က်ိဳင္းတံုတြင္ က်င္းပသည့္ လူငယ္ေခါင္းေဆာင္မႈဖိုရမ္သို႔ ေဒသတြင္းမွ လူငယ္ ၁၀၀ ခန္႔တက္ေရာက္ေဆြးေႏြး

က်ိဳင္းတံုတြင္ က်င္းပသည့္ လူငယ္ေခါင္းေဆာင္မႈဖိုရမ္သို႔ ေဒသတြင္းမွ လူငယ္ ၁၀၀ ခန္႔တက္ေရာက္ေဆြးေႏြး
ဒီဇင်ဘာ 3, 2017
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕ရိွ စည္ပင္ခန္းမတြင္ ဒီဇင္ဘာလ(၃)ရက္ေန႔က က်င္းပသည့္ လူငယ္ေခါင္းေဆာင္မႈဖိုရမ္ကို ေဒသတြင္းရိွ လူငယ္(၁၀၀)ဦးခန္႕ တက္ေရာက္ၾကေၾကာင္း သိရသည္။

အေမရိကန္သံရုံး၏ အေရွ႕ေတာင္အာရွလူငယ္ေခါင္းေဆာင္မ်ား ဖြံ႕ၿဖိဳးေရးအစီအစဥ္ YSEALI စတင္ခဲ့သည့္ ေလးႏွစ္ျပည္႕ အထိမ္းအမွတ္အျဖစ္ အဆိုပါဖိုရမ္အား က်င္းပျခင္းျဖစ္သည္။

“အဓိကကေတာ့ ေဒသအက်ိဳး၊ လူငယ္အက်ိဳးကို လုပ္ကိုင္ခ်င္တဲ့ အရည္အခ်င္းျပည့္ဝတဲ့ လူငယ္ေခါင္းေဆာင္သစ္ေတြ ေပၚထြက္လာေအာင္နဲ႕ လူငယ္ေတြ စုစုစည္းစည္းနဲ႕ လႈပ္ရွားမႈေတြလုပ္လာႏိုင္ဖို႕ ရည္ရြယ္ၿပီးေတာ့ က်င္းပတဲ့ပြဲျဖစ္ပါတယ္။ ဒီလိုပြဲကို YSEALI ရဲ႕ အကူအညီနဲ႕ က်ိဳင္းတုံမွာ ပထမဆုံးလုပ္ႏိုင္တာဆိုေတာ့ လူငယ္ေတြရဲ႕ ေအာင္ျမင္မႈလို႔ေျပာလို႔ရသလို ဒီလိုပြဲေတြ မ်ားမ်ားလုပ္ႏို္င္ေအာင္လည္း ႀကိဳးစားသြားပါမယ္”ဟု က်ိဳင္းတုံလူငယ္စင္တာမွ ဥကၠဌ ေဒါက္တာစိုင္းဆုမ္၀ုန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါဖိုရမ္တြင္ လူငယ္ေရးရာ တက္ၾကြလႈပ္ရွားသူ တစ္ဦးျဖစ္သည့္ မသဥၨာရႊန္းလဲ့ရည္၊ စာေရးဆရာ ဆရာေမာင္ေမာင္စိုးႏွင့္ က်ိဳင္းတုံလူငယ္စင္တာမွ ေဒါက္တာဂ်ိဳးေဇာ္တို႔က ဦးေဆာင္၍ လူငယ္ေခါင္းေဆာင္မႈႏွင့္ ပတ္သက္ၿပီး ေဆြးေႏြးကာ တက္ေရာက္လာသူမ်ားက အျပန္အလွန္ ေဆြးေႏြးခဲ့ၾကၿပီး အေမရိကန္သံရုံးမွ ေဒၚေစာၾကည္သာကလည္း အေမရိကန္သံရုံးမွ ေပးအပ္လွ်က္ရိွေသာ ပညာသင္ဆုမ်ားအေၾကာင္း ရွင္းလင္းေဆြးေႏြးခဲ့ၾကသည္။

“ဒီနဲ႕လုပ္တဲ့ပြဲရိွတယ္ဆိုတာကို Facebookက တစ္ဆင့္သိရလုိ႕ လာၿပီးတက္တာျဖစ္ပါတယ္။ ပြဲမွာေဆြးေႏြးသြားတာေတြကလည္း တစ္ကယ္ေကာင္းပါတယ္။ အေတြးသစ္၊ အျမင္အသစ္ေတြလည္း ရလာတာေပါ့။ ေဆြးေႏြးပြဲေနာက္ပိုင္းလုပ္တဲ့ အေမရိကန္သံရုံးကေပးတဲ့ ပညာသင္ဆုအေၾကာင္းေတြကိုလည္း သိရတဲ့အတြက္ လူငယ္ေတြအတြက္ အခြင့္အေရးေတြေပၚလာသလို အားတက္စရာေတြလည္း ျဖစ္လာပါတယ္”ဟု အဆိုပါ ဖိုရမ္သို႕ တက္ေရာက္လာသူတစ္ဦးျဖစ္္သည့္ ေမာင္စိုးေ၀ယံေက်ာ္က ေျပာသည္။

