ကုလသမဂၢလူ႕အခြင့္အေရးေကာင္စီအထူးအစည္းအေဝး၌ အိုအိုင္စီမွ တင္သြင္းေသာ ျမန္မာႏိုင္ငံဆိုင္ရာ ဆုံးျဖတ္ခ်က္အဆိုမူၾကမ္းအား တူညီဆႏၵျဖင့္ အတည္ျပဳႏိုင္ခဲ့ျခင္းမရွိ

ကုလသမဂၢလူ႕အခြင့္အေရးေကာင္စီအထူးအစည္းအေဝး၌ အိုအိုင္စီမွ တင္သြင္းေသာ ျမန္မာႏိုင္ငံဆိုင္ရာ ဆုံးျဖတ္ခ်က္အဆိုမူၾကမ္းအား တူညီဆႏၵျဖင့္ အတည္ျပဳႏိုင္ခဲ့ျခင္းမရွိ
ဒီဇင်ဘာ 8, 2017
By 🌸
ကုလသမဂၢလူ႕အခြင့္အေရးေကာင္စီအထူးအစည္းအေဝး၌ အိုအိုင္စီမွ တင္သြင္းေသာ ျမန္မာႏိုင္ငံဆိုင္ရာ ဆုံးျဖတ္ခ်က္အဆိုမူၾကမ္းအား မဲခြဲဆံုးျဖတ္ရာ လူ႔အခြင့္အေရးေကာင္စီအဖြဲ႕ဝင္ (၄၇)ႏိုင္ငံရွိသည့္အနက္ (၁၄)ႏိုင္ငံက ေထာက္ခံျခင္း မျပဳခဲ့ၾကသျဖင့္ အဆိုမူၾကမ္းမွာ တူညီဆႏၵျဖင့္ အတည္ျပဳႏိုင္ခဲ့ျခင္း မရွိေၾကာင္း သိရသည္။
အဆုိပါမူၾကမ္းအား မဲခြဲဆံုးျဖတ္ရန္ လူ႔အခြင့္အေရးေကာင္စီအဖြဲ႕ဝင္ တ႐ုတ္ႏိုင္ငံကိုယ္စားလွယ္အဖြဲ႕က ေတာင္းဆိုခဲ့ျခင္းျဖစ္ၿပီး ျမန္မာႏုိင္ငံအေနျဖင့္ ဆံုးျဖတ္ခ်က္နွင့္ပတ္သက္ၿပီး ပါ၀င္ပတ္သက္မည္ မဟုတ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ဆုံးျဖတ္ခ်က္အဆိုအား မဲခြဲဆုံးျဖတ္ရာတြင္ ေထာက္ခံမဲ (၃၃)မဲ၊ ကန္႔ကြက္မဲ(၃)မဲ၊ ၾကားေနမဲ (၉)မဲျဖင့္ အတည္ျပဳခဲ့ၿပီး လူ႔အခြင့္အေရးေကာင္စီအဖြဲ႕ဝင္ (၂) ႏိုင္ငံမွ ပါဝင္မဲေပးျခင္း မျပဳခဲ့ေၾကာင္း သိရသည္။

