ဘိန္းခင္းဖ်က္ဆီးေရးအဖြဲ႕က မိုင္းျဖတ္ၿမိဳ႕နယ္အတြင္းမွ ဘိန္းပင္ေပါက္ ၁၁.၂ ဧကအား ရွာေဖြဖ်က္ဆီး

ဘိန္းခင္းဖ်က္ဆီးေရးအဖြဲ႕က မိုင္းျဖတ္ၿမိဳ႕နယ္အတြင္းမွ ဘိန္းပင္ေပါက္ ၁၁.၂ ဧကအား ရွာေဖြဖ်က္ဆီး
နိုဝင်ဘာ 27, 2017
By Tachileik News Agency

ဘိန္းစိုက္ပ်ိဳးရာသီျဖစ္သည့္အတြက္ ေဒသတြင္း ဘိန္းစိုက္ခင္းမ်ား ရွာေဖြဖ်က္ဆီးျခင္းလုပ္ေဆာင္ေနရာ ဘိန္းခင္း ဖ်က္ဆီးေရးအဖြဲ႕သည္ ႏိုဝင္ဘာလ (၂၆)ရက္ေန႔အထိ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းျဖတ္ၿမိဳ႕နယ္ နမ့္ပန္ေက်းရြာအုပ္စုအတြင္းရိွ ဘိန္းစိုက္ခင္း (၁၁)ဧကေက်ာ္အား ဖ်က္ဆီးၿပီးျဖစ္ေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕၊ မူးယစ္တပ္ဖြဲ႕စု (၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ား၊ စိုက္ပ်ိဳးေရးဦးစီးဌာန၊ မိုင္းျဖတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ သစ္ေတာဦးစီးဌာန၊ လယ္ယာေျမႏွင့္ စာရင္းအင္း ဦးစီးဌာနတို႔မွ တာဝန္ရိွသူမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ႏိုဝင္ဘာလ (၂၆)ရက္ေန႔တြင္ နမ့္ပန္ေက်းရြာအုပ္စု၊ နားဟိရြာေျမာက္ဘက္မွ ဘိန္းပင္ေပါက္ (၃)ဧကႏွင့္ အာေမာေဒရြာအေရွ႕ဘက္မွ ဘိန္းပင္ေပါက္ (၂.၅) ဧကအား ဖ်က္ဆီးခဲ့ႏိုင္သျဖင့္ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္းမွ ဘိန္းခင္းစုစုေပါင္း (၁၁.၂)ဧကအား ဖ်က္ဆီးၿပီးျဖစ္ေၾကာင္းသိရသည္။

ျမန္မာတစ္ႏိုင္ငံလံုးတြင္ ဘိန္းစိုက္သည့္ ေဒသမ်ားတြက္ ပူးေပါင္းအဖြဲ႔ျဖင့္ ႏို၀င္ဘာလအတြင္း၌ ရွာေဖြ၍ ဖ်က္ဆီးေနလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - မိုင္းျဖတ္ ေထြ/အုပ္



~~~~~~~~⊰❂ unicode ~~~~~~~~

ဘိန်းစိုက်ပျိုးရာသီဖြစ်သည့်အတွက် ဒေသတွင်း ဘိန်းစိုက်ခင်းများ ရှာဖွေဖျက်ဆီးခြင်းလုပ်ဆောင်နေရာ ဘိန်းခင်း ဖျက်ဆီးရေးအဖွဲ့သည် နိုဝင်ဘာလ (၂၆)ရက်နေ့အထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် နမ့်ပန်ကျေးရွာအုပ်စုအတွင်းရှိ ဘိန်းစိုက်ခင်း (၁၁)ဧကကျော်အား ဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လယ်ယာမြေနှင့် စာရင်းအင်း ဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ (၂၆)ရက်နေ့တွင် နမ့်ပန်ကျေးရွာအုပ်စု၊ နားဟိရွာမြောက်ဘက်မှ ဘိန်းပင်ပေါက် (၃)ဧကနှင့် အာမောဒေရွာအရှေ့ဘက်မှ ဘိန်းပင်ပေါက် (၂.၅) ဧကအား ဖျက်ဆီးခဲ့နိုင်သဖြင့် မိုင်းဖြတ်မြို့နယ်အတွင်းမှ ဘိန်းခင်းစုစုပေါင်း (၁၁.၂)ဧကအား ဖျက်ဆီးပြီးဖြစ်ကြောင်းသိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်းစိုက်သည့် ဒေသများတွက် ပူးပေါင်းအဖွဲ့ဖြင့် နိုဝင်ဘာလအတွင်း၌ ရှာဖွေ၍ ဖျက်ဆီးနေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - မိုင်းဖြတ် ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~