ေက်ာက္မဲၿမိဳ႕၌ ေခြးေလေခြးလြင့္မ်ားအား ဒီဇင္ဘာလ ၂၉ ရက္ေန႔ ညပိုင္းတြင္ အဆိပ္ေကြ်း ရွင္းလင္းမည္ျဖစ္၍ အိမ္ေမြးတိရစာၦန္မ်ားကို ထိန္းသိမ္းထားရန္ အသိေပးထား

ေက်ာက္မဲၿမိဳ႕၌ ေခြးေလေခြးလြင့္မ်ားအား ဒီဇင္ဘာလ ၂၉ ရက္ေန႔ ညပိုင္းတြင္ အဆိပ္ေကြ်း ရွင္းလင္းမည္ျဖစ္၍ အိမ္ေမြးတိရစာၦန္မ်ားကို ထိန္းသိမ္းထားရန္ အသိေပးထား
ဒီဇင်ဘာ 28, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕၌ ေခြးရူးကိုက္ခံရမႈမ်ား ရိွလာသျဖင့္ ဒီဇင္ဘာလ (၂၉)ရက္ေန႔တြင္ စည္ပင္နယ္နမိတ္အတြင္းမွ ေခြးေလေခြးလြင့္မ်ားအား အဆိပ္ေကြ်း သုတ္သင္ ရွင္းလင္းမည္ ျဖစ္သျဖင့္ မိမိတို႔ အိမ္ေမြးတိရစၦာန္မ်ားအား ထိန္းသိမ္းထားၾကရန္ စည္ပင္သာယာေရးဌာနက အသိေပး ေၾကညာထားသည္။

"အမ်ားျပည္သူ အက်ိဳးအတြက္ တာဝန္အရ မလႊဲမေရွာင္သာ လုပ္ေဆာင္ရတာပါ။ အဲဒီလိုလုပ္ဖို႔ အတြက္ကလည္း ေခြးေလေခြးလြင့္ေတြ ေသာင္းက်န္းတာက မ်ားျပားလာတယ္။ ေခြးအကိုက္ခံရတဲ့အခါ ေခြးပိုင္ရွင္ဆိုတာ ေပၚမလာဘူး။ လူ႔အသက္ ဆံုးရံႈးသည္အထိ ျဖစ္ခဲ့တာေတြရွိတယ္။ ေခြးကိုက္ခံရရင္ အနည္းဆံုး ဒဏ္ရာ အနာတရျဖစ္တယ္။ ေခြးရူးေရာဂါ ရွိမရွိဆိုတာက အျပင္ပန္းၾကည့္ရံုနဲ႔ တိတိက်က် မသိႏိုင္ဘူး။ အခုက အမ်ားျပည္သူရဲ႕ လိုအပ္ခ်က္တစ္ခုအျဖစ္ စည္ပင္ဌာနကို လူကိုယ္တိုင္လာ ေရာက္ေတာင္းဆိုတာေတြလည္းရွိတဲ့အတြက္ ျပဳလုပ္ရတာျဖစ္ပါတယ္” ဟု ေက်ာက္မဲၿမိဳ႕ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးျမတ္ခန္႔ေအးက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေမြးျမဴထားသည့္ အိမ္ေမြးေခြးမ်ား၊ အိမ္ေမြးတိရိစၦာန္မ်ားအား ထိခိုက္မႈ မရွိေစရန္အတြက္ ထိန္းသိမ္း ထားၾကရန္ ဒီဇင္ဘာလ(၂၈) ရက္ေန႔ ညပိုင္းတြင္ ၿမိဳ႕အတြင္း လွည့္လွည္ေၾကညာေပးထားၿပီး ဒီဇင္ဘာလ (၂၉)ရက္ေန႔ ညပိုင္းတြင္လည္း ရွမ္း၊ ျမန္မာႏွစ္ဘာသာျဖင့္ ထပ္မံ ေၾကညာေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတ္မွတ္ေနရာမ်ားတြင္ အဆိပ္အမဲသားတံုးမ်ားေကၽြးၿပီး ေခြးအေသမ်ားကို ခ်က္ခ်င္းရွင္းလင္းရန္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ တိရိစၦာန္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ ခရိုင္က်န္းမာေရးဌာနႏွင့္ ေက်ာက္မဲရွိ ရပ္ကြက္ႀကီး (၉)ခုမွ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးမ်ား ညွိႏႈိင္းတိုင္ပင္စီစဥ္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕ရွိ ရပ္ကြက္ႀကီး(၉)ခုတြင္ ဒီဇင္ဘာလ (၂၉)ရက္ေန႔ညမွ ဒီဇင္ဘာလ (၃၀)ရက္ေန႔ မြန္းတည့္ အခ်ိန္ထိ မိမိတို႔၏ အိမ္ေမြးတိရိစာၦန္မ်ားအား ေသခ်ာစြာ ထိန္းသိမ္းခ်ဳပ္ေႏွာင္ထားၾကရန္ႏွင့္ အိမ္ေမြးေခြးမ်ားအား ေခြးရူးေရာဂါကာကြယ္ေဆး ထိုးႏွံထားရန္ အသိေပးအေၾကာင္းၾကားထားသည္။

