Update News

ႏိုဝင္ဘာလ ၉ ရက္တြင္ တာခ်ီလိတ္ႏွင့္ မံုရြာၿမိဳ႕မ်ားအနီး ငလ်င္လႈပ္ခတ္မႈျဖစ္ပြား

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ႏွင့္ ျမန္မာႏိုင္ငံအလယ္ပိုင္း မံုရြာၿမိဳ႕မ်ား အနီးတဝိုက္တြင္ ႏိုဝင္ဘာလ (၉)ရက္ေန႔က ငလ်င္ႏွစ္ႀကိမ္ လႈပ္ခတ္သြားေၾကာင္း မိုးေလဝသ ႏွင္႔ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနက သတင္းထုတ္ျပန္ထားသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၏ အေနာက္ဘက္ မိုင္(၅၉)ခန္႔အကြာကို ဗဟိုျပဳ၍အင္အား ရစ္(ခ္)တာစေကး (၄.၇)အဆင့္ရိွ အင္အား အနည္းငယ္ရွိေသာ ေျမငလ်င္တစ္ခု ႏိုဝင္ဘာလ (၉)ရက္ေန႔  ျမန္မာစံေတာ္ခ်ိန္ (၀၅)နာရီ (၅၉)မိနစ္ (၁၇)စကၠန္႔ က လႈပ္ခတ္သြားၿပီး ဒုတိယငလ်င္မွာ  ျမန္မာစံေတာ္ခ်ိန္ (၁၀)နာရီ (၁၄)မိနစ္ (၅၂)စကၠန္႔ အခ်ိန္တြင္ မုံရြာၿမိဳ႕ အေနာက္ေတာင္ဘက္ (၂၂) မိုင္ခန္႔အကြာကို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး (၄.၀) အဆင့္ရိွ ငလ်င္တို႔ လႈပ္ခတ္သြားေၾကာင္း  မိုးေလဝသ ႏွင္႔ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန မွ ယေန႔ သတင္းထုတ္ျပန္ထားသည္။

အဆိုပါ ငလ်င္လႈပ္ခတ္မႈမ်ားေၾကာင့္ ပ်က္စီးမႈမရိွေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~
နိုဝင်ဘာလ ၉ ရက်တွင် တာချီလိတ်နှင့် မုံရွာမြို့များအနီး ငလျင်လှုပ်ခတ်မှုဖြစ်ပွား
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် မြန်မာနိုင်ငံအလယ်ပိုင်း မုံရွာမြို့များ အနီးတဝိုက်တွင် နိုဝင်ဘာလ (၉)ရက်နေ့က ငလျင်နှစ်ကြိမ် လှုပ်ခတ်သွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ အနောက်ဘက် မိုင်(၅၉)ခန့်အကွာကို ဗဟိုပြု၍အင်အား ရစ်(ခ်)တာစကေး (၄.၇)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု နိုဝင်ဘာလ (၉)ရက်နေ့  မြန်မာစံတော်ချိန် (၀၅)နာရီ (၅၉)မိနစ် (၁၇)စက္ကန့် က လှုပ်ခတ်သွားပြီး ဒုတိယငလျင်မှာ  မြန်မာစံတော်ချိန် (၁၀)နာရီ (၁၄)မိနစ် (၅၂)စက္ကန့် အချိန်တွင် မုံရွာမြို့ အနောက်တောင်ဘက် (၂၂) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀) အဆင့်ရှိ ငလျင်တို့ လှုပ်ခတ်သွားကြောင်း  မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုများကြောင့် ပျက်စီးမှုမရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::