အေမရိကန္သံရုံး၏ YSEALI အေရွ႕ေတာင္အာရွ လူငယ္ေခါင္းေဆာင္မ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး အစီအစဥ္ စတင္ခဲ့သည့္ ေလးႏွစ္ျပည့္အထိမ္းအမွတ္ပြဲကို YESALI YOUnified 2017 အစီအစဥ္အျဖစ္ ျမန္မာႏိုင္ငံ အပါအ၀င္ အာဆီယံ(၁၀)ႏုိင္ငံတြင္လည္း တစ္ၿပိဳင္နက္တည္း က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံတွင် ကျင်းပသည့် လူငယ်ခေါင်းဆောင်မှုဖိုရမ်သို့ ဒေသတွင်းမှ လူငယ် ၁၀၀ ခန့်တက်ရောက်ဆွေးနွေး
*********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ စည်ပင်ခန်းမတွင် ဒီဇင်ဘာလ(၃)ရက်နေ့က ကျင်းပသည့် လူငယ်ခေါင်းဆောင်မှုဖိုရမ်ကို ဒေသတွင်းရှိ လူငယ်(၁၀၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

အမေရိကန်သံရုံး၏ အရှေ့တောင်အာရှလူငယ်ခေါင်းဆောင်များ ဖွံ့ဖြိုးရေးအစီအစဉ် YSEALI စတင်ခဲ့သည့် လေးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အဆိုပါဖိုရမ်အား ကျင်းပခြင်းဖြစ်သည်။

“အဓိကကတော့ ဒေသအကျိုး၊ လူငယ်အကျိုးကို လုပ်ကိုင်ချင်တဲ့ အရည်အချင်းပြည့်ဝတဲ့ လူငယ်ခေါင်းဆောင်သစ်တွေ ပေါ်ထွက်လာအောင်နဲ့ လူငယ်တွေ စုစုစည်းစည်းနဲ့ လှုပ်ရှားမှုတွေလုပ်လာနိုင်ဖို့ ရည်ရွယ်ပြီးတော့ ကျင်းပတဲ့ပွဲဖြစ်ပါတယ်။ ဒီလိုပွဲကို YSEALI ရဲ့ အကူအညီနဲ့ ကျိုင်းတုံမှာ ပထမဆုံးလုပ်နိုင်တာဆိုတော့ လူငယ်တွေရဲ့ အောင်မြင်မှုလို့ပြောလို့ရသလို ဒီလိုပွဲတွေ များများလုပ်နို်င်အောင်လည်း ကြိုးစားသွားပါမယ်”ဟု ကျိုင်းတုံလူငယ်စင်တာမှ ဥက္ကဌ ဒေါက်တာစိုင်းဆုမ်ဝုန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါဖိုရမ်တွင် လူငယ်ရေးရာ တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် မသဥ္ဇာရွှန်းလဲ့ရည်၊ စာရေးဆရာ ဆရာမောင်မောင်စိုးနှင့် ကျိုင်းတုံလူငယ်စင်တာမှ ဒေါက်တာဂျိုးဇော်တို့က ဦးဆောင်၍ လူငယ်ခေါင်းဆောင်မှုနှင့် ပတ်သက်ပြီး ဆွေးနွေးကာ တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး အမေရိကန်သံရုံးမှ ဒေါ်စောကြည်သာကလည်း အမေရိကန်သံရုံးမှ ပေးအပ်လျှက်ရှိသော ပညာသင်ဆုများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

“ဒီနဲ့လုပ်တဲ့ပွဲရှိတယ်ဆိုတာကို Facebookက တစ်ဆင့်သိရလို့ လာပြီးတက်တာဖြစ်ပါတယ်။ ပွဲမှာဆွေးနွေးသွားတာတွေကလည်း တစ်ကယ်ကောင်းပါတယ်။ အတွေးသစ်၊ အမြင်အသစ်တွေလည်း ရလာတာပေါ့။ ဆွေးနွေးပွဲနောက်ပိုင်းလုပ်တဲ့ အမေရိကန်သံရုံးကပေးတဲ့ ပညာသင်ဆုအကြောင်းတွေကိုလည်း သိရတဲ့အတွက် လူငယ်တွေအတွက် အခွင့်အရေးတွေပေါ်လာသလို အားတက်စရာတွေလည်း ဖြစ်လာပါတယ်”ဟု အဆိုပါ ဖိုရမ်သို့ တက်ရောက်လာသူတစ်ဦးဖြစ််သည့် မောင်စိုးဝေယံကျော်က ပြောသည်။

အမေရိကန်သံရုံး၏ YSEALI အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် စတင်ခဲ့သည့် လေးနှစ်ပြည့်အထိမ်းအမှတ်ပွဲကို YESALI YOUnified 2017 အစီအစဉ်အဖြစ် မြန်မာနိုင်ငံ အပါအဝင် အာဆီယံ(၁၀)နိုင်ငံတွင်လည်း တစ်ပြိုင်နက်တည်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~