ကျိုင်းတုံ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနတွင် တစ်ဦးချင်းလိုအပ်ချက်နှင့် ကိုက်ညီမည့် ဘီးတပ်ကုလားထိုင်များ အခမဲ့ဆောင်ရွက်ပေးနေ
ကျိုင်းတုံ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနတွင် တစ်ဦးချင်းလိုအပ်ချက်နှင့် ကိုက်ညီမည့် ဘီးတပ်ကုလားထိုင်များ အခမဲ့ဆောင်ရွက်ပေးနေ
နိုဝငျဘာ 14, 2017
By Tachileik News Agency
အကြောင်းအမျိုးမျိုးကြောင့် ဘီးတပ်ကုလားထိုင်လိုအပ်သူများအား အသက်ကန့်သတ်ချက်မရှိ ဝန်ဆောင်မှုပေးနေခြင်းဖြစ်ပြီး ဝန်ဆောင်မှုအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများနှင့် တောင်ပိုင်းဒေသများသို့ တိုးချဲ့ သွားရန်လည်း စီစဉ်ထားကြောင်း သိရသည်။
ကျိုင်းတုံကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနသည် ခြေတုအသစ်တပ်ဆင်ရန်လိုအပ်နေသူများ၊ ခြေတုအစားထိုး လဲလှယ်ရန်လိုအပ်နေသူများ၊ အားပြုကိရိယာ သို့မဟုတ် ဘီးတပ်ကုလားထိုင် လိုအပ်နေသူများအား အခမဲ့ကုသဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဌာနတွင် မြေမြှုပ်မိုင်းဒဏ် သို့မဟုတ် စစ်လက်နက် ပစ္စည်းများကြောင့် ကိုယ်အင်္ဂါ ဖြတ်တောက် လိုက်ရသူများ အပါအဝင် ယာဉ်မတော်တဆမှုနှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်အင်္ဂါ ပြန်လည် သန်စွမ်းရေး ကုသမှုခံယူလိုသူများကိုပါ လက်ခံကုသပေးနေခြင်းဖြစ်ပြီး ကျိုင်းတုံ ကိုယ်ကာယပြန်လည် သန်စွမ်းရေးဌာနမှ ပြန်လည်သန်စွမ်းရေးအကူအညီရယူလိုပါက ဖုန်း - ၀၈၄ ၂၂၈၇၄ သို့ ကြိုတင်ဆက်သွယ်နိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း ပထမဆုံးသော ကိုယ်ကာယပြန်လည် သန်စွမ်းရေးဌာနကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ၂၀၁၇ ခုနှစ် မတ်လ (၈)ရက်နေ့တွင် ဖွင့်လှစ်လိုက်ပြီး ဧပြီလမှစတင်၍ ခြေတုတပ်ပေးခြင်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ICRCသည် မြန်မာနိုင်ငံတွင် ၁၉၈၆ ခုနှစ်မှစတင်၍ ကိုယ်ကာယပြန်လည်သန်စွမ်းရေးအစီအစဉ်ကို ဆောင်ရွက်နေပြီး ကရင်ပြည်နယ် ဘားအံမြို့ရှိ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပူးတွဲဆောင်ရွက်ကာ မန္တလေးမြို့အနီးရှိ ရေနံ့သာဆေးရုံမှ ခြေတုဌာန၊ ကချင်ပြည်နယ် မြစ်ကြီးနားဆေးရုံရှိ ကိုယ်ကာယ ပြန်လည် သန်စွမ်းရေးဌာနနှင့် ယခုဖွင့်လှစ်လိုက်သည့် ကျိုင်းတုံဆေးရုံမှ ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနများမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် မြောက်ဘက်ပိုင်းတို့တွင် ဆက်လက် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနှင့် အာဖဂန်နစ္စတန် နိုင်ငံများနည်းတူ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်မှုအများဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ကြောင်း ICRC ကဆိုသည်။
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ICRC
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကိုယ်ကာယပြန်လည် သန်စွမ်းရေးဌာနတွင် လူတစ်ဦးချင်းနှင့် ကိုက်ညီစေရန်ပြုလုပ်ထားသည့် ဘီးတပ်ကုလားထိုင် အခမဲ့လုပ်ဆောင်ပေးခြင်းကို ကျိုင်းတုံ မြို့နယ်တွင် နိုဝင်ဘာလမှစတင်၍ စမ်းသပ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
“ လူတစ်ဦးချင်းရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး လုပ်ဆောင်ပေးသွားမှာပါ။ တစ်ဦးနဲ့ တစ်ဦးက အရွယ်အစားချင်း၊ ပြဿနာချင်း မတူကြတော့ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Wheel Chair တွေကို ဖန်တီးပေးသွားမှာပါ။ ကျောရိုးဒဏ်ရာကြောင့် လမ်းမလျှောက်နိုင်တာ၊ ခြေရောလက်ရော ဆုံးရှုံးသွားတာတို့၊ အရိုးပျော့ဖြစ်နေတာမျိုးတွေအတွက် လုပ်ပေးပါတယ်။ ဒါကိုသုံးခြင်းအားဖြင့် သူ့အိမ်မှာ၊ လုပ်ငန်းမှာ၊ ကျောင်းမှာ အသုံးတည့်မယ် သူ့အတွက်အဆင်ပြေမယ်ဆိုရင် ပေးပါတယ်။ အသက် ကန့်သတ်ချက်လည်း မရှိပါဘူး”ဟု ICRC၏ Communication Field Officer ဒေါ်နန်းရွှဖြေူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အကြောင်းအမျိုးမျိုးကြောင့် ဘီးတပ်ကုလားထိုင်လိုအပ်သူများအား အသက်ကန့်သတ်ချက်မရှိ ဝန်ဆောင်မှုပေးနခြေင်းဖြစ်ပြီး ဝန်ဆောင်မှုအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများနှင့် တောင်ပိုင်းဒေသများသို့ တိုးချဲ့ သွားရန်လည်း စီစဉ်ထားကြောင်း သိရသည်။
