ပင်လောင်းမြို့၌ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံသည့်နေ့တွင် သေဆုံးသွားသည့် ကျောင်းသူအား ဓါတ်ခွဲစစ်ဆေးနေပြီး ရလဒ်ကို ထုတ်ပြန်ကြေညာပေးမည်

ပင်လောင်းမြို့၌ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံသည့်နေ့တွင် သေဆုံးသွားသည့် ကျောင်းသူအား ဓါတ်ခွဲစစ်ဆေးနေပြီး ရလဒ်ကို ထုတ်ပြန်ကြေညာပေးမည်
နိုဝငျဘာ 17, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ သတ္တမတန်းကျောင်းသူတစ်ဦး နိုဝင်ဘာလ (၁၆)ရက်နေ့က ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံသည့်နေ့တွင် သေဆုံးသွားသဖြင့် ဓါတ်ခွဲခန်းစစ်ဆေးမှုလုပ်ဆောင်နေပြီး ဓါတ်ခွဲခန်းရလဒ်ထွက်သည်နှင့် အသိပေးထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။




ပုံမှန်အားဖြင့် အဆိုပါ ကာကွယ်ဆေးထိုးပြီးပါက ဆေးထိုးထားသည့် နေရာတွင် နီရဲခြင်း၊ နာခြင်း၊ ရောင်ရမ်းခြင်း၊ ကလေး အီနေခြင်း၊ အနည်းငယ်ဖျားခြင်း၊ ပျို့အန်မူးဝေခြင်းစသည့် မပြင်းထန်သည့် တုန့်ပြန်မှုများ ဖြစ်လေ့ရှိပြီး တစ်ရက်နှစ်ရက်အတွင်း အလိုလျောက်ပျောက်ကင်းလေ့ရှိကြောင်း  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ တာဝန်ရှိသူများ၏ ဖြေကြားချက်အရ သိရသည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက် (၉)လမှ (၁၅)နှစ်အရွယ်ကလေးများအား ထိုးနှံပေးနေသည့်  ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ Chendu Institute of Biological Products Co., ltd မှ ထုတ်လုပ်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရည်အသွေး အသိအမှတ်ပြု ကာကွယ်ဆေး (WHO prequalified vaccine) ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးအား လွန်ခဲ့သည့် နှစ်ပေါင်း (၂၀) ကျော် ကတည်းကစပြီး အသုံးပြု ထိုးနှံနေခြင်းဖြစ်ပြီး ထိုင်း၊ နီပေါ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံများတွင် လက်ရှိ သုံးစွဲနေခြင်းဖြစ်ကာ လူ သန်းပေါင်း (၄၀၀) ကျော်ကို ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။


လက်ရှိဖျားနေသည့် ကလေးများ၊ လတ်တလော ကူးစက်ရောဂါဖြစ်ပွားနေတဲ့ ကလေးများ၊ တီဘီရောဂါ အတွက် ဆေးသောက်နေဆဲ (၂) လမကျော်သူများ၊ နားအလယ်ခန်းရောင်ရမ်းခြင်း ဝေဒနာခံစားနေရသည့် ကလေးများ၊ Prednisolone (သို့) Hydrocortisone Steriods ဆေးတွေကို သောက်သုံး၊ ထိုးနှံနေရသော ကလေးများ၊ မွေးရာပါ၊ (သို့မဟုတ်) ရောဂါကြောင့်၊ (သို့မဟုတ်) ဆေးဝါးကြောင့် ခုခံအားစနစ် ကျဆင်းနေသူများ၊ AIDS ရောဂါလက္ခဏာများ ပေါ်ပေါက်သည်အထိ ခံစားနေရသူများ၊ ကုသမှုခံယူပြီး ဆေးသောက်နေသော်လည်း အတက်ရောဂါ မကြာခဏဖြစ်နေသူများနှင့် နာတာရှည်ရောဂါ ခံစားနေရသူများ အနေဖြင့် ဆရာဝန်၏ အကြံပြုချက်ဖြင့် ရက်ရွှေ့ဆိုင်းထိုးနှံသင့်ကြောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ တာဝန်ရှိသူများက အကြံပြုထားသည်။

