ေညာင္ေရႊၿမိဳ႕ရိွ ေစာ္ဘြားဂူတြင္ ေညာင္ေရႊေစာ္ဘြားရုပ္တုထားရိွရန္ ေကာ္မတီဖြဲ႔၍ ေဆာင္ရြက္ေန

ေညာင္ေရႊၿမိဳ႕ရိွ ေစာ္ဘြားဂူတြင္ ေညာင္ေရႊေစာ္ဘြားရုပ္တုထားရိွရန္ ေကာ္မတီဖြဲ႔၍ ေဆာင္ရြက္ေန
နိုဝင်ဘာ 28, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း)ေညာင္ေရႊၿမိဳ႕ ၊ သာစည္ရပ္ကြက္ ၊ လြတ္လပ္ေရးေက်ာက္တိုင္ကြင္း အေရွ႕ဘက္ရွိ ေညာင္ေရႊေစာ္ဘြားဂူတြင္ ေစာ္ဘြား၏ ပံုတူေၾကးရုပ္တုထားရွိရန္ ၂၀၁၈ ခုႏွစ္အတြင္း အေကာင္အထည္ေဖာ္သြားမည္ျဖစ္ေၾကာင္း ေၾကးရုပ္ျဖစ္ေျမာက္ေရးယာယီေကာ္မတီထံမွ သိရသည္။

“ေၾကးရုပ္တုျဖစ္ေျမာက္ေရးအတြက္ အခုေလာေလာဆယ္မွာေတာ့ ယာယီေကာ္မတီဝင္ (၂၀)ေက်ာ္နဲ႔ ဖြဲ႕စည္းထားပါတယ္။ အလွဴမတည္ေငြကေတာ့ သိန္း (၂၀) ရရွိထားပါၿပီ။ ကုန္က်ေငြက သိန္း (၁၀၀) ေက်ာ္ ကုန္မွာဆိုေတာ့ ၂၀၁၈ ခုႏွစ္အတြင္းမွာ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားနိုင္မွာပါ။ ရုပ္တု ပံုစံကေတာ့ လြတ္လပ္ေရးေန႔ အလံတင္ အခမ္းအနားမွာ ဝတ္တဲ့ဝတ္စံုနဲ႔ မတ္တပ္ရပ္ေနတဲ့ပံု ထုလုပ္သြားမွာပါ။ ေအာက္ေျခမွာကေတာ့ ျမန္မာစာ၊ အဂၤလိပ္စာ၊ ရွမ္းစာ (၃) ဘာသာနဲ႕ ေရးသား သြားမွာပါ။ ရုပ္တုကို ေစာ္ဘြားရဲ႕ ဂူဗိမာန္ေရွ႕မွာ တည္ထားမယ္။ ရန္ပံုေငြအေပၚမူတည္ၿပီးေတာ့လည္း အေနွးနဲ႕ အျမန္ျပဳလုပ္သြားမွာပါ။ လႊတ္ေတာ္ကိုယ္စားလွယ္ (၁၇) ဦးကေတာ့ တစ္ရက္ကုန္က်ေငြ လာလွဴဖို႕ ေျပာထားပါတယ္” ဟု ေၾကးရုပ္ျဖစ္ေျမာက္ေရးယာယီေကာ္မတီ ဥကၠဌ ဦးခင္ေမာင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေညာင္ေရႊေစာ္ဘြားႀကီးသည္ ၁၉၆၂ ခုႏွစ္ မတ္လ (၂) ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕ေနအိမ္တြင္ ဖမ္းဆီး ထိန္းသိမ္းခံခဲ႕ရၿပီး နို၀င္ဘာလ (၂၁)ရက္ေန႔တြင္ အင္းစိန္ေထာင္အတြင္း ကြယ္လြန္ခဲ့ျခင္းျဖစ္သည္။

သတင္း #ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း)ညောင်ရွှမြေို့၊ သာစည်ရပ်ကွက်၊ လွတ်လပ်ရေးကျောက်တိုင်ကွင်း အရှေ့ဘက်ရှိ ညောင်ရွှေစော်ဘွားဂူတွင် စော်ဘွား၏ပုံတူကြေးရုပ်တုထားရှိရန် ၂၀၁၈ ခုနှစ်အတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ကြေးရုပ်ဖြစ်မြောက်ရေးယာယီကော်မတီထံမှ သိရသည်။

“ကြေးရုပ်တုဖြစ်မြောက်ရေးအတွက် အခုလောလောဆယ်မှာတော့ ယာယီကော်မတီဝင် (၂၀)ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ အလှူမတည်ငွေကတော့ သိန်း (၂၀) ရရှိထားပါပြီ။ ကုန်ကျငွေက သိန်း (၁၀၀) ကျော် ကုန်မှာဆိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မှာပါ။ ရုပ်တု ပုံစံကတော့ လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားမှာ ဝတ်တဲ့ဝတ်စုံနဲ့ မတ်တပ်ရပ်နေတဲ့ပုံ ထုလုပ်သွားမှာပါ။ အောက်ခြေမှာကတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရှမ်းစာ (၃) ဘာသာနဲ့ ရေးသား သွားမှာပါ။ ရုပ်တုကို စော်ဘွားရဲ့ ဂူဗိမာန်ရှေ့မှာ တည်ထားမယ်။ ရန်ပုံငွေအပေါ်မူတည်ပြီးတော့လည်း အနှေးနဲ့ အမြန်ပြုလုပ်သွားမှာပါ။ လွှတ်တော်ကိုယ်စားလှယ် (၁၇) ဦးကတော့ တစ်ရက်ကုန်ကျငွေ လာလှူဖို့ ပြောထားပါတယ်” ဟု ကြေးရုပ်ဖြစ်မြောက်ရေးယာယီကော်မတီ ဥက္ကဌ ဦးခင်မောင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ညောင်ရွှေစော်ဘွားကြီးသည် ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့တွင် ရန်ကုန်မြို့နေအိမ်တွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး နိုဝင်ဘာလ (၂၁)ရက်နေ့တွင် အင်းစိန်ထောင်အတွင်း ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

သတင်း #နိုနို 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~