“ အက်ဆီးဒင့်ကြောင့် ခြေလက်တွေ ဆုံးရှုံးသွားတဲ့ လူနာတွေ၊ ရောဂါကြောင့် ခြေလက်အင်္ဂါ ဆုံးရှုံးသွားသူတွေ အတွက်လည်း အကျုံးဝင်ပါတယ်။ အခုလောလောဆယ်တော့ ဒီနှစ်ထဲမှာက ရှမ်း/အရှေ့ ကျိုင်းတုံမြို့နယ်တစ်ခုပဲ လွှမ်းခြုံနိုင်တာပါ။ တကယ်လို့ အတွင်းလူနာဆောင်အတွက် အဆင်သင့်ဖြစ်ပြီဆိုတဲ့ အချိန်ကျရင် ရှမ်း/အရှေ့ရော၊ ရှမ်း/တောင်ကရော ဝန်ဆောင်မှုလိုအပ်တဲ့သူတွေကို ကုသပေးသွားမှာပါ။ ကျွန်မတို့စင်တာအနေနဲ့ ဘယ်ဒေသ၊ ဘယ်လူမျိုးမဆို မခွဲခြားပါဘူး”ဟု ICRC၏ Communication Field Officer ဒေါ်နန်းရွှဖြေူက ပြောသည်။
ကျိုင်းတုံကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနသည် ခြေတုအသစ်တပ်ဆင်ရန်လိုအပ်နေသူများ၊ ခြေတုအစားထိုး လဲလှယ်ရန်လိုအပ်နေသူများ၊ အားပြုကိရိယာ သို့မဟုတ် ဘီးတပ်ကုလားထိုင် လိုအပ်နေသူများအား အခမဲ့ကုသဝန်ဆောင်မှုပေးနခြေင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဌာနတွင် မြမြှေုပ်မိုင်းဒဏ် သို့မဟုတ် စစ်လက်နက် ပစ္စည်းများကြောင့် ကိုယ်အင်္ဂါ ဖြတ်တောက် လိုက်ရသူများ အပါအဝင် ယာဉ်မတော်တဆမှုနှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်အင်္ဂါ ပြန်လည် သန်စွမ်းရေး ကုသမှုခံယူလိုသူများကိုပါ လက်ခံကုသပေးနခြေင်းဖြစ်ပြီး ကျိုင်းတုံ ကိုယ်ကာယပြန်လည် သန်စွမ်းရေးဌာနမှ ပြန်လည်သန်စွမ်းရေးအကူအညီရယူလိုပါက ဖုန်း - ဝ၈၄ ၂၂၈၇၄ သို့ ကြိုတင်ဆက်သွယ်နိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း ပထမဆုံးသော ကိုယ်ကာယပြန်လည် သန်စွမ်းရေးဌာနကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ၂၀၁၇ ခုနှစ် မတ်လ (၈)ရက်နေ့တွင် ဖွင့်လှစ်လိုက်ပြီး ဧပြီလမှစတင်၍ ခြေတုတပ်ပေးခြင်းများ ဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။
ICRC က မြန်မာကျပ်ငွေ ၁ ဒသမ ၈၆ ဘီလျံ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၃သန်း) ကုန်ကျခံ တည်ဆောက်ထားသည့် အဆိုပါဌာနတွင် ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းများခန့်ထားပေးပြီး တစ်နှစ်လျှင် လူနာဦးရေ (၉၁၀)အထိ လက်ခံကာ ခြေတုများ၊ အားပြုကိရိယာများ၊ အကြောအဆစ် ကုထုံးများဖြင့် အခမဲ့ကုသပေးသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
ICRCသည် မြန်မာနိုင်ငံတွင် ၁၉၈၆ ခုနှစ်မှစတင်၍ ကိုယ်ကာယပြန်လည်သန်စွမ်းရေးအစီအစဉ်ကို ဆောင်ရွက်နပြေီး ကရင်ပြည်နယ် ဘားအံမြို့ရှိ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပူးတွဲဆောင်ရွက်ကာ မန္တလေးမြို့အနီးရှိ ရေနံ့သာဆေးရုံမှ ခြေတုဌာန၊ ကချင်ပြည်နယ် မြစ်ကြီးနားဆေးရုံရှိ ကိုယ်ကာယ ပြန်လည် သန်စွမ်းရေးဌာနနှင့် ယခုဖွင့်လှစ်လိုက်သည့် ကျိုင်းတုံဆေးရုံမှ ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနများမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် မြောက်ဘက်ပိုင်းတို့တွင် ဆက်လက် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနှင့် အာဖဂန်နစ္စတန် နိုင်ငံများနည်းတူ မြမြှေုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်မှုအများဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ကြောင်း ICRC ကဆိုသည်။
ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံများရှိ မသန်စွမ်းသူများကို ကူညီထောက်ပံ့ပေးနေသည့် ICRC၏ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေး အစီအစဉ်အား ၁၉၇၉ ခုနှစ်မှစတင်ခဲ့ရာ ယခုအခါ နိုင်ငံပေါင်း (၄၈)နိုင်ငံတွင် ဌာနပေါင်း (၁၆၅)ခုဖြင့် ကူညီပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ICRC
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~