အဆိုပါ ကာကွယ်ဆေးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသက် (၉) လ အထက်ကနေ (၁၅) နှစ်အောက် ကလေးများအား ကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြု အစီအစဉ်နှစ်ရပ်ဖြင့် အခမဲ့ထိုးနှံပေးနေခြင်းဖြစ်ပြီး ပြင်ပတွင် မိမိတို့အစီအစဉ်ဖြင့် ယခင်ကတည်းက အဆိုပါ ကာကွယ်ဆေးထိုးနှံနေသူများလည်း  ရှိကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ သတ္တမတန်းကျောင်းသူတစ်ဦး နိုဝင်ဘာလ (၁၆)ရက်နေ့က ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံသည့်နေ့တွင် သေဆုံးသွားသဖြင့် ဓာတ်ခွဲခန်းစစ်ဆေးမှုလုပ်ဆောင်နပြေီး ဓာတ်ခွဲခန်းရလဒ်ထွက်သည်နှင့် အသိပေးထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကာကွယ်ဆေးဌာနက မနေ့က ချက်ချင်းလာတယ်။ သူတို့ရယ် ကျွန်တော်တို့ဆီက မှုခင်းဆရာဝန်ကြီးရယ်၊ သမားတော်ကြီးတို့ ပါတဲ့ အဖွဲ့နဲ့ ရင်ခွဲစစ်ဆေးတယ်။ လောလောဆယ် စစ်ဆေးထားတဲ့ အနေအထားကတော့ ကာကွယ်ဆေးနဲ့ သက်ဆိုင်သလား မသက်ဆိုင်သလား ဆိုတာတော့ တိတိကျကျ အဖြေမထုတ်နိုင်သေးဘူး။ ဓာတ်ခွဲနမူနာတွေကို အမျိုးသား ဓာတ်ခွဲခန်းကို ပို့ထားတယ်။ အဲဒီက အဖြေရရင်တော့ တိတိကျကျ ထုတ်ပြန်ပေးသွားပါမယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကျောင်းသူမှာ နံနက် (၁၀)နာရီဝန်းကျင်တွင် ကာကွယ်ဆေးထိုးပြီး မိနစ် (၃၀)ခန့် အနားယူစေခဲ့ကာ နေ့လယ် (၁၂)နာရီ (၄၅)မိနစ်ခန့်တွင် ထမင်းစားပြီးနောက် မူးဝေလာသဖြင့် ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ပင်လောင်းဆေးရုံမှ ညနေ (၂)နာရီခွဲခန့်တွင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ လွှဲအပ်ပို့ဆောင်ထားခဲ့ရာ ည (၇)နာရီ (၁၅)မိနစ်ခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုံမှန်အားဖြင့် အဆိုပါ ကာကွယ်ဆေးထိုးပြီးပါက ဆေးထိုးထားသည့် နေရာတွင် နီရဲခြင်း၊ နာခြင်း၊ ရောင်ရမ်းခြင်း၊ ကလေး အီနခြေင်း၊ အနည်းငယ်ဖျားခြင်း၊ ပျို့အန်မူးဝခြေင်းစသည့် မပြင်းထန်သည့် တုန့်ပြန်မှုများ ဖြစ်လေ့ရှိပြီး တစ်ရက်နှစ်ရက်အတွင်း အလိုလျောက်ပျောက်ကင်းလေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ တာဝန်ရှိသူများ၏ ဖြကြေားချက်အရ သိရသည်။

