Update News

အႏၱရာယ္ရွိ စားေသာက္ကုန္ေရာင္းခ်သူမ်ားအား အဆင့္(၃)ဆင့္ျဖင့္ မေကြးတိုင္းေဒသႀကီးအတြင္း အေရးယူမည္


မေကြးတိုင္းေဒသႀကီး၏ အစားအေသာက္ႏွင္႔ေဆး၀ါးႀကီးၾကပ္ကြပ္ကဲေရးေကာ္မတီမွ အႏၱရာယ္႐ွိ စားေသာက္ကုန္ ေရာင္းခ်သူမ်ားအား အဆင့္(၃)ဆင့္ သတ္မွတ္၍ တစ္ဆင့္ခ်င္း အေရးယူသြားမည္ျဖစ္ ေၾကာင္း သိရသည္။

ပထမအႀကိမ္ စစ္ေဆးေတြ႔ရိွပါက ျပင္းထန္စြာ သတိေပး၍ ပစၥည္းသိမ္းျခင္း၊ ဖ်က္ဆီးျခင္းတို႔ ျပဳ လုပ္မည္ျဖစ္ကာ ဒုတိယအႀကိမ္ဆိုပါက FDA မွ ထုတ္ေပးထားသည္႔လိုင္စင္၊ စည္ပင္လိုင္စင္ႏွင္႔ စက္ မႈ ႀကီးၾကပ္လိုင္စင္မ်ားအား ႐ုပ္သိမ္းသြားမည္ျဖစ္ၿပီး တတိယအႀကိမ္ဆိုလွ်င္ တရားဥပေဒအရ ဆက္လက္ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ရက္ဘစ္တက္စကစ္လို႔ေခၚတဲ႔ စစ္ေဆးတဲ့ ကိရိယာေတြနဲ႔ အဓိက ပဲျပားတို႔ ၊ မုန္႔ဖတ္တို႔မွာ ေဖာ္မ လင္ေတြပါမပါ စစ္မယ္။ လတ္တေလာ ဒိတ္လြန္ စားေသာက္ကုန္ေတြကို အဓိကထိန္းခ်ဳပ္ႏိုင္ဖို႔ လုပ္ ေဆာင္ေနပါတယ္။  ေစ်းကြက္ထဲကေန Expire Date ျဖစ္ေနတဲ႔ မုန္႔ေတြနဲ႔ အျခားကုန္ပစၥည္းေတြ ေပ်ာက္သြားဖို႔ ရည္ရြယ္လုပ္ေဆာင္ေနပါတယ္"ဟု အစားအေသာက္ ႏွင္႔ ေဆး၀ါးႀကီးၾကပ္ကြပ္ကဲေရး ေကာ္မတီ အတြင္းေရးမွဴး ေဒါက္တာျပည့္ထူး က ေျပာသည္။

ဆိုးေဆးႏွင့္ ပတ္သက္၍လည္း ခြင့္ျပဳခ်က္႐ွိေသာ ဆိုးေဆးပင္ျဖစ္လင့္ကစား တရားလြန္ သံုးစဲြထား ျခင္း ရိွ၊ မရိွ ေရွာင္တခင္ စစ္ေဆး၍ ထိန္းခ်ဳပ္ေဆာင္ရြက္သြားမည္ျဖစ္ၿပီး သံုးစြဲခြင့္ ျပဳမထားသည့္ဆိုးေဆး မ်ား သံုးစဲြပါက  ထိထိေရာက္ေရာက္ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

စီမံကိန္း၊ ဘ႑ာေရးႏွင္႔စည္ပင္သာယာေရး၀န္ႀကီး မွ ဥကၠဌအျဖစ္ တာ၀န္ယူထားေသာ မေကြး တိုင္းေဒသႀကီး စားသံုးသူအျငင္းပြားမႈေျဖ႐ွင္းေရးအဖြဲ႔ ႏွင္႔ တိုင္းက်န္းမာေရးဦးစီးဌာန ေဒါက္တာထြန္း ေအာင္ၾကည္  ဥကၠဌအျဖစ္ တာ၀န္ယူထားေသာ အစားအေသာက္ႏွင္႔ေဆး၀ါးႀကီးၾကပ္ကြပ္ကဲေရးေကာ္မ တီတို႔က ျပည္သူမ်ား၏ စားေသာက္ကုန္ေဘးကင္းလံုျခံဳေရး အတြက္ က႑အလိုက္ တာ၀န္ယူ ေဆာင္ ႐ြက္လ်က္႐ွိေၾကာင္း သိရသည္။

သတင္း - ဖီးနစ္






~~~~~~~~⊰❂ unicode ~~~~~~~~


မကွေးတိုင်းဒေသကြီး၏ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ အန္တရာယ်ရှိ စားသောက်ကုန် ရောင်းချသူများအား အဆင့်(၃)ဆင့် သတ်မှတ်၍ တစ်ဆင့်ချင်း အရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။

ပထမအကြိမ် စစ်ဆေးတွေ့ရှိပါက ပြင်းထန်စွာ သတိပေး၍ ပစ္စည်းသိမ်းခြင်း၊ ဖျက်ဆီးခြင်းတို့ ပြု လုပ်မည်ဖြစ်ကာ ဒုတိယအကြိမ်ဆိုပါက FDA မှ ထုတ်ပေးထားသည့်လိုင်စင်၊ စည်ပင်လိုင်စင်နှင့် စက် မှု ကြီးကြပ်လိုင်စင်များအား ရုပ်သိမ်းသွားမည်ဖြစ်ပြီး တတိယအကြိမ်ဆိုလျှင် တရားဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရက်ဘစ်တက်စကစ်လို့ခေါ်တဲ့ စစ်ဆေးတဲ့ ကိရိယာတွေနဲ့ အဓိက ပဲပြားတို့၊ မုန့်ဖတ်တို့မှာ ဖော်မ လင်တွေပါမပါ စစ်မယ်။ လတ်တလော ဒိတ်လွန် စားသောက်ကုန်တွေကို အဓိကထိန်းချုပ်နိုင်ဖို့ လုပ် ဆောင်နေပါတယ်။ ဈေးကွက်ထဲကနေ Expire Date ဖြစ်နေတဲ့ မုန့်တွေနဲ့ အခြားကုန်ပစ္စည်းတွေ ပျောက်သွားဖို့ ရည်ရွယ်လုပ်ဆောင်နေပါတယ်"ဟု အစားအသောက် နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာပြည့်ထူး က ပြောသည်။

ဆိုးဆေးနှင့် ပတ်သက်၍လည်း ခွင့်ပြုချက်ရှိသော ဆိုးဆေးပင်ဖြစ်လင့်ကစား တရားလွန် သုံးစွဲထား ခြင်း ရှိ၊ မရှိ ရှောင်တခင် စစ်ဆေး၍ ထိန်းချုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲခွင့် ပြုမထားသည့်ဆိုးဆေး များ သုံးစွဲပါက ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး မှ ဥက္ကဌအဖြစ် တာဝန်ယူထားသော မကွေး တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ နှင့် တိုင်းကျန်းမာရေးဦးစီးဌာန ဒေါက်တာထွန်း အောင်ကြည် ဥက္ကဌအဖြစ် တာဝန်ယူထားသော အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မ တီတို့က ပြည်သူများ၏ စားသောက်ကုန်ဘေးကင်းလုံခြုံရေး အတွက် ကဏ္ဍအလိုက် တာဝန်ယူ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::