တာခ်ီလိတ္တြင္ကုသ၍မရႏိုင္သည့္ တစ္လခြဲအရြယ္ကေလးငယ္ ခြဲစိတ္ကုသမႈအတြက္ အကူအညီ လိုအပ္ေန

တာခ်ီလိတ္တြင္ကုသ၍မရႏိုင္သည့္ တစ္လခြဲအရြယ္ကေလးငယ္ ခြဲစိတ္ကုသမႈအတြက္ အကူအညီ လိုအပ္ေန
နိုဝင်ဘာ 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုႀကီးတြင္ ကုသမႈခံယူေနသည့္ အစာအိမ္ ထြက္ေပါက္က်ဥ္း ေရာဂါခံစားေနသည့္ တစ္လခြဲအရြယ္ကေလးငယ္မွာ ခြဲစိတ္ကုသမႈေပးႏုိင္မည့္ ေဆးရံုႀကီးမ်ားတြင္ သြားေရာက္ကုသမႈ ခံယူရန္အတြက္ လူမႈကူညီေရးအသင္းအဖြ႔ဲမ်ားႏွင့္ ေစတနာရွင္မ်ား၏ အကူအညီမ်ား လိုအပ္ေနေၾကာင္း သိရသည္။

“ကေလးက တာခ်ီလိတ္ေဆးရုံကို (၁၅)ရက္သားမွာ တအားအန္ၿပီးေတာ့ ေရာက္လာတယ္။ အခုဆိုရင္ ကုရင္းကုရင္းနဲ႕ တစ္လခြဲေရာက္ေနၿပီ။ ကေလးရဲ႕ ေရာဂါအမည္ကိုလည္း ရသြားပါၿပီ။ ကေလးရဲ႕ ေရာဂါက အစာအိမ္ထြက္ေပါက္က်ဥ္းတဲ့ေရာဂါ ျဖစ္ေနတယ္။ ဒီေရာဂါက ခြဲစိတ္ကုသမွပဲ သက္သာမယ့္ ေရာဂါျဖစ္တယ္။ ဒါေပမဲ့ ဒီတာခ်ီလိတ္မွာက်ေတာ့ ကေလးေတြကို ခြဲစိတ္ဖို႕က မရႏိုင္ဘူး။ ကေလးမိဘေတြကလည္း ေငြေရးေၾကးေရး အဆင္မေျပဘူး။ အခုဒီေဆးရုံတက္ေနတဲ့ ကာလပတ္လုံးလည္း သူတို႔က စားစရိတ္ပဲကုန္တယ္။ က်န္တဲ့ ေဆးဖိုးေတြအကုန္ကို ေဆးရုံကပဲ တာ၀န္ယူေပးထားပါတယ္။ ဒီကေလးကို ဒီေဆးရုံကပဲ အကုန္ကုေပးလို႔ရတယ္ဆိုရင္ အကုန္တာ၀န္ယူၿပီး ကုေပးလို႕ရတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔က မႏိုင္ဘူး။ ခြဲစိတ္ဆရာ၀န္ကလည္း မခြဲေပးႏိုင္ဘူး။ ဒီတိုင္း ဆက္သြားေနရင္လည္း ၾကာေလၾကာေလ ပိုဆိုးၿပီး ကေလးအသက္ ဆုံးရႈံးသြားႏိုင္ပါတယ္။ ဒါေၾကာင့္ ခြဲစိတ္ဖို႔က လိုကို လိုတယ္။ ခြဲၿပီးသြားရင္ေတာ့ ကေလးက ေရာဂါအရွင္းေပ်ာက္ၿပီ။ ဒါေၾကာင့္ ကၽြန္ေတာ္တို႕ကလည္း ကေလးရဲ႕ အသက္ကို ကယ္ခ်င္ပါတယ္။ ဒါေၾကာင့္ ကေလးကို ခြဲစိတ္ကုသေပးႏိုင္တဲ့ ထိုင္းႏိုင္က ေဆးရုံေတြနဲ႕ ရန္ကုန္၊ မႏၱေလးတို႕မွာ ရိွတဲ့ ေဆးရုံေတြမွာ ခြဲစိတ္ေစခ်င္ပါတယ္။ ဒီအတြက္ အလွဴရွင္ေတြ လိုအပ္ေနပါတယ္”ဟု တာခ်ီလိတ္ခရိုင္ ကုတင္(၁၀၀)ဆံ့ ေဆးရုံႀကီးမွ ကေလးအထူးကုဆရာ၀န္ ေဒါက္တာ ေက်ာ္စြာျမင့္က ႏို၀င္ဘာလ(၂၅)ရက္ေန႔ ေန႔လယ္ပိုင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ကေလးမွာ မိုင္းျဖတ္ၿမိဳ႕နယ္ ေဟြရိုးရြာမွျဖစ္ၿပီး ကေလးအား ဆက္လက္ကုသရန္ ေငြေၾကး မတတ္ႏိုင္သည့္ အတြက္ ကေလးခြဲစိတ္ဆရာ၀န္ႀကီးမ်ားက ခြဲစိတ္ကုသေပးႏိုင္သည့္ ေဆးရုံႀကီးမ်ားတြင္ သြားေရာက္၍ ခြဲစိတ္ကုသမႈခံယူရန္ အလွဴရွင္မ်ား လိုအပ္လွ်က္ရိွေၾကာင္း သိရသည္။

