Update News

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ကလေးငယ်အပါအ၀င် ၈ ဦးကို တာချီလိတ်သို့ လွှဲပြောင်းပေး



ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား တာချီလိတ်ဘက်သို့ လာရောက်လွှဲပြောင်းပေးခြင်းဖြစ်ပြီး ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား တာချီလိတ်မှ သက်ဆိုင်ရာပူးပေါင်းအဖွဲ့က လက်ခံကြိုဆိုပြီး ၎င်းတို့၏ မူလနေရပ်ဒေသများသို့ ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။


သတင်း #စိုင်းဇေယျာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၈)ရက်နေ့က ထိုင်းနိုင်ငံတွင်း တရားမဝင် နေထိုင်သည့် မြန်မာနိုင်ငံသား အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၂)ဦး အပြင် ကလေးငယ်(၃)ဦး စုစုပေါင်း (၈)ဦးအား လာရောက် လွှဲပြောင်း ပေးကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား တာချီလိတ်ဘက်သို့ လာရောက်လွှဲပြောင်းပေးခြင်းဖြစ်ပြီး ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား တာချီလိတ်မှ သက်ဆိုင်ရာပူးပေါင်းအဖွဲ့က လက်ခံကြိုဆိုပြီး၎င်းတို့၏ မူလနေရပ်ဒေသများသို့ ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ နိုဝင်ဘာလ(၂၈)ရက်နေ့အထိ တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ အမျိုးသား(၇၁၄)ဦး၊ အမျိုးသမီး(၃၂၈)ဦး၊ ကလေး(၅၉)ဦး၊ စုစုပေါင်း (၁၁၀၁)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓာတ်ပုံ - မြို့နယ် ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::