ဒီတိုေနတာ ေလးေသာင္း သယ္ေဆာင္လာသည့္ကားအား ကေလးဝၿမိဳ႕နယ္အတြင္း ဖမ္းဆီးရမိ

ဒီတိုေနတာ ေလးေသာင္း သယ္ေဆာင္လာသည့္ကားအား ကေလးဝၿမိဳ႕နယ္အတြင္း ဖမ္းဆီးရမိ
အောက်တိုဘာ 17, 2017
By Tachileik News Agency

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးဝၿမိဳ႕နယ္ အတြင္း ကေလးဝ - ေရဦး - တန္႔ဆည္ကားလမ္းေပၚတြင္ ေရဦးၿမိဳ႕နယ္ဘက္သို႔ ေမာင္းႏွင္လာသည့္ ကားတစ္စီးထံက ဒီတိုေနတာ (၄၀၀၀၀)အား ေအာက္တိုဘာလ (၁၆)ရက္ေန႔ ညေန (၆)နာရီ (၄၀)မိနစ္ဝန္းက်င္တြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူယစ္တပ္ဖြဲ႕စု(၅)ကေလးမွ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ကေလးခရိုင္ရဲတပ္ဖြဲ႕မွဴး႐ုံးမွ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ကေလးဝ ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ကေလးဝ - ေရဦး - တန္႔ဆည္ကားလမ္း မိုင္တိုင္(၁၀၄/၁၀၅)ၾကားတြင္ ကေလးဝၿမိဳ႕နယ္ဘက္မွ ေရဦးၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ကားအား စစ္ေဆးရာ ကားေနာက္ခန္း ခရီးေဆာင္အိတ္အတြင္းမွ ဒီတိုေနတာ (၄၀၀၀၀)အား ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ဒီတိုေနတာမ်ား သယ္ေဆာင္လာသူမ်ားျဖစ္သည့္ သန္းနိုင္ဦးႏွင့္ ျပည္ၿဖိဳးေမာင္တို႔မွာ မႏၱေလးၿမိဳ႕တြင္ ေနထုိင္သူမ်ားျဖစ္ေၾကာင္း သိရၿပီး ၎တို႔အား ကေလးဝၿမိဳ႕မရဲစခန္းတြင္ (ပ)၃၀၄/၂၀၁၇၊ ေပါက္ကြဲေစတတ္ေသာ ပစၥည္းမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၅ အရ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း



~~~~~~~~⊰❂ unicode ~~~~~~~~

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် အတွင်း ကလေးဝ - ရေဦး - တန့်ဆည်ကားလမ်းပေါ်တွင် ရေဦးမြို့နယ်ဘက်သို့ မောင်းနှင်လာသည့် ကားတစ်စီးထံက ဒီတိုနေတာ (၄၀၀၀၀)အား အောက်တိုဘာလ (၁၆)ရက်နေ့ ညနေ (၆)နာရီ (၄၀)မိနစ်ဝန်းကျင်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

မူယစ်တပ်ဖွဲ့စု(၅)ကလေးမှ ရဲတပ်ဖွဲ့ဝင်များ၊ ကလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ ကလေးဝ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝ - ရေဦး - တန့်ဆည်ကားလမ်း မိုင်တိုင်(၁၀၄/၁၀၅)ကြားတွင် ကလေးဝမြို့နယ်ဘက်မှ ရေဦးမြို့ဘက်သို့ မောင်းနှင်လာသည့်ကားအား စစ်ဆေးရာ ကားနောက်ခန်း ခရီးဆောင်အိတ်အတွင်းမှ ဒီတိုနေတာ (၄၀၀၀၀)အား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဒီတိုနေတာများ သယ်ဆောင်လာသူများဖြစ်သည့် သန်းနိုင်ဦးနှင့် ပြည်ဖြိုးမောင်တို့မှာ မန္တလေးမြို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရပြီး၎င်းတို့အား ကလေးဝမြို့မရဲစခန်းတွင် (ပ)၃၀၄/၂၀၁၇၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၅ အရ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~