ကေလးအား ခြဲစိတ္ကုသရန္ ခ်င္းမိုင္ႏွင့္ ခ်င္းရိုင္းၿမိဳ႕မ်ားမွ ေဆးရုံမ်ားတြင္လည္း ကုသႏုိင္ၿပီး  ရန္ကုန္ႏွင့္ မႏၱေလးၿမိဳ႕မ်ားမွ ေဆးရုံမ်ားတြင္ ခြဲစိတ္ကုသမႈခံယူပါက ေဆးရံုမွ စရိတ္မွ်ေပးစနစ္ေၾကာင့္ ကုန္က်စရိတ္ သက္သာႏုိင္ေၾကာင္း ေဒါက္တာေက်ာ္စြာျမင့္က အႀကံျပဳထားသည္။

 “လက္ရိွမွာေတာ့ ဒီေဆးရုံမွာက ကေလးရဲ႕ေရာဂါကို ထိန္းထားေပးလို႔ပဲရပါတယ္။ အူက လုံး၀ပိတ္ေနရင္ေတာ့ တစ္ပတ္အတြင္း ေသသြားႏိုင္တယ္။ အခုက မပိတ္ဘဲ က်ဥ္းေနတဲ့အတြက္ စားေတာ့ စားတယ္။ ေအာက္ကို မေရာက္တဲ့အတြက္ ဗိုက္ႀကီးကတင္းလာၿပီးေတာ့ အစာအိမ္က က်ယ္လာတယ္။ အခုေတာင္ ေတာ္ေတာ္က်ယ္ေနၿပီ။  မခြဲဘဲထားရင္ ဒါႀကီးက ပိုပိုက်ယ္လာၿပီးေတာ့ ခြဲတဲ့အခါ အခက္ ေတြ႕ႏိုင္တယ္။ အဲဒါအျပင္ ေနာက္ပိုင္းမွာ ဘယ္ခ်ိန္ျဖစ္ျဖစ္ ရုတ္တရတ္ႀကီး ေလေပါက္ေတြ ပိတ္တာတို႕၊ အန္ဖတ္စို႔တာတို႕၊ ေက်ာက္ကပ္ထိတာတို႔ ျဖစ္လာႏိုင္တယ္။ ေနာက္ဆုံး ေသသြားႏိုင္တယ္။ အခုဒီမွာရိွတဲ့ လူႀကီးခြဲစိတ္ ဆရာ၀န္ကလည္း မခြဲေပးႏိုင္ဘူး။ ကေလးခြဲစိတ္ဆရာ၀န္ကသာ ခြဲေပးႏိုင္လိမ့္မယ္။ ခြဲစိတ္မႈ ေအာင္ျမင္တယ္ဆိုရင္ေတာ့ ႏွစ္ပတ္အတြင္း ေရာဂါအရွင္း ေပ်ာက္ႏိုင္တယ္”ဟု ေဒါက္တာေက်ာ္စြာျမင့္က ေျပာသည္။