“ကာကွယ်ဆေးထိုးရင်တော့ နည်းနည်းလေး နေမကောင်းဖြစ်တတ်တဲ့ အလေ့အထတော့ ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီကာကွယ်ဆေးက စနစ်တကျနဲ့ ဓာတ်ခွဲသုတေသနလုပ်ပြီးမှ ထိုးကြတာပေါ့။ ပုံမှန် အားဖြင့်တော့ ကာကွယ်ဆေးထိုးပြီးရင် နည်းနည်းလေး ကိုက်တာတို့ ဖျားတာတို့တော့ ဖြစ်တတ်တာပဲလေ။ ဒါကို အစိုးရိမ်လွန်ပြီး မလိုလားအပ်တဲ့ ဆေးတိုက်တာ၊ သောက်တာတို့ ရှိသလားတော့ မသိပါဘူး”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက် (၉)လမှ (၁၅)နှစ်အရွယ်ကလေးများအား ထိုးနှံပေးနေသည့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ Chendu Institute of Biological Products Co., ltd မှ ထုတ်လုပ်သည့် ကမာ္ဘ့ကျန်းမာရေးအဖွဲ့၏ အရည်အသွေး အသိအမှတ်ပြု ကာကွယ်ဆေး (WHO prequalified vaccine) ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးအား လွန်ခဲ့သည့် နှစ်ပေါင်း (၂၀) ကျော် ကတည်းကစပြီး အသုံးပြု ထိုးနှံနခြေင်းဖြစ်ပြီး ထိုင်း၊ နီပေါ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံများတွင် လက်ရှိ သုံးစွဲနခြေင်းဖြစ်ကာ လူ သန်းပေါင်း (၄၀၀) ကျော်ကို ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး (SA 14-14-2, Live JEV) ကို ယခင်အကြိမ် ထိုးနှံခဲ့စဉ်က ပြင်းထန်သည့် နောက်ဆက်တွဲပြဿနာ (သို့မဟုတ်) ပြင်းထန်သည့် ဓာတ်မတည့်ခြင်းများ ဖြစ်ပွားဖူးသူများ၊ ကာကွယ်ဆေးတွင် ပါဝင်ပစ္စည်းတစ်မျိုးမျိုး (ဥပမာ-Gelatin, Gentamycin, Sucrose, Human Serum Albumin and Carbamide) နှင့် ပြင်းထန်သောဓာတ်မတည့်ခြင်း ဖြစ်ဖူးသူများ၊ ကိုယ်ဝန်ဆောင်များကို ထိုးနှံပေးခြင်းမပြုကြောင်း သိရသည်။

လက်ရှိဖျားနေသည့် ကလေးများ၊ လတ်တလော ကူးစက်ရောဂါဖြစ်ပွားနေတဲ့ ကလေးများ၊ တီဘီရောဂါ အတွက် ဆေးသောက်နေဆဲ (၂) လမကျော်သူများ၊ နားအလယ်ခန်းရောင်ရမ်းခြင်း ဝေဒနာခံစားနေရသည့် ကလေးများ၊ Prednisolone (သို့) Hydrocortisone Steriods ဆေးတွေကို သောက်သုံး၊ ထိုးနှံနေရသော ကလေးများ၊ မွေးရာပါ၊ (သို့မဟုတ်) ရောဂါကြောင့်၊ (သို့မဟုတ်) ဆေးဝါးကြောင့် ခုခံအားစနစ် ကျဆင်းနေသူများ၊ AIDS ရောဂါလက္ခဏာများ ပေါ်ပေါက်သည်အထိ ခံစားနေရသူများ၊ ကုသမှုခံယူပြီး ဆေးသောက်နေသော်လည်း အတက်ရောဂါ မကြာခဏဖြစ်နေသူများနှင့် နာတာရှည်ရောဂါ ခံစားနေရသူများ အနဖြေင့် ဆရာဝန်၏ အကြံပြုချက်ဖြင့် ရက်ရွှေ့ဆိုင်းထိုးနှံသင့်ကြောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ တာဝန်ရှိသူများက အကြံပြုထားသည်။

အဆိုပါ ကာကွယ်ဆေးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသက် (၉) လ အထက်ကနေ (၁၅) နှစ်အောက် ကလေးများအား ကျောင်းအခြပြေုနှင့် ရပ်ရွာအခြပြေု အစီအစဉ်နှစ်ရပ်ဖြင့် အခမဲ့ထိုးနှံပေးနခြေင်းဖြစ်ပြီး ပြင်ပတွင် မိမိတို့အစီအစဉ်ဖြင့် ယခင်ကတည်းက အဆိုပါ ကာကွယ်ဆေးထိုးနှံနေသူများလည်း ရှိကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~