ေက်ာက္မီးေသြးတြင္းၿပိဳက်၍ ပိတ္မိေနသူ (၁၆)ဦးအနက္ (၆) ဦးဆယ္ထုတ္ရန္ က်န္ေန

ေက်ာက္မီးေသြးတြင္းၿပိဳက်၍ ပိတ္မိေနသူ (၁၆)ဦးအနက္ (၆) ဦးဆယ္ထုတ္ရန္ က်န္ေန
နိုဝင်ဘာ 28, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး မင္းဘူးၿမိဳ႕နယ္ ေရႊစက္ေတာ္အနီးမွ ေက်ာက္မီးေသြးတြင္း အတြင္း ေအာက္ဆီဂ်င္ ရရိွေစရန္ ေလမႈတ္သြင္းသည့္ပိုက္ ပြင့္ထြက္ၿပီး နံရံမ်ားၿပိဳက်သျဖင့္ ပိတ္မိေနသူမ်ား အနက္ (၆)ဦးအား ဆယ္ထုတ္ရန္ က်န္ရွိေန၍ ႏိုဝင္ဘာလ (၂၈)ရက္ေန႔တြင္ ကယ္ဆယ္ေရး ဆက္လက္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ကယ္ဆယ္ေရးအဖဲြ႔အေနနဲ႔ ည (၉) နာရီ (၁၅) မိနစ္အခ်ိန္ေလာက္မွာ အသက္ (၂၂) ႏွစ္အရြယ္ ကိုေအာင္ထူးနဲ႔ အသက္ (၃၆) ႏွစ္အရြယ္ ကိုေအာင္ေထြးတို႔ ႏွစ္ဦးရဲ႕အေလာင္းကိုသာ ဆယ္ယူ ႏိုင္ပါေသးတယ္။ က်င္းထဲမွာ က်န္ရိွေနတာ (၆) ဦးေလာက္ ရိွမယ္ထင္ပါတယ္။ အေပၚဘက္ကို ေထာင္ၿပီးေဖာက္ထားတဲ႔ေနရာက ေက်ာက္ျပားၿပိဳက်ၿပီး ပိေနတဲ႔အတြက္ လက္ရိွအေျခအေနအထိ ဘယ္ႏွစ္ဦးဆိုတာ အတိအက်ေတာ႔ မေျပာႏိုင္ေသးပါဘူး”ဟု မေကြးတိုင္းေဒသႀကီး မီးသတ္ဦးစီးမွဴး ဦးေအာင္ဝင္းစိန္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ေရႊစက္ေတာ္အနီး ငဖဲ - ေရႊစက္ေတာ္လမ္းေဘး (၃)မိုင္ခန္႔အကြာရိွ ဟန္ထက္(၁) ကုမၸဏီပိုင္ ေက်ာက္မီးေသြး တြင္း၌ ႏိုဝင္ဘာ(၂၇)ရက္ မြန္းလဲြ(၂)နာရီခဲြခန္႔တြင္ က်င္းအတြင္းသို႔ ေအာက္ဆီဂ်င္ ရရိွေစရန္ ေလမႈတ္သြင္းသည့္ ပိုက္ပြင္႔ထြက္၍ တြင္းအေပၚနံရံႏွင္႔ ေဘးအကာနံရံမ်ား ျပိဳက်သြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ႏိုဝင္ဘာ(၂၇)ရက္ မြန္းလဲြ(၂)နာရီခဲြအခ်ိန္ခန္႔တြင္ ေက်ာက္မီးေသြးတြင္းတူး လုပ္သား (၁၀)ဦးက ေပ(၃၀၀)ခန္႔ရိွ က်င္းအတြင္းသို႔ ဆင္းသြားၾကစဥ္ က်င္းအတြင္းသို႔ ေလမႈတ္သြင္းသည္႔ စက္အရင္းရိွ မိုးကာစအထူ ေလျပြန္ပိုက္၏ ခ်ဳပ္ရိုးမ်ားပြင္႔ထြက္၍ က်င္းအတြင္းမွ ေလမ်ား ရုတ္တရက္ ျပန္လည္ထြက္သြားသျဖင္႔ က်င္းအေပၚႏွင္႔ ေဘးနံရံမ်ား ၿပိဳက်ၿပီး အတြင္း၌ ပိတ္မိမႈျဖစ္ပြားရျခင္း ျဖစ္ေၾကာင္း မီးသတ္ တိုင္းဦးစီးမွဴး၏ ေျပာၾကားခ်က္အရ သိရသည္။

