က်ိဳင္းတံု- မိုင္းခတ္လမ္းတြင္ သင္းေခြခ်ပ္၊ ဝက္ဝံေျခလက္မ်ား တရားမဝင္သယ္လာသူကို ဖမ္းဆီးရမိ

က်ိဳင္းတံု- မိုင္းခတ္လမ္းတြင္ သင္းေခြခ်ပ္၊ ဝက္ဝံေျခလက္မ်ား တရားမဝင္သယ္လာသူကို ဖမ္းဆီးရမိ
ဒီဇင်ဘာ 5, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံ - မိုင္းခတ္လမ္းတြင္ သင္းေခြခ်ပ္ (၁)ေကာင္၊ ဝက္ဝံေရွ႕လက္ (၂)ေခ်ာင္းႏွင့္ ေျခေထာက္ (၂)ေခ်ာင္းတို႔အား သယ္ေဆာင္လာသူႏွစ္ဦးကို ဒီဇင္ဘာလ (၄)ရက္ေန႔တြင္ ဝမ္တာပုံ ပူးေပါင္းစစ္ေဆးေရးစခန္း၌ ဖမ္းဆီးရမိေၾကာင္း သိရသည္။

က်ိဳင္းတုံဘက္မွ မိုင္းခတ္ဘက္သို႕ ေမာင္းႏွင္လာေသာ ေမာ္ေတာ္ယာဥ္အား ဝမ္တာပုံ ပူးေပါင္းစစ္ေဆးေရး စခန္းတြင္ ပူးေပါင္းအဖြဲ႕က စစ္ေဆးရာ တရားမ၀င္ သယ္ေဆာင္လာေသာ သင္းေခြခ်ပ္ႏွင့္ ဝက္ဝံေျခလက္တုိ႔ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဖမ္းဆီးေရာင္းခ်ခြင့္မရိွေသာ ေတာရိုင္းတိရိစၦာန္မ်ားကို တရားမ၀င္သယ္ေဆာင္လာသည့္ စိုင္းရွဲန္ႏွင့္ ပိုင္ရွင္ျဖစ္သူ ဦးစိုင္း၀န္းတို႕အား ဥပေဒအရ အေရးယူေဆာင္ရြက္ေပးရန္ ဒီဇင္ဘာလ (၅)ရက္ေန႔တြင္ က်ိဳင္းတုံ-မိုင္းဆက္ခရိုင္ သစ္ေတာဦးစီးဌာနက အမႈဖြင့္တုိင္ၾကားသျဖင့္ က်ိဳင္းတုံၿမိဳ႕မရဲစခန္းတြင္ (႔ပ)၂၁၇/၂၀၁၇ ေတာရိုင္းတိရိစၦာန္ႏွင့္ သဘာ၀အပင္မ်ား တားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၃၇(က)အရ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံ- မိုင်းခတ်လမ်းတွင် သင်းခွေချပ်၊ ဝက်ဝံခြေလက်များ တရားမဝင်သယ်လာသူကို ဖမ်းဆီးရမိ
*******
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ - မိုင်းခတ်လမ်းတွင် သင်းခွေချပ် (၁)ကောင်၊ ဝက်ဝံရှေ့လက် (၂)ချောင်းနှင့် ခြေထောက် (၂)ချောင်းတို့အား သယ်ဆောင်လာသူနှစ်ဦးကို ဒီဇင်ဘာလ (၄)ရက်နေ့တွင် ဝမ်တာပုံ ပူးပေါင်းစစ်ဆေးရေးစခန်း၌ ဖမ်းဆီးရမိကြောင်း သိရသည်။

ကျိုင်းတုံဘက်မှ မိုင်းခတ်ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်အား ဝမ်တာပုံ ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ပူးပေါင်းအဖွဲ့က စစ်ဆေးရာ တရားမဝင် သယ်ဆောင်လာသော သင်းခွေချပ်နှင့် ဝက်ဝံခြေလက်တို့ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရောင်းချခွင့်မရှိသော တောရိုင်းတိရိစ္ဆာန်များကို တရားမဝင်သယ်ဆောင်လာသည့် စိုင်းရှဲန်နှင့် ပိုင်ရှင်ဖြစ်သူ ဦးစိုင်းဝန်းတို့အား ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ဒီဇင်ဘာလ (၅)ရက်နေ့တွင် ကျိုင်းတုံ-မိုင်းဆက်ခရိုင် သစ်တောဦးစီးဌာနက အမှုဖွင့်တိုင်ကြားသဖြင့် ကျိုင်းတုံမြို့မရဲစခန်းတွင် (့ပ)၂၁၇/၂၀၁၇ တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၃၇(က)အရ အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~