ရွမ္းရိုးမကြင္းတြင္ က်င္းပမည့္ တာခ်ီလိတ္ၿမိဳ႕လံုးကၽြတ္ စုေပါင္းဘံုကထိန္ပြဲေတာ္၌ နိဗၺာန္ေစ်းပြဲေတာ္ ထည့္သြင္းက်င္းပမည္

ရွမ္းရိုးမကြင္းတြင္ က်င္းပမည့္ တာခ်ီလိတ္ၿမိဳ႕လံုးကၽြတ္ စုေပါင္းဘံုကထိန္ပြဲေတာ္၌ နိဗၺာန္ေစ်းပြဲေတာ္ ထည့္သြင္းက်င္းပမည္
အောက်တိုဘာ 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၏ (၂၂)ႀကိမ္ေျမာက္ ၿမိဳ႕နယ္လံုးကြ်တ္ စုေပါင္းမဟာ ဘံုကထိန္ပြဲေတာ္မွ ပေဒသာပင္မ်ားအား ႏွစ္စဥ္ ေအာင္ျမတ္ခန္းမတြင္ ထားရိွရာမွ ယခုႏွစ္တြင္ ရွမ္းရိုးမကြင္းအတြင္း ထားရိွသြားမည္ျဖစ္ၿပီး နိဗၺာန္ေစ်းလည္း ထည့္သြင္း က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ ၿမိဳ႕လံုးကၽြတ္ စုေပါင္းဘံုကထိန္အတြက္ သက္ဆိုင္ရာ ရပ္ကြက္၊ဌာနဆိုင္ရာ ပေဒသာပင္ေပါင္း (၉၆)ခုရိွပါမယ္။ ဒီႏွစ္က ေတာင္တန္းသာသနာျပဳေက်ာင္း( ဗဟိုဝန္ထမ္းကုန္းေက်ာင္း)ကို ပို႔ရမွာပါ။ ႏွစ္စဥ္ကေတာ့ ေအာင္ျမတ္ခန္းမမွာ ထားပါတယ္။ ဒါေပမဲ့ ဒီႏွစ္မွာေတာ့ ရွမ္းရိုးမကြင္းမွာ ညေန (၅)နာရီဆို အကုန္လံုး ထားၾကမွာေပါ့။ ရွမ္းရိုးမကြင္းမွာလည္း အမိုးတဲေတြ၊ လံုၿခံဳေရးေတြ ထားေပးပါမယ္။ ည (၁၁)နာရီမွာ ျပန္သိမ္းၿပီး မီးေတြဘာေတြ ထြန္းထားမယ္ေပါ့။ လာတဲ့သူေတြအားလံုးအတြက္ နိဗၺာန္ေစ်းလည္း ထည့္သြင္း ထားမွာပါ။ လျပည့္ေန႔မွာေတာ့ သက္ဆုိင္ရာ ဘုန္းႀကီးေက်ာင္းကို ပို႔ၾကမွာပါ”ဟု ရွမ္းရိုးမကြင္းအတြင္း စုေပါင္း မဟာဘံုကထိန္က်င္းပေရးစီစဥ္သည့္အဖြဲ႔မွ ေရႊမဟာကိုယ္ပိုင္ အထက္တန္းေက်ာင္းမွ ေက်ာင္းအုပ္ဆရာႀကီး ဦးခင္ေမာင္ျမင့္က ေျပာသည္။

ရွမ္းရိုးမကြင္းတြင္ ႏို၀င္ဘာလ (၂)ရက္ေန႔မွစ၍ ပေဒသာပင္မ်ားထားရိွသြားၿပီး ညေန (၄)နာရီမွ စကာ နိဗၺာန္ေစ်း ဖြင့္သြားမည္ျဖစ္ရာ ပါဝင္လွဴဒါန္းလိုသူမ်ား ႀကိဳတင္စာရင္းေပးသြင္းၾကရန္ကိုလည္း တိုက္တြန္းထားသည္။

တာခ်ီလိတ္ခရိုင္၏ (၂၂)ႀကိမ္ေျမာက္ ၿမိဳ႕နယ္လံုးကြ်တ္ စုေပါင္းမဟာဘံုကထိန္ပြဲေတာ္အား ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၃)ရက္ေန႔ နံနက္(၇)နာရီအခ်ိန္တြင္ ပေဒသာပင္ လွည့္လည္မည္ျဖစ္သည့္အတြက္ ယာဥ္မ်ားအေနျဖင့္ ရွမ္းရိုးမကြင္းသို႔ နံနက္(၆)နာရီအတိ ေရာက္ရွိထားရမည္ျဖစ္ေၾကာင္း သိရွိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၏ (၂၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာ ဘုံကထိန်ပွဲတော်မှ ပဒေသာပင်များအား နှစ်စဉ် အောင်မြတ်ခန်းမတွင် ထားရှိရာမှ ယခုနှစ်တွင် ရှမ်းရိုးမကွင်းအတွင်း ထားရှိသွားမည်ဖြစ်ပြီး နိဗ္ဗာန်ဈေးလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ မြို့လုံးကျွတ် စုပေါင်းဘုံကထိန်အတွက် သက်ဆိုင်ရာ ရပ်ကွက်၊ဌာနဆိုင်ရာ ပဒေသာပင်ပေါင်း (၉၆)ခုရှိပါမယ်။ ဒီနှစ်က တောင်တန်းသာသနာပြုကျောင်း( ဗဟိုဝန်ထမ်းကုန်းကျောင်း)ကို ပို့ရမှာပါ။ နှစ်စဉ်ကတော့ အောင်မြတ်ခန်းမမှာ ထားပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ရှမ်းရိုးမကွင်းမှာ ညနေ (၅)နာရီဆို အကုန်လုံး ထားကြမှာပေါ့။ ရှမ်းရိုးမကွင်းမှာလည်း အမိုးတဲတွေ၊ လုံခြုံရေးတွေ ထားပေးပါမယ်။ ည (၁၁)နာရီမှာ ပြန်သိမ်းပြီး မီးတွေဘာတွေ ထွန်းထားမယ်ပေါ့။ လာတဲ့သူတွေအားလုံးအတွက် နိဗ္ဗာန်ဈေးလည်း ထည့်သွင်း ထားမှာပါ။ လပြည့်နေ့မှာတော့ သက်ဆိုင်ရာ ဘုန်းကြီးကျောင်းကို ပို့ကြမှာပါ”ဟု ရှမ်းရိုးမကွင်းအတွင်း စုပေါင်း မဟာဘုံကထိန်ကျင်းပရေးစီစဉ်သည့်အဖွဲ့မှ ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်က ပြောသည်။

ရှမ်းရိုးမကွင်းတွင် နိုဝင်ဘာလ (၂)ရက်နေ့မှစ၍ ပဒေသာပင်များထားရှိသွားပြီး ညနေ (၄)နာရီမှ စကာ နိဗ္ဗာန်ဈေး ဖွင့်သွားမည်ဖြစ်ရာ ပါဝင်လှူဒါန်းလိုသူများ ကြိုတင်စာရင်းပေးသွင်းကြရန်ကိုလည်း တိုက်တွန်းထားသည်။

တာချီလိတ်ခရိုင်၏ (၂၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော်အား ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့ နံနက်(၇)နာရီအချိန်တွင် ပဒေသာပင် လှည့်လည်မည်ဖြစ်သည့်အတွက် ယာဉ်များအနဖြေင့် ရှမ်းရိုးမကွင်းသို့ နံနက်(၆)နာရီအတိ ရောက်ရှိထားရမည်ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~