ေခြးေလေခြးလြင့္မ်ားအား အျခားနည္းျဖင့္ ထိန္းသိမ္းရန္မွာ အလွဴရွင္ မရိွသျဖင့္ လုပ္ေဆာင္ႏုိင္ျခင္း မရိွေသးေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၌ ခွေးရူးကိုက်ခံရမှုများ ရှိလာသဖြင့် ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် စည်ပင်နယ်နမိတ်အတွင်းမှ ခွေးလေခွေးလွင့်များအား အဆိပ်ကျွေး သုတ်သင် ရှင်းလင်းမည် ဖြစ်သဖြင့် မိမိတို့ အိမ်မွေးတိရစ္ဆာန်များအား ထိန်းသိမ်းထားကြရန် စည်ပင်သာယာရေးဌာနက အသိပေး ကြေညာထားသည်။

"အများပြည်သူ အကျိုးအတွက် တာဝန်အရ မလွှဲမရှောင်သာ လုပ်ဆောင်ရတာပါ။ အဲဒီလိုလုပ်ဖို့ အတွက်ကလည်း ခွေးလေခွေးလွင့်တွေ သောင်းကျန်းတာက များပြားလာတယ်။ ခွေးအကိုက်ခံရတဲ့အခါ ခွေးပိုင်ရှင်ဆိုတာ ပေါ်မလာဘူး။ လူ့အသက် ဆုံးရှုံးသည်အထိ ဖြစ်ခဲ့တာတွေရှိတယ်။ ခွေးကိုက်ခံရရင် အနည်းဆုံး ဒဏ်ရာ အနာတရဖြစ်တယ်။ ခွေးရူးရောဂါ ရှိမရှိဆိုတာက အပြင်ပန်းကြည့်ရုံနဲ့ တိတိကျကျ မသိနိုင်ဘူး။ အခုက အများပြည်သူရဲ့ လိုအပ်ချက်တစ်ခုအဖြစ် စည်ပင်ဌာနကို လူကိုယ်တိုင်လာ ရောက်တောင်းဆိုတာတွေလည်းရှိတဲ့အတွက် ပြုလုပ်ရတာဖြစ်ပါတယ်” ဟု ကျောက်မဲမြို့ မြို့နယ်စည်ပင်သာယာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်ခန့်အေးက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

မွေးမြူထားသည့် အိမ်မွေးခွေးများ၊ အိမ်မွေးတိရိစ္ဆာန်များအား ထိခိုက်မှု မရှိစေရန်အတွက် ထိန်းသိမ်း ထားကြရန် ဒီဇင်ဘာလ(၂၈) ရက်နေ့ ညပိုင်းတွင် မြို့အတွင်း လှည့်လှည်ကြေညာပေးထားပြီး ဒီဇင်ဘာလ (၂၉)ရက်နေ့ ညပိုင်းတွင်လည်း ရှမ်း၊ မြန်မာနှစ်ဘာသာဖြင့် ထပ်မံ ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်နေရာများတွင် အဆိပ်အမဲသားတုံးများကျွေးပြီး ခွေးအသေများကို ချက်ချင်းရှင်းလင်းရန် မြို့နယ်စည်ပင်သာယာရေးဌာန၊ တိရိစ္ဆာန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဌာနနှင့် ကျောက်မဲရှိ ရပ်ကွက်ကြီး (၉)ခုမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ညှိနှိုင်းတိုင်ပင်စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့ရှိ ရပ်ကွက်ကြီး(၉)ခုတွင် ဒီဇင်ဘာလ (၂၉)ရက်နေ့ညမှ ဒီဇင်ဘာလ (၃၀)ရက်နေ့ မွန်းတည့် အချိန်ထိ မိမိတို့၏ အိမ်မွေးတိရိစာ္ဆန်များအား သေချာစွာ ထိန်းသိမ်းချုပ်နှောင်ထားကြရန်နှင့် အိမ်မွေးခွေးများအား ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံထားရန် အသိပေးအကြောင်းကြားထားသည်။

ခွေးလေခွေးလွင့်များအား အခြားနည်းဖြင့် ထိန်းသိမ်းရန်မှာ အလှူရှင် မရှိသဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~