ေရႊေညာင္ၿမိဳ႕တြင္ မိုးရြာသြန္းမႈေၾကာင့္ လယ္ထဲသို႔ ေရမ်ား၀င္ေရာက္လာရာမွ စပါးဧက (၅၀)ေက်ာ္ ပ်က္စီးဆံုးရွံဳး

ေရႊေညာင္ၿမိဳ႕တြင္ မိုးရြာသြန္းမႈေၾကာင့္ လယ္ထဲသို႔ ေရမ်ား၀င္ေရာက္လာရာမွ စပါးဧက (၅၀)ေက်ာ္ ပ်က္စီးဆံုးရွံဳး
နိုဝင်ဘာ 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေရႊေညာင္ၿမိဳ႕အတြင္း၌ မိုးရြာသြန္းမႈေၾကာင့္ ေရမ်ားမွာ လယ္ထဲသို႔ စီးေမ်ာလာသည့္ အတြက္ စပါးဧက (၅၀)ေက်ာ္ ပ်က္စီးဆံုးရွံဳးမႈ ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

"ႏို၀င္ဘာလ (၂၅)ရက္ေန႔ ညေနက မိုးတအားရြာေတာ့ ကြ်န္ေတာ္တို႔ စပါးစိုက္ခင္းေတြေရာ ၾကက္သြန္ျဖဴ၊ ၾကံခင္းေတြေရာ ေရထဲ ပါၿပီး ပ်က္စီးတာ ။ စပါးဆို ဧက (၅၀)ေက်ာ္ ပ်က္စီးသြားပါတယ္။ အရင္ႏွစ္ကဆို ဒီလိုမျဖစ္ပါဘူး။ ၾကက္သြန္ျဖဴနဲ႕ ႀကံခင္း အပါအ၀င္ ဆိုရင္ဧက (၅၀)ေက်ာ္မကပါဘူး။ တခ်ဳိ႕ဆို ရိတ္သိမ္းၿပီးသား စပါးေတြကို မသယ္ႏိုင္ေသးလို႔ ထားထားတဲ့ စပါးေတြလည္း ေရထဲအကုန္ပါသြားတယ္။ အဓိက ကေတာ့ ေရေျမာင္းေတြကို ေရလႊဲတံတားေတြ ေသခ်ာမထားရွိေတာ့ လယ္ထဲစီးေမ်ာကုန္တာပါ။ ဆည္ေတြရဲ႕ ထြက္လမ္းေတြကလည္း အတည္တက် မလုပ္ထားေတာ့ စပါးခင္းထဲမွပဲ ေမ်ာ၀င္သြားတယ္။ စပါးစိုက္ဧကေပါင္းက (၄၀၀)ေက်ာ္ေလာက္ရွိပါတယ္။ ကြ်န္ေတာ္တို႕ဒီမွာက ေရႊရင္ေအးစပါးကို အဓိကထားျပီး စိုက္ပ်ဳိးတာပါ။ တစ္ဧကကို တင္း (၁၀၀) ေက်ာ္ ထြက္ပါတယ္။"ဟု ေရႊေညာင္ၿမိဳ႕မွ စပါးစိုက္ေတာင္သူ ဦးလူခဲ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရႊေညာင္ၿမိဳ႕တြင္ ေရႊရင္ေအးစပါးမ်ားကိုသာ အဓိကစိုက္ပ်ဳိးျခင္းျဖစ္ၿပီး မႏၱေလး၊ လာရိႈး၊ ႏွင့္ တရုတ္နိုင္ငံသို႕ တစ္တင္းလွ်င္ က်ပ္(၁၂၀၀၀) ျဖင့္ တင္ပို႕ေနေၾကာင္း သိရသည္။

"တင္ပို႔တာကေတာ့ မႏၱေလး၊ ၊လာရိႈး၊ တရုတ္ေတြကို တင္ပို႔ပါတယ္။ ရိတ္သိမ္းၿပီးသား စပါးကိုပဲ တင္ပို႔တာပါ ။ ဆန္အျဖစ္ေျပာင္းနိုင္ဖို႔ ကုန္သည္ေတြ ပြဲစားေတြပဲ တစ္ဆင့္ ျပန္လုပ္သြားတယ္။ မေန႔ကေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ လာၾကည့္တယ္။ သူတို႔ဘက္ကေတာ့ ေနာက္ထပ္ေရေတြ မစီး၀င္ႏိုင္ေအာင္ ေရေျမာင္း/ဆည္ေျမာင္းေတြ ျပဳျပင္ေပးမယ္လို႔ ကတိေပးသြားပါတယ္။ မႏွစ္ကဆိုရင္ ေရြရင္ေအးစပါး တစ္တင္းကို က်ပ္ ၁၅၀၀၀ ကေန က်ပ္ ၁၇၀၀၀ အထိရတယ္။ ဒီႏွစ္ကေတာ့ တစ္တင္းကို ၁၂၀၀၀ ပဲ ရပါတယ္။ စပါးေစ်းက က်ၿပီး ဆန္ေစ်းက တက္ေနပါတယ္။ ဆန္ေစ်းနဲ႔ စပါးေစ်းကို အရမ္း မကြာဖို႔ကိုလည္း ကြ်န္ေတာ္တို႔ တင္ျပထားပါတယ္။"ဟု ဦးလူခဲ က ေျပာသည္။

၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၂၅)ရက္ေန႔ ညေနပိုင္းက မိုးရြာသြန္းမႈေၾကာင့္ စပါးစိုက္ဧက(၄၀၀)ေက်ာ္အနက္ စပါးဧက(၅၀)ေက်ာ္ ပ်က္စီးဆံုးရႈံးသြားျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - ႏိုႏို
ဓာတ္ပံု - လူခဲ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့အတွင်း၌ မိုးရွာသွန်းမှုကြောင့် ရေများမှာ လယ်ထဲသို့ စီးမျောလာသည့် အတွက် စပါးဧက (၅၀)ကျော် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

"နိုဝင်ဘာလ (၂၅)ရက်နေ့ ညနေက မိုးတအားရွာတော့ ကျွန်တော်တို့ စပါးစိုက်ခင်းတွေရော ကြက်သွန်ဖြူ၊ ကြံခင်းတွေရော ရေထဲ ပါပြီး ပျက်စီးတာ။ စပါးဆို ဧက (၅၀)ကျော် ပျက်စီးသွားပါတယ်။ အရင်နှစ်ကဆို ဒီလိုမဖြစ်ပါဘူး။ ကြက်သွန်ဖြူနဲ့ ကြံခင်း အပါအဝင် ဆိုရင်ဧက (၅၀)ကျော်မကပါဘူး။ တချို့ဆို ရိတ်သိမ်းပြီးသား စပါးတွေကို မသယ်နိုင်သေးလို့ ထားထားတဲ့ စပါးတွေလည်း ရေထဲအကုန်ပါသွားတယ်။ အဓိက ကတော့ ရေမြောင်းတွေကို ရေလွှဲတံတားတွေ သေချာမထားရှိတော့ လယ်ထဲစီးမျောကုန်တာပါ။ ဆည်တွေရဲ့ ထွက်လမ်းတွေကလည်း အတည်တကျ မလုပ်ထားတော့ စပါးခင်းထဲမှပဲ မျောဝင်သွားတယ်။ စပါးစိုက်ဧကပေါင်းက (၄၀၀)ကျော်လောက်ရှိပါတယ်။ ကျွန်တော်တို့ဒီမှာက ရွှေရင်အေးစပါးကို အဓိကထားပြီး စိုက်ပျိုးတာပါ။ တစ်ဧကကို တင်း (၁၀၀) ကျော် ထွက်ပါတယ်။"ဟု ရွှေညောင်မြို့မှ စပါးစိုက်တောင်သူ ဦးလူခဲ က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရွှေညောင်မြို့တွင် ရွှေရင်အေးစပါးများကိုသာ အဓိကစိုက်ပျိုးခြင်းဖြစ်ပြီး မန္တလေး၊ လာရှိုး၊ နှင့် တရုတ်နိုင်ငံသို့ တစ်တင်းလျှင် ကျပ်(၁၂၀၀၀) ဖြင့် တင်ပို့နေကြောင်း သိရသည်။

"တင်ပို့တာကတော့ မန္တလေး၊လာရှိုး၊ တရုတ်တွေကို တင်ပို့ပါတယ်။ ရိတ်သိမ်းပြီးသား စပါးကိုပဲ တင်ပို့တာပါ။ ဆန်အဖြစ်ပြောင်းနိုင်ဖို့ ကုန်သည်တွေ ပွဲစားတွေပဲ တစ်ဆင့် ပြန်လုပ်သွားတယ်။ မနေ့ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ လာကြည့်တယ်။ သူတို့ဘက်ကတော့ နောက်ထပ်ရေတွေ မစီးဝင်နိုင်အောင် ရေမြောင်း/ဆည်မြောင်းတွေ ပြုပြင်ပေးမယ်လို့ ကတိပေးသွားပါတယ်။ မနှစ်ကဆိုရင် ရွေရင်အေးစပါး တစ်တင်းကို ကျပ် ၁၅၀၀၀ ကနေ ကျပ် ၁၇၀၀၀ အထိရတယ်။ ဒီနှစ်ကတော့ တစ်တင်းကို ၁၂၀၀၀ ပဲ ရပါတယ်။ စပါးဈေးက ကျပြီး ဆန်ဈေးက တက်နေပါတယ်။ ဆန်ဈေးနဲ့ စပါးဈေးကို အရမ်း မကွာဖို့ကိုလည်း ကျွန်တော်တို့ တင်ပြထားပါတယ်။"ဟု ဦးလူခဲ က ပြောသည်။

၂၀၁၇ခုနှစ် နိုဝင်ဘာလ(၂၅)ရက်နေ့ ညနေပိုင်းက မိုးရွာသွန်းမှုကြောင့် စပါးစိုက်ဧက(၄၀၀)ကျော်အနက် စပါးဧက(၅၀)ကျော် ပျက်စီးဆုံးရှုံးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း - နိုနို
ဓာတ်ပုံ - လူခဲ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~