တာခ်ီလိတ္တြင္ ကားတစ္စီး မီးေလာင္မႈ ျဖစ္ပြား

တာခ်ီလိတ္တြင္ ကားတစ္စီး မီးေလာင္မႈ ျဖစ္ပြား
နိုဝင်ဘာ 23, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘး၊ ေရႊၿမိဳ႕ေတာ္ကားဂိတ္ေရွ႕ အနီးတြင္ ပိုင္ရွင္မဲ့ျဖစ္သြားသည့္ ယာဥ္တစ္စီး ႏို၀င္ဘာလ(၂၃)ရက္ေန႔ နံနက္ပိုင္းက မီးေလာင္မႈ ျဖစ္ပြားေၾကာင္း သိရသည္။

၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၂၃)ရက္ေန႔ နံနက္(၅း၅၀)နာရီအခ်ိန္က အဆိုပါ ေနရာတြင္ ယာဥ္တစ္စီး မီးေလာင္မႈ ျဖစ္ပြားေနေၾကာင္းကို ဖုန္းဆက္၍ အသိေပး အေၾကာင္းၾကားလာရာမွ တာခ်ီလိတ္ ခရိုင္/ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔မွ သေႏၶ/အရန္ မီးသတ္တပ္ဖြဲ႔၀င္မ်ားျဖင့္ မီးၿငိမ္းသတ္ယာဥ္၊ မီးသတ္စက္ယာဥ္ စီးတို႔ျဖင့္ သြားေရာက္ ၿငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈျဖစ္ပြားရာသို႔ နီးစပ္ရာ တာ၀န္သိျပည္သူတို႔မွလည္း ပါ၀င္ၿငိမ္းသတ္ခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈႏွင့္ ပတ္သက္၍ Honda Integra TypeS အမ်ဳိးအစား ေမာ္ေတာ္ယာဥ္၏ အင္ဂ်င္အတြင္းခန္းရွိ ဆီပိုက္မွာ ေပါက္ၿပီး မီးေလာင္မႈျဖစ္ပြားရျခင္းျဖစ္ၿပီး မီးေလာင္မႈေၾကာင့္ ယာဥ္၏ အေနာက္ လူစီးခန္းအထိ ေလာင္ကြ်မ္းသြားျခင္း ျဖစ္ေၾကာင္း ႏွင့္ အနီး၀န္းက်င္တြင္ ယာဥ္ပိုင္ရွင္အား မေတြ႕ရွိရေၾကာင္းလည္း သိရသည္။

အဆိုပါျဖစ္စဥ္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၃၈/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္ထားၿပီး ထြက္ေျပးေနသည့္ ယာဥ္ေမာင္းအား ရွာေဖြေဖၚထုတ္ေနေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - TAL


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး၊ ရွှမြေို့တော်ကားဂိတ်ရှေ့ အနီးတွင် ပိုင်ရှင်မဲ့ဖြစ်သွားသည့် ယာဉ်တစ်စီး နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

၂၀၁၇ခုနှစ် နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်(၅း၅၀)နာရီအချိန်က အဆိုပါ နေရာတွင် ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားနေကြောင်းကို ဖုန်းဆက်၍ အသိပေး အကြောင်းကြားလာရာမှ တာချီလိတ် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့မှ သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးငြိမ်းသတ်ယာဉ်၊ မီးသတ်စက်ယာဉ် စီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ နီးစပ်ရာ တာဝန်သိပြည်သူတို့မှလည်း ပါဝင်ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ Honda Integra TypeS အမျိုးအစား မော်တော်ယာဉ်၏ အင်ဂျင်အတွင်းခန်းရှိ ဆီပိုက်မှာ ပေါက်ပြီး မီးလောင်မှုဖြစ်ပွားရခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ယာဉ်၏ အနောက် လူစီးခန်းအထိ လောင်ကျွမ်းသွားခြင်း ဖြစ်ကြောင်း နှင့် အနီးဝန်းကျင်တွင် ယာဉ်ပိုင်ရှင်အား မတွေ့ရှိရကြောင်းလည်း သိရသည်။

အဆိုပါဖြစ်စဉ်အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၃၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးနေသည့် ယာဉ်မောင်းအား ရှာဖွေဖော်ထုတ်နေကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - TAL

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~