တာခ်ီလိတ္တြင္ လက္ခံက်င္းပမည့္ ႏိုင္ငံ(၄)ခုမွ နယ္စပ္ေဒသ(၉)ခု၏ အစည္းအေ၀းသို႔ တရုတ္ကိုယ္စားလွယ္အဖြဲ႔ တက္ေရာက္ရန္ အခက္အခဲရွိ၍ ရက္ေရႊ႕ဆိုင္း

တာခ်ီလိတ္တြင္ လက္ခံက်င္းပမည့္ ႏိုင္ငံ(၄)ခုမွ နယ္စပ္ေဒသ(၉)ခု၏ အစည္းအေ၀းသို႔ တရုတ္ကိုယ္စားလွယ္အဖြဲ႔ တက္ေရာက္ရန္ အခက္အခဲရွိ၍ ရက္ေရႊ႕ဆိုင္း
ဒီဇင်ဘာ 18, 2017
By Tachileik News Agency

ျမန္မာႏုိင္ငံက အိမ္ရွင္ႏုိင္ငံအျဖစ္ ပထမဆံုးအႀကိမ္ လက္ခံက်င္းပမည့္ (၇)ႀကိမ္ေျမာက္ ႏုိင္ငံ(၄)ခုမွ နယ္စပ္ေဒသ(၉)ခု၏ အစည္းအေဝးသို႔ တရုတ္ႏုိင္ငံ ဆစ္ေဆာင္ပန္းနားေဒသမွ တက္ေရာက္ရန္ အခက္အခဲ ရိွသျဖင့္ မူလသတ္မွတ္ရက္အား ေရႊ႕ဆုိင္းလုိက္ေၾကာင္း သိရသည္။

“ဒီအစည္းအေဝးမွာက (၄)ႏုိင္ငံလံုးက လက္မွတ္ထိုးရမွာေတြ ပါတယ္။ တရုတ္ႏုိင္ငံက တရုတ္ႏုိင္ငံ ဆစ္ေဆာင္ပန္းနား ေဒသက မူလသတ္မွတ္ရက္မွာ သူတို႔ တက္ေရာက္ဖို႔ အဆင္မေျပဘူးဆိုေတာ့ သူမပါေတာ့ ဆက္လုပ္ဖို႔ မသင့္ေတာ္ဘူး။ ဒါေၾကာင့္ သင့္ေတာ္တဲ့ရက္ကို ေရႊ႕ဆိုင္းဖို႔ ညိႇႏိႈင္းထားတယ္။ ဇန္နဝါရီလကုန္ သို႔မဟုတ္ ေဖေဖာ္ဝါရီလဆန္းမွာေတာ့ က်င္းပျဖစ္ဖို႔ ညိႇႏိႈင္းထားတယ္”ဟု တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာ၊ ထုိင္း၊ တရုတ္ႏွင့္ လာအို ႏုိင္ငံမ်ားမွ နယ္စပ္ေဒသမ်ားမွ ကိုယ္စားလွယ္မ်ား တက္ေရာက္မည့္ အဆုိပါ အစည္းအေဝးအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္တြင္ ဒီဇင္ဘာလ(၂၀)ရက္ေန႔မွ (၂၂)ရက္ေန႔အထိ က်င္းပရန္ စီစဥ္ထားျခင္းျဖစ္ၿပီး ဗီယက္နမ္ႏုိင္ငံက ေလ့လာသူအျဖစ္ တက္ေရာက္မည္ျဖစ္သည္။

အဆိုပါအစည္းအေဝးမွာ ျမန္မာ၊ ထုိင္း၊ တရုတ္ႏွင့္ လာအို ႏုိင္ငံမ်ားမွ နယ္စပ္ေဒသအခ်င္းခ်င္း ဆက္သြယ္ ေဆာင္ရြက္ေနသည့္လုပ္ငန္းမ်ားတြင္ အျပန္အလွန္ပူးေပါင္းကူညီေဆာင္ရြက္နုိင္ေရးအတြက္ အလွည့္က်က်င္းပေနျခင္းျဖစ္ၿပီး ဗီယက္နမ္ႏုိင္ငံက ၂၀၁၇ ခုႏွစ္ အစည္းအေဝးတြင္ ေလ့လာသူအျဖစ္ တက္ေရာက္ခြင့္ရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမည့် (၇)ကြိမ်မြောက် နိုင်ငံ(၄)ခုမှ နယ်စပ်ဒေသ(၉)ခု၏ အစည်းအဝေးသို့ တရုတ်နိုင်ငံ ဆစ်ဆောင်ပန်းနားဒေသမှ တက်ရောက်ရန် အခက်အခဲ ရှိသဖြင့် မူလသတ်မှတ်ရက်အား ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

“ဒီအစည်းအဝေးမှာက (၄)နိုင်ငံလုံးက လက်မှတ်ထိုးရမှာတွေ ပါတယ်။ တရုတ်နိုင်ငံက တရုတ်နိုင်ငံ ဆစ်ဆောင်ပန်းနား ဒေသက မူလသတ်မှတ်ရက်မှာ သူတို့ တက်ရောက်ဖို့ အဆင်မပြေဘူးဆိုတော့ သူမပါတော့ ဆက်လုပ်ဖို့ မသင့်တော်ဘူး။ ဒါကြောင့် သင့်တော်တဲ့ရက်ကို ရွှေ့ဆိုင်းဖို့ ညှိနှိုင်းထားတယ်။ ဇန်နဝါရီလကုန် သို့မဟုတ် ဖေဖော်ဝါရီလဆန်းမှာတော့ ကျင်းပဖြစ်ဖို့ ညှိနှိုင်းထားတယ်”ဟု တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ၊ ထိုင်း၊ တရုတ်နှင့် လာအို နိုင်ငံများမှ နယ်စပ်ဒေသများမှ ကိုယ်စားလှယ်များ တက်ရောက်မည့် အဆိုပါ အစည်းအဝေးအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ဒီဇင်ဘာလ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံက လေ့လာသူအဖြစ် တက်ရောက်မည်ဖြစ်သည်။

အဆိုပါအစည်းအဝေးမှာ မြန်မာ၊ ထိုင်း၊ တရုတ်နှင့် လာအို နိုင်ငံများမှ နယ်စပ်ဒေသအချင်းချင်း ဆက်သွယ် ဆောင်ရွက်နေသည့်လုပ်ငန်းများတွင် အပြန်အလှန်ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးအတွက် အလှည့်ကျကျင်းပနခြေင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံက ၂၀၁၇ ခုနှစ် အစည်းအဝေးတွင် လေ့လာသူအဖြစ် တက်ရောက်ခွင့်ရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~