အခင္းျဖစ္စဥ္ က်င္းဝအနီး၌ရိွေနသည္႔ တရုတ္ႏိုင္ငံသားႏွစ္ဦးႏွင့္ ျမန္မာဝန္ထမ္း အမ်ိဳးသားတစ္ဦး၊ အမ်ိဳးသမီးတစ္ဦး စုစုေပါင္း (၄)ဦးႏွင့္ က်င္းအတြင္းဆင္းသြားသည့္ (၁၀)ဦးအနက္ (၄)ဦး စုစုေပါင္း (၈)ဦးမွာ ျပန္တက္လာႏိုင္ၿပီး က်င္းအတြင္း စစ္ေဆးရန္ ထပ္မံဆင္းသြားသည့္ တရုတ္ႏိုင္ငံသားတစ္ဦး၊ ကုမၸဏီဝန္ထမ္း ျမန္မာအမ်ိဳးသားတစ္ဦးႏွင့္ က်င္းအတြင္းဆင္းသြားသူမ်ားအနက္ (၆)ဦး စုစုေပါင္း (၈)ဦးပိတ္မိေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္စဥ္ျဖစ္ပြားၿပီးေနာက္ ညေန(၃)နာရီ (၄၀)မိနစ္အခ်ိန္တြင္ ငဖဲၿမိဳ႕နယ္မီးသတ္တပ္ဖဲြ႔၊ မင္းဘူးၿမိဳ႕နယ္ မီးသတ္တပ္ဖဲြ႔၊မေကြးတိုင္း/ခရိုင္မီးသတ္တပ္ဖဲြ႔တို႔ႏွင္႔ သက္ဆိုင္ရာမွ တာဝန္ရိွသူမ်ား အခင္းျဖစ္ေနရာသို႔ ေရာက္ရိွၾကၿပီး ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ခဲ႔ၾကရာ ပိတ္မိေနသူ (၈)ဦးအနက္ (၂)ဦး၏ ရုပ္အေလာင္းမ်ားကိုသာ ဆယ္ထုတ္ႏုိင္ခဲ့ၿပီး ကယ္ဆယ္ေရးလုပ္ေနစဥ္ အထူ (၂)ေပခန္႔ရိွ ေက်ာက္ျပားႀကီးအား ျဖတ္ေတာက္ဖယ္ရွားရန္ လိုအပ္လာၿပီး ျဖတ္ေတာက္စဥ္ က်င္းအေပၚႏွင္႔ ေဘးအကာမ်ား ဆက္လက္ၿပိဳက်လာႏိုင္ဖြယ္ရိွသျဖင္႔ ႏိုဝင္ဘာ(၂၇)ရက္ေန႔ ည(၁၂)နာရီအခ်ိန္ခန္႔၌ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေခတၱ ရပ္တန္႔ခဲ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

ကယ္ဆယ္ေရးအဖြဲ႕သည္ ႏိုဝင္ဘာ(၂၈)ရက္ နံနက္ပိုင္းမွစ၍ ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ျပန္လည္စတင္လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၅ ခုႏွစ္ကလည္း မင္းလွၿမိဳ႕နယ္ ကန္တုတ္ေဒသ ၊ ငွက္ႀကီးေတာင္ေၾကာ "ထိုက္ေနမင္း” ေက်ာက္မီးေသြး တူးေဖာ္ေရးကုမၸဏီလုပ္ငန္းခြင္တြင္ ေက်ာက္မီးေသြးတူးေဖာ္စဥ္ လွိဳဏ္ေခါင္းၿပိဳက်၍ က်င္းတူး လုပ္သားတစ္ဦးေသဆံုးၿပီး တစ္ဦးဒဏ္ရာရရိွသြားသည္႔ ျဖစ္စဥ္ျဖစ္ပြားခဲ့ကာ ယခုျဖစ္စဥ္သည္ မေကြးတိုင္းအတြင္းရိွ ေက်ာက္မီးေသြးလုပ္ငန္းခြင္တြင္ ထိခိုက္မႈအနက္ အဆိုးဝါးဆံုး အေျခအေနျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွှေစက်တော်အနီးမှ ကျောက်မီးသွေးတွင်း အတွင်း အောက်ဆီဂျင် ရရှိစေရန် လေမှုတ်သွင်းသည့်ပိုက် ပွင့်ထွက်ပြီး နံရံများပြိုကျသဖြင့် ပိတ်မိနေသူများ အနက် (၆)ဦးအား ဆယ်ထုတ်ရန် ကျန်ရှိနေ၍ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ကယ်ဆယ်ရေး ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

“ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ ည (၉) နာရီ (၁၅) မိနစ်အချိန်လောက်မှာ အသက် (၂၂) နှစ်အရွယ် ကိုအောင်ထူးနဲ့ အသက် (၃၆) နှစ်အရွယ် ကိုအောင်ထွေးတို့ နှစ်ဦးရဲ့အလောင်းကိုသာ ဆယ်ယူ နိုင်ပါသေးတယ်။ ကျင်းထဲမှာ ကျန်ရှိနေတာ (၆) ဦးလောက် ရှိမယ်ထင်ပါတယ်။ အပေါ်ဘက်ကို ထောင်ပြီးဖောက်ထားတဲ့နေရာက ကျောက်ပြားပြိုကျပြီး ပိနေတဲ့အတွက် လက်ရှိအခြေအနေအထိ ဘယ်နှစ်ဦးဆိုတာ အတိအကျတော့ မပြောနိုင်သေးပါဘူး”ဟု မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ရွှေစက်တော်အနီး ငဖဲ - ရွှေစက်တော်လမ်းဘေး (၃)မိုင်ခန့်အကွာရှိ ဟန်ထက်(၁) ကုမ္ပဏီပိုင် ကျောက်မီးသွေး တွင်း၌ နိုဝင်ဘာ(၂၇)ရက် မွန်းလွဲ(၂)နာရီခွဲခန့်တွင် ကျင်းအတွင်းသို့ အောက်ဆီဂျင် ရရှိစေရန် လေမှုတ်သွင်းသည့် ပိုက်ပွင့်ထွက်၍ တွင်းအပေါ်နံရံနှင့် ဘေးအကာနံရံများ ပြိုကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ(၂၇)ရက် မွန်းလွဲ(၂)နာရီခွဲအချိန်ခန့်တွင် ကျောက်မီးသွေးတွင်းတူး လုပ်သား (၁၀)ဦးက ပေ(၃၀၀)ခန့်ရှိ ကျင်းအတွင်းသို့ ဆင်းသွားကြစဉ် ကျင်းအတွင်းသို့ လေမှုတ်သွင်းသည့် စက်အရင်းရှိ မိုးကာစအထူ လပြွေန်ပိုက်၏ ချုပ်ရိုးများပွင့်ထွက်၍ ကျင်းအတွင်းမှ လေများ ရုတ်တရက် ပြန်လည်ထွက်သွားသဖြင့် ကျင်းအပေါ်နှင့် ဘေးနံရံများ ပြိုကျပြီး အတွင်း၌ ပိတ်မိမှုဖြစ်ပွားရခြင်း ဖြစ်ကြောင်း မီးသတ် တိုင်းဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။

အခင်းဖြစ်စဉ် ကျင်းဝအနီး၌ရှိနေသည့် တရုတ်နိုင်ငံသားနှစ်ဦးနှင့် မြန်မာဝန်ထမ်း အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း (၄)ဦးနှင့် ကျင်းအတွင်းဆင်းသွားသည့် (၁၀)ဦးအနက် (၄)ဦး စုစုပေါင်း (၈)ဦးမှာ ပြန်တက်လာနိုင်ပြီး ကျင်းအတွင်း စစ်ဆေးရန် ထပ်မံဆင်းသွားသည့် တရုတ်နိုင်ငံသားတစ်ဦး၊ ကုမ္ပဏီဝန်ထမ်း မြန်မာအမျိုးသားတစ်ဦးနှင့် ကျင်းအတွင်းဆင်းသွားသူများအနက် (၆)ဦး စုစုပေါင်း (၈)ဦးပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် ညနေ(၃)နာရီ (၄၀)မိနစ်အချိန်တွင် ငဖဲမြို့နယ်မီးသတ်တပ်ဖွဲ့၊ မင်းဘူးမြို့နယ် မီးသတ်တပ်ဖွဲ့၊မကွေးတိုင်း/ခရိုင်မီးသတ်တပ်ဖွဲ့တို့နှင့် သက်ဆိုင်ရာမှ တာဝန်ရှိသူများ အခင်းဖြစ်နေရာသို့ ရောက်ရှိကြပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြရာ ပိတ်မိနေသူ (၈)ဦးအနက် (၂)ဦး၏ ရုပ်အလောင်းများကိုသာ ဆယ်ထုတ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်နေစဉ် အထူ (၂)ပေခန့်ရှိ ကျောက်ပြားကြီးအား ဖြတ်တောက်ဖယ်ရှားရန် လိုအပ်လာပြီး ဖြတ်တောက်စဉ် ကျင်းအပေါ်နှင့် ဘေးအကာများ ဆက်လက်ပြိုကျလာနိုင်ဖွယ်ရှိသဖြင့် နိုဝင်ဘာ(၂၇)ရက်နေ့ ည(၁၂)နာရီအချိန်ခန့်၌ ကယ်ဆယ်ရေးလုပ်ငန်းများ ခေတ္တ ရပ်တန့်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့သည် နိုဝင်ဘာ(၂၈)ရက် နံနက်ပိုင်းမှစ၍ ကယ်ဆယ်ရေးလုပ်ငန်းများကို ပြန်လည်စတင်လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်ကလည်း မင်းလှမြို့နယ် ကန်တုတ်ဒေသ၊ ငှက်ကြီးတောင်ကြော "ထိုက်နေမင်း” ကျောက်မီးသွေး တူးဖော်ရေးကုမ္ပဏီလုပ်ငန်းခွင်တွင် ကျောက်မီးသွေးတူးဖော်စဉ် လှိုဏ်ခေါင်းပြိုကျ၍ ကျင်းတူး လုပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကာ ယခုဖြစ်စဉ်သည် မကွေးတိုင်းအတွင်းရှိ ကျောက်မီးသွေးလုပ်ငန်းခွင်တွင် ထိခိုက်မှုအနက် အဆိုးဝါးဆုံး အခြေအနဖြေစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~