လက္ရိွတြင္ ကေလးမွာ မိခင္ႏို႕ကို ေသာက္သုံးႏုိင္ေနၿပီး ေအာက္စီဂ်င္ေပးျခင္း၊ လိုအပ္ေသာ ေဆး၀ါးကုသမႈမ်ားကို ေဆးရံုမွ အခမဲ့ကုသေပးေနေၾကာင္း သိရသည္။

အဆိုပါ ကေလးငယ္မွာ လက္ရိွတြင္ တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံု ကေလးကုသေဆာင္တြင္ ကုသမႈခံယူေနေၾကာင္း ႏွင့္ ကေလးငယ္ေဆးကုသႏုိင္ေရးအတြက္ လွဴဒါန္းလိုသူမ်ား ရွာေဖြျခင္းႏွင့္ စီမံခန္႔ခြဲေပးေရးအတြက္ တာဝန္ယူမည့္ လူမႈေရးအသင္းအဖြဲ႔မ်ား၏ အကူအညီမ်ား လိုအပ္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသည့် အစာအိမ် ထွက်ပေါက်ကျဉ်း ရောဂါခံစားနေသည့် တစ်လခွဲအရွယ်ကလေးငယ်မှာ ခွဲစိတ်ကုသမှုပေးနိုင်မည့် ဆေးရုံကြီးများတွင် သွားရောက်ကုသမှု ခံယူရန်အတွက် လူမှုကူညီရေးအသင်းအဖွဲ့များနှင့် စေတနာရှင်များ၏ အကူအညီများ လိုအပ်နေကြောင်း သိရသည်။

“ကလေးက တာချီလိတ်ဆေးရုံကို (၁၅)ရက်သားမှာ တအားအန်ပြီးတော့ ရောက်လာတယ်။ အခုဆိုရင် ကုရင်းကုရင်းနဲ့ တစ်လခွဲရောက်နပြေီ။ ကလေးရဲ့ ရောဂါအမည်ကိုလည်း ရသွားပါပြီ။ ကလေးရဲ့ ရောဂါက အစာအိမ်ထွက်ပေါက်ကျဉ်းတဲ့ရောဂါ ဖြစ်နေတယ်။ ဒီရောဂါက ခွဲစိတ်ကုသမှပဲ သက်သာမယ့် ရောဂါဖြစ်တယ်။ ဒါပေမဲ့ ဒီတာချီလိတ်မှာကျတော့ ကလေးတွေကို ခွဲစိတ်ဖို့က မရနိုင်ဘူး။ ကလေးမိဘတွေကလည်း ငွေရေးကြေးရေး အဆင်မပြေဘူး။ အခုဒီဆေးရုံတက်နေတဲ့ ကာလပတ်လုံးလည်း သူတို့က စားစရိတ်ပဲကုန်တယ်။ ကျန်တဲ့ ဆေးဖိုးတွေအကုန်ကို ဆေးရုံကပဲ တာဝန်ယူပေးထားပါတယ်။ ဒီကလေးကို ဒီဆေးရုံကပဲ အကုန်ကုပေးလို့ရတယ်ဆိုရင် အကုန်တာဝန်ယူပြီး ကုပေးလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့က မနိုင်ဘူး။ ခွဲစိတ်ဆရာဝန်ကလည်း မခွဲပေးနိုင်ဘူး။ ဒီတိုင်း ဆက်သွားနေရင်လည်း ကြာလကြောလေ ပိုဆိုးပြီး ကလေးအသက် ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကြောင့် ခွဲစိတ်ဖို့က လိုကို လိုတယ်။ ခွဲပြီးသွားရင်တော့ ကလေးက ရောဂါအရှင်းပျောက်ပြီ။ ဒါကြောင့် ကျွန်တော်တို့ကလည်း ကလေးရဲ့ အသက်ကို ကယ်ချင်ပါတယ်။ ဒါကြောင့် ကလေးကို ခွဲစိတ်ကုသပေးနိုင်တဲ့ ထိုင်းနိုင်က ဆေးရုံတွေနဲ့ ရန်ကုန်၊ မန္တလေးတို့မှာ ရှိတဲ့ ဆေးရုံတွေမှာ ခွဲစိတ်စေချင်ပါတယ်။ ဒီအတွက် အလှူရှင်တွေ လိုအပ်နေပါတယ်”ဟု တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန် ဒေါက်တာ ကျော်စွာမြင့်က နိုဝင်ဘာလ(၂၅)ရက်နေ့ နေ့လယ်ပိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကလေးမှာ မိုင်းဖြတ်မြို့နယ် ဟွေရိုးရွာမှဖြစ်ပြီး ကလေးအား ဆက်လက်ကုသရန် ငွေကြေး မတတ်နိုင်သည့် အတွက် ကလေးခွဲစိတ်ဆရာဝန်ကြီးများက ခွဲစိတ်ကုသပေးနိုင်သည့် ဆေးရုံကြီးများတွင် သွားရောက်၍ ခွဲစိတ်ကုသမှုခံယူရန် အလှူရှင်များ လိုအပ်လျှက်ရှိကြောင်း သိရသည်။

