ကေလာၿမိဳ႕တြင္ ခရီးသည္တင္မွန္လံုယာဥ္မ်ားျဖင့္ သယ္လာသည့္ စိတ္ၾကြရူးသြပ္ေဆးျပား တစ္သိန္းေက်ာ္အား ဖမ္းဆီးရမိ

ကေလာၿမိဳ႕တြင္ ခရီးသည္တင္မွန္လံုယာဥ္မ်ားျဖင့္ သယ္လာသည့္ စိတ္ၾကြရူးသြပ္ေဆးျပား တစ္သိန္းေက်ာ္အား ဖမ္းဆီးရမိ
ဒီဇင်ဘာ 17, 2017
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကေလာၿမိဳ႕အထြက္ ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ဒီဇင္ဘာလ (၁၆)ရက္ေန႔က ခရီးသည္တင္မွန္လုံေမာ္ေတာ္ယာဥ္မ်ားျဖင့္ လုိက္ပါလာသည့္ ခရီးသည္ႏွစ္ဦးထံမွ စိတ္ၾကြရူးသြပ္ေဆးျပား (၁၁၀၀၀၀) ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု (၂၅)ေတာင္ႀကီး မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ဒီဇင္ဘာလ (၁၆) ရက္ေန႔ ည (၁၁)နာရီခန္႔တြင္ ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ခရီးသည္တင္ေမာ္ေတာ္ယာဥ္အား ရွာေဖြရာ ခရီးသည္ ေအာင္ခင္(ခ)ေအာင္ေက်ာ္၏ စကၠဴဂ်ပ္ဖာပုံးအတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား တစ္သိန္းအား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေန႔မွာပင္ ည (၁၁)နာရီခြဲခန္႔တြင္ ရွာေဖြသည့္ ခရီးသည္တင္ေမာ္ေတာ္ယာဥ္မွ ခရီးသည္ ခင္လွ၏ေက်ာပိုး အိတ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပားတစ္ေသာင္းအား ဖမ္းဆီးရမိေၾကာင္းသိရသည္။

စိတ္ၾကြရူးသြပ္ေဆးျပားမ်ား သယ္ေဆာင္လာသူမ်ားျဖစ္သည့္ ေအာင္ခင္ (ခ)ေအာင္ေက်ာ္ႏွင့္ ခင္လွတို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကလောမြို့တွင် ခရီးသည်တင်မှန်လုံယာဉ်များဖြင့် သယ်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းကျော်အား ဖမ်းဆီးရမိ
*********************
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့အထွက် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ဒီဇင်ဘာလ (၁၆)ရက်နေ့က ခရီးသည်တင်မှန်လုံမော်တော်ယာဉ်များဖြင့် လိုက်ပါလာသည့် ခရီးသည်နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၁၀၀၀၀) ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၂၅)တောင်ကြီး မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ (၁၆) ရက်နေ့ ည (၁၁)နာရီခန့်တွင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ခရီးသည်တင်မော်တော်ယာဉ်အား ရှာဖွေရာ ခရီးသည် အောင်ခင်(ခ)အောင်ကျော်၏ စက္ကူဂျပ်ဖာပုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့မှာပင် ည (၁၁)နာရီခွဲခန့်တွင် ရှာဖွေသည့် ခရီးသည်တင်မော်တော်ယာဉ်မှ ခရီးသည် ခင်လှ၏ကျောပိုး အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားတစ်သောင်းအား ဖမ်းဆီးရမိကြောင်းသိရသည်။

စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူများဖြစ်သည့် အောင်ခင် (ခ)အောင်ကျော်နှင့် ခင်လှတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~