ေဒသတြင္း ဘိန္းစိုက္ပ်ိဳးမႈေလ်ာ့နည္းသည္ဟု ရဲမွဴးထင္ေအာင္လင္းက ေျပာသည္။
မေကြးတိုင္းေဒသႀကီးႏွင့္ နယ္နမိတ္ထိစပ္ေနသည့္ ရခုိင္ျပည္နယ္ဘက္မွတစ္ဆင့္ ဘဂၤါလီမ်ား ခိုးဝင္မႈအား မေကြးတုိင္းအတြင္း ဖမ္းဆီးရမိေလ့ရိွသျဖင့္ ယင္းကဲ့သို႔ ပညာေပးမႈမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း #ဖီးနစ္
*********
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများတွင် ဘင်္ဂါလီများ ခိုးဝင်လာသည်ကို တွေ့ပါက သတင်းပို့ရန်နှင့် တောင်ပေါ်ဒေသများတွင် ဘိန်းခင်းစိုက်ပျိုးမှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့် တပ်မတော် ပူးပေါင်းစစ်ကြောင်းဖြင့် ဇန်နဝါရီလ (၂၅)ရက်နေ့မှစ၍ လုပ်ဆောင်နေကြောင်း သိရသည်။
မင်းလှမြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသများဖြစ်သော အထက်တပူကျေးရွာ၊ ဆင်တောင်ကျေးရွာ၊ နတ်တောင်ကျေးရွာဝန်းကျင်တို့တွင် ဘိန်းခင်းများရှာဖွေမှုများ လုပ်ဆောင်ခဲ့ပြီး နယ်မြေထိစပ်ရခိုင်ပြည်နယ်ဘက်မှ ဘင်္ဂါလီလူမျိုးများ ခိုးဝင်လာမှုသတင်းရရှိပါက သက်ဆိုင်ရာများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့နိုင်ရေးတို့အတွက် ပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းဦးစီးသည့် စစ်ကြောင်းနှင့်အတူလိုက်ပါလာသည့် ကျန်းမာရေးဌာနမှ ကြီးကြပ်(၂)ဦးရဲသွေးကလည်း ဒေသခံများအား ကျန်းမာရေးစစ်ဆေးစမ်းသပ်မှုများ ပြုလုပ်၍ လိုအပ်သည့်ဆေးဝါးများကို အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။
မကွေးမြို့နယ်အတွင်း စစ်ကြောင်းများဖြင့် ဘိန်းခင်းဖျက်ဆီးခြင်းနှင့် ပညာပေးဟောပြောမှုများ ပြုလုပ်နိုင်ခြင်းကြောင့် ဒေသတွင်း ဘိန်းစိုက်ပျိုးမှုလျော့နည်းသည်ဟု ရဲမှူးထင်အောင်လင်းက ပြောသည်။
မကွေးတိုင်းဒေသကြီးနှင့် နယ်နမိတ်ထိစပ်နေသည့် ရခိုင်ပြည်နယ်ဘက်မှတစ်ဆင့် ဘင်္ဂါလီများ ခိုးဝင်မှုအား မကွေးတိုင်းအတွင်း ဖမ်းဆီးရမိလေ့ရှိသဖြင့် ယင်းကဲ့သို့ ပညာပေးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း #ဖီးနစ်