ကလေးအား ခွဲစိတ်ကုသရန် ချင်းမိုင်နှင့် ချင်းရိုင်းမြို့များမှ ဆေးရုံများတွင်လည်း ကုသနိုင်ပြီး ရန်ကုန်နှင့် မန္တလေးမြို့များမှ ဆေးရုံများတွင် ခွဲစိတ်ကုသမှုခံယူပါက ဆေးရုံမှ စရိတ်မျှပေးစနစ်ကြောင့် ကုန်ကျစရိတ် သက်သာနိုင်ကြောင်း ဒေါက်တာကျော်စွာမြင့်က အကြံပြုထားသည်။

 “လက်ရှိမှာတော့ ဒီဆေးရုံမှာက ကလေးရဲ့ရောဂါကို ထိန်းထားပေးလို့ပဲရပါတယ်။ အူက လုံးဝပိတ်နေရင်တော့ တစ်ပတ်အတွင်း သေသွားနိုင်တယ်။ အခုက မပိတ်ဘဲ ကျဉ်းနေတဲ့အတွက် စားတော့ စားတယ်။ အောက်ကို မရောက်တဲ့အတွက် ဗိုက်ကြီးကတင်းလာပြီးတော့ အစာအိမ်က ကျယ်လာတယ်။ အခုတောင် တော်တော်ကျယ်နပြေီ။ မခွဲဘဲထားရင် ဒါကြီးက ပိုပိုကျယ်လာပြီးတော့ ခွဲတဲ့အခါ အခက် တွေ့နိုင်တယ်။ အဲဒါအပြင် နောက်ပိုင်းမှာ ဘယ်ချိန်ဖြစ်ဖြစ် ရုတ်တရတ်ကြီး လေပေါက်တွေ ပိတ်တာတို့၊ အန်ဖတ်စို့တာတို့၊ ကျောက်ကပ်ထိတာတို့ ဖြစ်လာနိုင်တယ်။ နောက်ဆုံး သေသွားနိုင်တယ်။ အခုဒီမှာရှိတဲ့ လူကြီးခွဲစိတ် ဆရာဝန်ကလည်း မခွဲပေးနိုင်ဘူး။ ကလေးခွဲစိတ်ဆရာဝန်ကသာ ခွဲပေးနိုင်လိမ့်မယ်။ ခွဲစိတ်မှု အောင်မြင်တယ်ဆိုရင်တော့ နှစ်ပတ်အတွင်း ရောဂါအရှင်း ပျောက်နိုင်တယ်”ဟု ဒေါက်တာကျော်စွာမြင့်က ပြောသည်။

လက်ရှိတွင် ကလေးမှာ မိခင်နို့ကို သောက်သုံးနိုင်နပြေီး အောက်စီဂျင်ပေးခြင်း၊ လိုအပ်သော ဆေးဝါးကုသမှုများကို ဆေးရုံမှ အခမဲ့ကုသပေးနေကြောင်း သိရသည်။

အဆိုပါ ကလေးငယ်မှာ လက်ရှိတွင် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ ကလေးကုသဆောင်တွင် ကုသမှုခံယူနေကြောင်း နှင့် ကလေးငယ်ဆေးကုသနိုင်ရေးအတွက် လှူဒါန်းလိုသူများ ရှာဖွခြေင်းနှင့် စီမံခန့်ခွဲပေးရေးအတွက် တာဝန်ယူမည့် လူမှုရေးအသင်းအဖွဲ့များ၏ အကူအညီများ လိုအပ်နေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~