သီေပါၿမိဳ႕နယ္အတြင္း ျပည္ေထာင္စုလမ္းမႀကီးတြင္ အမ်ိဳးသားတစ္ဦးအား တုိက္မိၿပီး ထြက္ေျပးသည့္ယာဥ္အား ရွာေဖြေန

သီေပါၿမိဳ႕နယ္အတြင္း ျပည္ေထာင္စုလမ္းမႀကီးတြင္ အမ်ိဳးသားတစ္ဦးအား တုိက္မိၿပီး ထြက္ေျပးသည့္ယာဥ္အား ရွာေဖြေန
နိုဝင်ဘာ 4, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္ ဆြတ္လန္းေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ႏိုဝင္ဘာလ (၄) ရက္ေန႔ နံနက္အေစာပိုင္းက အမိ်ဳးသားတစ္ဦး ဦးေခါင္းေၾကမြဒဏ္ရာျဖင့္ ေသဆုံးေနသည္ကို ေတြ႔ရသျဖင့္ တိုက္သြားသည့္ယာဥ္အား စံုစမ္းရွာေဖြမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သီေပါယာဥ္ထိန္းရဲတပ္ဖြဲ႕ထံမွ သိရသည္။

“ေသဆံုးသူက ဆြတ္လန္းေက်းရြာမွာေနတ့ဲ ဦးအိုက္ဆန္ အသက္ (၄၀) ႏွစ္ပါ။ တန္ေဆာင္မုန္းလျပည့္ညမွာ အျပင္လည္ၿပီး ျပန္လာတ့ဲအခ်ိန္မွာျဖစ္တာလို႕ ခန္႕မွန္းရတယ္။ ေသဆံုးသူက ဆိုင္ကယ္မပါဘူး။ တိုက္သြားတ့ဲ ယာဥ္နဲ႕ ပတ္သက္လို႕ ျဖန္႔က်က္စံုစမ္းမႈေတြ လုပ္ေနပါတယ္”ဟု သီေပါယာဥ္ထိန္းရဲတပ္ဖြဲ႕မွ တပ္ၾကပ္ႀကီး ဝင္းေဇာ္လတ္က တာခီ်လိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသဆံုးသူအား သီေပါၿမိဳ႕ရိွ နယ္စည္းမျခားပရဟိတအသင္းက သီေပါျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

“မနက္ ၄ နာရီ ခြဲေလာက္မွာ ယာဥ္ထိန္းတပ္ဖြဲ႕ဆီကေန ဖုန္းဝင္လာလို႕ ေသဆံုးသူကိုသြားသယ္ခ့ဲၿပီး ၅ နာရီ ဝန္းက်င္ေလာက္မွာ သီေပါျပည္သူ႕ေဆးရံု ရင္ခြဲရံုကို ပို႕ေဆာင္ေပးခ့ဲပါတယ္။ ဦးေခါင္းတစ္ခုလံုးေၾကၿပီး ကားလမ္းေပၚမွာ ေသဆံုးေနတာကိုေတြ႕ရတယ္”ဟု သီေပါ ရွိ နယ္စည္းမျခားပရဟိတအသင္းမွ ကိုမ်ိဳး က ေျပာသည္။

အဆိုပါေသဆံုးမႈအား သီေပါၿမိဳ႕မရဲစခန္းတြင္ ပ/၄၉/၂၀၁၇ ပုဒ္မ ၃၀၄ (က)ျဖင့္ ေသမႈေသခင္းဖြင့္လွစ္ထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု # နယ္စည္းမျခားပရဟိတအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~
သီပေါမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးတွင် အမျိုးသားတစ်ဦးအား တိုက်မိပြီး ထွက်ပြေးသည့်ယာဉ်အား ရှာဖွေနေ
********

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ဆွတ်လန်းကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် နိုဝင်ဘာလ (၄) ရက်နေ့ နံနက်အစောပိုင်းက အမျိုးသားတစ်ဦး ဦးခေါင်းကြေမွဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရသဖြင့် တိုက်သွားသည့်ယာဉ်အား စုံစမ်းရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သီပေါယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“သေဆုံးသူက ဆွတ်လန်းကျေးရွာမှာနေတဲ့ ဦးအိုက်ဆန် အသက် (၄၀) နှစ်ပါ။ တန်ဆောင်မုန်းလပြည့်ညမှာ အပြင်လည်ပြီး ပြန်လာတဲ့အချိန်မှာဖြစ်တာလို့ ခန့်မှန်းရတယ်။ သေဆုံးသူက ဆိုင်ကယ်မပါဘူး။ တိုက်သွားတဲ့ ယာဉ်နဲ့ ပတ်သက်လို့ ဖြန့်ကျက်စုံစမ်းမှုတွေ လုပ်နေပါတယ်”ဟု သီပေါယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး ဝင်းဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးသူအား သီပေါမြို့ရှိ နယ်စည်းမခြားပရဟိတအသင်းက သီပေါပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

“မနက် ၄ နာရီ ခွဲလောက်မှာ ယာဉ်ထိန်းတပ်ဖွဲ့ဆီကနေ ဖုန်းဝင်လာလို့ သေဆုံးသူကိုသွားသယ်ခဲ့ပြီး ၅ နာရီ ဝန်းကျင်လောက်မှာ သီပေါပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဦးခေါင်းတစ်ခုလုံးကြေပြီး ကားလမ်းပေါ်မှာ သေဆုံးနေတာကိုတွေ့ရတယ်”ဟု သီပေါ ရှိ နယ်စည်းမခြားပရဟိတအသင်းမှ ကိုမျိုး က ပြောသည်။

အဆိုပါသေဆုံးမှုအား သီပေါမြို့မရဲစခန်းတွင် ပ/၄၉/၂၀၁၇ ပုဒ်မ ၃၀၄ (က)ဖြင့် သေမှုသေခင်းဖွင့်လှစ်ထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ # နယ်စည်းမခြားပရဟိတအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~