မဲခြဲဆံုးျဖတ္ရာတြင္ ကန္႔ကြက္မဲေပးသည့္ႏိုင္ငံမ်ားမွာ တ႐ုတ္ႏိုင္ငံ၊ ဖိလစ္ပိုင္ႏိုင္ငံႏွင့္ ဘူရြန္ဒီႏိုင္ငံတို႔ ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအစိုးရအေနျဖင့္ ရခိုင္ျပည္နယ္အေရးကိစၥကို ျပည္တြင္းတြင္ ေျဖရွင္းေဆာင္ရြက္ေနသကဲ့သို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္လည္း ႏွစ္ႏိုင္ငံညိႇႏႈိင္းေျဖရွင္းလ်က္ရွိေနရာ အဆိုပါမူၾကမ္း ခ်မွတ္ျခင္းသည္ ေျမျပင္အေျခအေနကို အေထာက္အကူ မျဖစ္ေစဘဲ ပိုမို႐ႈပ္ေထြးလာေစႏိုင္သည့္ အခ်က္ကို ေထာက္ျပ၍ တ႐ုတ္ႏိုင္ငံကိုယ္စားလွယ္အဖြဲ႕အေနျဖင့္ မဲခြဲရန္ ေတာင္းဆိုခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဂ်ီနီဗာၿမိဳ႕ ကုလသမဂၢအေဆာက္အအံုရွိ လူ႔အခြင့္အေရးေကာင္စီ၌ အစၥလာမ္မစ္ ႏိုင္ငံမ်ား ပူးေပါင္း ေဆာင္ရြက္ေရးအဖြဲ႕ (အိုအိုင္စီ)မွ ျမန္မာႏိုင္ငံႏွင့္စပ္လ်ဥ္း၍ (၂၇) ႀကိမ္ေျမာက္ အထူးအစည္းအေဝး တစ္ရပ္ကို ဒီဇင္ဘာလ (၅) ရက္ေန႔က ေခၚယူခဲ့ျခင္းျဖစ္ၿပီး အစည္းအေဝးတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ရခိုင္ျပည္နယ္ရွိ လူနည္းစုမ်ားႏွင့္ မူဆလင္အသိုက္အဝန္း၏ လူ႔အခြင့္အေရးအေျခအေနႏွင့္ပတ္သက္၍ ဆုံးျဖတ္ခ်က္ အဆိုမူၾကမ္းကို အေရးယူေဆာင္ရြက္ရန္ အဆိုတင္သြင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆုံးျဖတ္ခ်က္အဆိုအား အေရးယူဆုံးျဖတ္ျခင္းမျပဳမီ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးထင္လင္း ေျပာၾကားသည့္ မိန္႔ခြန္းတြင္ ျမန္မာႏိုင္ငံသည္ ႏိုင္ငံတစ္ႏိုင္ငံတည္းကိုသာ ခ်မွတ္သည့္ မည္သည့္ ဆုံးျဖတ္ ခ်က္မ်ဳိးကိုမဆို ဆန္႔က်င္ၿပီး ထိုသို႔ ဆုံးျဖတ္ခ်က္ခ်မွတ္ျခင္းသည္ ပိုမိုကြဲျပားမႈႏွင့္ ထိပ္တိုက္ရင္ဆိုင္မႈမ်ားကိုသာ ျဖစ္ေပၚလာေစႏိုင္သျဖင့္ လူ႔အခြင့္အေရးေကာင္စီ၏ ဘက္မလုိက္မႈ၊ ဓမၼဓိ႒ာန္က်မႈ၊ ေရြးခ်ယ္မႈ မရွိေစေရး စသည့္မူမ်ားႏွင့္ လိုက္ေလ်ာညီေထြ မရွိပါေၾကာင္းထည့္သြင္း ေျပာၾကားခဲ့သည္။

အဆိုမူၾကမ္းသည္ ယုံၾကည္မႈ တူညီျခင္းမရွိသည့္ လူစုတစ္စုအေပၚတြင္သာ အဓိကအေလးထားၿပီး လူ႔အခြင့္အေရးကာကြယ္ေစာင့္ေရွာက္ျခင္းတြင္ ကမၻာေပၚရွိ မည္သည့္ လူမ်ဳိး၊ ဘာသာႏွင့္ က်ား/မ ခြဲျခားမႈ မရွိသင့္ေၾကာင္းကိုလည္း ထည့္သြင္း ေျပာၾကားခဲ့သည္။

အဆိုမူၾကမ္းပါ အခ်က္အခ်ဳိ႕သည္ ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကို ထိပါးသကဲ့သို႔ ျဖစ္ေနကာ ခိုင္မာလုံေလာက္သည့္ သက္ေသမ်ားမရွိဘဲ စြပ္စြဲခ်က္ မ်ားကိုလည္း ထည့္သြင္းေဖာ္ျပထားၿပီး ႏိုင္ငံတကာ၏ အကူအညီေပးမႈသည္ ျပႆနာကို ေျဖရွင္းမႈသာျဖစ္သင့္ကာ ပိုမိုဆိုးရြားေစမႈကို မျဖစ္ေစသင့္ေၾကာင္းကိုလည္း သံအမတ္ႀကီး၏ မိန္႔ခြန္းတြင္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

အဆိုမူၾကမ္း၌ ARSA ၏ အၾကမ္းဖက္တိုက္ခိုက္ျခင္းကို ႐ႈတ္ခ်ျခင္း မရွိေၾကာင္းကိုလည္း သံအမတ္ႀကီးက ေထာက္ျပေျပာဆိုခဲ့ၿပီး အဆိုပါအခ်က္မ်ားေၾကာင့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ အဆိုမူၾကမ္းအား လက္မခံႏိုင္သျဖင့္ ပါဝင္ပတ္သက္ျခင္းျပဳမည္ မဟုတ္ေၾကာင္း ထုတ္ေဖၚေျပာၾကားခဲ့သည္။

