ရှမ်းပြည်နယ် မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲတွင် မဏ္ဍိုင်သုံးရပ်ထံမှ သတင်းရယူခွင့်ဆိုင်ရာများနှင့် လောင်းကစားကိစ္စများ အဓိကဆွေးနွေးမည်

ရှမ်းပြည်နယ် မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲတွင် မဏ္ဍိုင်သုံးရပ်ထံမှ သတင်းရယူခွင့်ဆိုင်ရာများနှင့် လောင်းကစားကိစ္စများ အဓိကဆွေးနွေးမည်
ဇနျနဝါရီ 28, 2018
By Tachileik News Agency


ရှမ်းပြည်နယ်မှ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နှင့် သတင်းမီဒီယာမဏ္ဍိုင်တို့ တွေ့ဆုံပွဲကို ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၂၉)ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ရှမ်းပြည်နယ်အတွင်းရှိ သတင်းသမားများ၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီမှ တာဝန်ရှိသူများ ဇန်နဝါရီလ (၂၈) ရက်နေ့က အကြိုညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် တစ်ဝန်းလုံးရှိ လောင်းကစားမှုများကို အုပ်ချုပ်ရေး မဏ္ဍိုင်မှ ကိုင်တွယ်ဖြေရှင်းနေမှု အပေါ် သတင်းမီဒီယာသမားများမှ အဓိကထား၍ ဆွေးနွေးသွားရန်၊ အစိုးရ အဖွဲ့များနှင့် ပတ်သက်သည့် သတင်းရယူမှုများတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် တင်ပြဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။


ဥပဒေပြုရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများတွင် လွှတ်တော်အတွင်း သတင်းရယူရန်ခက်ခဲသည့် ကိစ္စများဖြစ်သည့် ဝင်ခွင့်ကဒ် မကြာခဏ ပြုလုပ်ရခြင်း၊ လွှတ်တော်လုပ်ဆောင်မှုများကို တိုက်ရိုက်သတင်း ရယူခွင့် မရှိဘဲ ရုပ်မြင်သံကြားစက်မှ တစ်ဆင့်ပြန်လည်ရယူရာတွင် ရုပ်/သံ မကြည်လင်ခြင်းတို့ကို တင်ပြ ဆွေးနွေးသွားမည်ဖြစ်ပြီး တရားစီရင်ရေးမဏ္ဍိုင်နှင့် ပတ်သက်၍ သတင်းရယူခွင့်အခက်အခဲများကိုလည်း တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း/ဓါတ်ပုံ #နေဖြိုးမြင့် #ဆန်းဖြိုးထွန်း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၌ ဇန်နဝါရီလ ( ၂၉ )ရက်နေ့တွင် ကျင်းပမည့် မဏ္ဍိုင်(၄)ရပ် တွေ့ဆုံ ဆွေးနွေးပွဲအတွက် မဏ္ဍိုင်လေးရပ် အကြိုဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အတွင်း လောင်းကစား ဝိုင်းများအား နှိမ်နှင်းရေးနှင့် ပတ်သက်၍ အုပ်ချုပ်ရေးဘက်မှ ဆောင်ရွက်မှုအား အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း မီဒီယာများနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲမှ သိရသည်။

ရှမ်းပြည်နယ်မှ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒပြေုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နှင့် သတင်းမီဒီယာမဏ္ဍိုင်တို့ တွေ့ဆုံပွဲကို ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၂၉)ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ရှမ်းပြည်နယ်အတွင်းရှိ သတင်းသမားများ၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီမှ တာဝန်ရှိသူများ ဇန်နဝါရီလ (၂၈) ရက်နေ့က အကြိုညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် တစ်ဝန်းလုံးရှိ လောင်းကစားမှုများကို အုပ်ချုပ်ရေး မဏ္ဍိုင်မှ ကိုင်တွယ်ဖြေရှင်းနေမှု အပေါ် သတင်းမီဒီယာသမားများမှ အဓိကထား၍ ဆွေးနွေးသွားရန်၊ အစိုးရ အဖွဲ့များနှင့် ပတ်သက်သည့် သတင်းရယူမှုများတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် တင်ပြဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

"အများဆုံးဆွေးနွေးချင်ကြတာကတော့ အုပ်ချုပ်ရေးနဲ့ပတ်သက်တာကို ဆွေးနွေးချင်ကြတယ်။ အုပ်ချုပ်ရေးနဲ့ သတင်းရယူတဲ့အခါမှာ ဘာတွေ အခက်အခဲတွေရှိတယ်။ အစိုးရအဖွဲ့တင် မကဘဲနဲ့ မြို့နယ်အဆင့်၊ ခရိုင်အဆင့်မှာရှိတဲ့ တစ်ခြားသော ဌာနဆိုင်ရာတွေမှာ သတင်းရယူဖို့ခက်ခဲတာတွေကို တင်ပြမယ်။ ဒီဟာတွေကို ဘယ်လိုဖြေရှင်းပေးနိုင်မလဲ ဆိုတာကို ဆွေးနွေးကြဖို့ ရှိပါတယ်။ လောင်းကစား ကိစ္စတွေကို အုပ်ချုပ်ရေးမဏ္ဍိုင်က ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားမလဲ ဆိုတာကို ဆွေးနွေးဖို့ တင်ပြလာတာ များတယ်” ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဦးမြင့်ကျော်က တာချီလိတ်သတင်း အေဂျင်စီ သို့ပြောသည်။

ဥပဒပြေုရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများတွင် လွှတ်တော်အတွင်း သတင်းရယူရန်ခက်ခဲသည့် ကိစ္စများဖြစ်သည့် ဝင်ခွင့်ကဒ် မကြာခဏ ပြုလုပ်ရခြင်း၊ လွှတ်တော်လုပ်ဆောင်မှုများကို တိုက်ရိုက်သတင်း ရယူခွင့် မရှိဘဲ ရုပ်မြင်သံကြားစက်မှ တစ်ဆင့်ပြန်လည်ရယူရာတွင် ရုပ်/သံ မကြည်လင်ခြင်းတို့ကို တင်ပြ ဆွေးနွေးသွားမည်ဖြစ်ပြီး တရားစီရင်ရေးမဏ္ဍိုင်နှင့် ပတ်သက်၍ သတင်းရယူခွင့်အခက်အခဲများကိုလည်း တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ(၂၉) ရက်နေ့ နေ့လည် (၁)နာရီမှစတင်၍ မဏ္ဍိုင်(၄)ရပ် တွေ့ဆုံဆွေးနွေးပွဲအား တောင်ကြီးမြို့ရှိ Royal Taungyi Hotel တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေးတို့မှ တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်အတွင်းရှိ သတင်းသမားများ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။

သတင်း/ဓာတ်ပုံ #နဖြေိုးမြင့် #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~