ရခိုင္ျပည္နယ္အေရးကိစၥသည္ ႐ႈပ္ေထြးသိမ္ေမြ႕သျဖင့္ ႏိုင္ငံတကာအသိုက္အဝန္းအေနျဖင့္ စိန္ေခၚမႈ မ်ားကို နားလည္ရန္လိုအပ္ၿပီး လူ႔အခြင့္အေရးေကာင္စီ၏ ဆုံးျဖတ္ခ်က္ ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ ရခိုင္ျပည္နယ္တြင္ ရင္ဆိုင္ ေနရေသာ ကိစၥမ်ားကို ဆက္လက္ေျဖရွင္းေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သံအမတ္ႀကီး၏ မိန္႔ခြန္းတြင္ ထုတ္ေဖၚေျပာၾကားခဲ့သည္။

ရခိုင္ျပည္နယ္ကိစၥႏွင့္ ပတ္သက္၍ ဘက္ေပါင္းစုံမွ ဖိအားေပး ေနသည့္ၾကားမွ မဲခြဲရန္ေတာင္းဆိုေပးျခင္း၊ အဆိုမူၾကမ္းကို ကန္႔ကြက္မဲေပးျခင္း (သို႔မဟုတ္) ၾကားေနမဲေပးျခင္း (သို႔မဟုတ္) မဲေပးမႈတြင္ မပါဝင္ျခင္းျဖင့္ ျမန္မာႏိုင္ငံအေပၚ နားလည္မႈျပသခဲ့ ၾကသည့္ လူ႔အခြင့္အေရးေကာင္စီအဖြဲ႕ဝင္ႏိုင္ငံမ်ားကို ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ေက်းဇူးတင္ရွိေၾကာင္းကိုလည္း ေဖၚျပခဲ့သည္။

Source:ႏုိင္ငံျခားေရးဝန္ႀကီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအထူးအစည်းအဝေး၌ အိုအိုင်စီမှ တင်သွင်းသော မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းအား တူညီဆန္ဒဖြင့် အတည်ပြုနိုင်ခဲ့ခြင်းမရှိ
***********
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအထူးအစည်းအဝေး၌ အိုအိုင်စီမှ တင်သွင်းသော မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းအား မဲခွဲဆုံးဖြတ်ရာ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် (၄၇)နိုင်ငံရှိသည့်အနက် (၁၄)နိုင်ငံက ထောက်ခံခြင်း မပြုခဲ့ကြသဖြင့် အဆိုမူကြမ်းမှာ တူညီဆန္ဒဖြင့် အတည်ပြုနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
အဆိုပါမူကြမ်းအား မဲခွဲဆုံးဖြတ်ရန် လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့က တောင်းဆိုခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ပါ၀င်ပတ်သက်မည် မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။

ဆုံးဖြတ်ချက်အဆိုအား မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ (၃၃)မဲ၊ ကန့်ကွက်မဲ(၃)မဲ၊ ကြားနေမဲ (၉)မဲဖြင့် အတည်ပြုခဲ့ပြီး လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် (၂) နိုင်ငံမှ ပါဝင်မဲပေးခြင်း မပြုခဲ့ကြောင်း သိရသည်။

မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်မဲပေးသည့်နိုင်ငံများမှာ တရုတ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဘူရွန်ဒီနိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စကို ပြည်တွင်းတွင် ဖြေရှင်းဆောင်ရွက်နေသကဲ့သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်လည်း နှစ်နိုင်ငံညှိနှိုင်းဖြေရှင်းလျက်ရှိနေရာ အဆိုပါမူကြမ်း ချမှတ်ခြင်းသည် မြေပြင်အခြေအနေကို အထောက်အကူ မဖြစ်စေဘဲ ပိုမိုရှုပ်ထွေးလာစေနိုင်သည့် အချက်ကို ထောက်ပြ၍ တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့အနေဖြင့် မဲခွဲရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဂျီနီဗာမြို့ ကုလသမဂ္ဂအဆောက်အအုံရှိ လူ့အခွင့်အရေးကောင်စီ၌ အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)မှ မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ (၂၇) ကြိမ်မြောက် အထူးအစည်းအဝေး တစ်ရပ်ကို ဒီဇင်ဘာလ (၅) ရက်နေ့က ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရခိုင်ပြည်နယ်ရှိ လူနည်းစုများနှင့် မူဆလင်အသိုက်အဝန်း၏ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ ဆုံးဖြတ်ချက် အဆိုမူကြမ်းကို အရေးယူဆောင်ရွက်ရန် အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆုံးဖြတ်ချက်အဆိုအား အရေးယူဆုံးဖြတ်ခြင်းမပြုမီ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးထင်လင်း ပြောကြားသည့် မိန့်ခွန်းတွင် မြန်မာနိုင်ငံသည် နိုင်ငံတစ်နိုင်ငံတည်းကိုသာ ချမှတ်သည့် မည်သည့် ဆုံးဖြတ် ချက်မျိုးကိုမဆို ဆန့်ကျင်ပြီး ထိုသို့ ဆုံးဖြတ်ချက်ချမှတ်ခြင်းသည် ပိုမိုကွဲပြားမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုများကိုသာ ဖြစ်ပေါ်လာစေနိုင်သဖြင့် လူ့အခွင့်အရေးကောင်စီ၏ ဘက်မလိုက်မှု၊ ဓမ္မဓိဋ္ဌာန်ကျမှု၊ ရွေးချယ်မှု မရှိစေရေး စသည့်မူများနှင့် လိုက်လျောညီထွေ မရှိပါကြောင်းထည့်သွင်း ပြောကြားခဲ့သည်။

အဆိုမူကြမ်းသည် ယုံကြည်မှု တူညီခြင်းမရှိသည့် လူစုတစ်စုအပေါ်တွင်သာ အဓိကအလေးထားပြီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းတွင် ကမ္ဘာပေါ်ရှိ မည်သည့် လူမျိုး၊ ဘာသာနှင့် ကျား/မ ခွဲခြားမှု မရှိသင့်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုမူကြမ်းပါ အချက်အချို့သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးသကဲ့သို့ ဖြစ်နေကာ ခိုင်မာလုံလောက်သည့် သက်သေများမရှိဘဲ စွပ်စွဲချက် များကိုလည်း ထည့်သွင်းဖော်ပြထားပြီး နိုင်ငံတကာ၏ အကူအညီပေးမှုသည် ပြဿနာကို ဖြေရှင်းမှုသာဖြစ်သင့်ကာ ပိုမိုဆိုးရွားစေမှုကို မဖြစ်စေသင့်ကြောင်းကိုလည်း သံအမတ်ကြီး၏ မိန့်ခွန်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုမူကြမ်း၌ ARSA ၏ အကြမ်းဖက်တိုက်ခိုက်ခြင်းကို ရှုတ်ချခြင်း မရှိကြောင်းကိုလည်း သံအမတ်ကြီးက ထောက်ပြပြောဆိုခဲ့ပြီး အဆိုပါအချက်များကြောင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အဆိုမူကြမ်းအား လက်မခံနိုင်သဖြင့် ပါဝင်ပတ်သက်ခြင်းပြုမည် မဟုတ်ကြောင်း ထုတ်ဖေါ်ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အရေးကိစ္စသည် ရှုပ်ထွေးသိမ်မွေ့သဖြင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စိန်ခေါ်မှု များကို နားလည်ရန်လိုအပ်ပြီး လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရခိုင်ပြည်နယ်တွင် ရင်ဆိုင် နေရသော ကိစ္စများကို ဆက်လက်ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သံအမတ်ကြီး၏ မိန့်ခွန်းတွင် ထုတ်ဖေါ်ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ ဘက်ပေါင်းစုံမှ ဖိအားပေး နေသည့်ကြားမှ မဲခွဲရန်တောင်းဆိုပေးခြင်း၊ အဆိုမူကြမ်းကို ကန့်ကွက်မဲပေးခြင်း (သို့မဟုတ်) ကြားနေမဲပေးခြင်း (သို့မဟုတ်) မဲပေးမှုတွင် မပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံအပေါ် နားလည်မှုပြသခဲ့ ကြသည့် လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကျေးဇူးတင်ရှိကြောင်းကိုလည်း ဖေါ်ပြခဲ့သည်။

Source:နိုင်ငံခြားရေးဝန်ကြီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~