နတ်မောက်မြို့ ဗိုလ်ချုပ်နေအိမ်ပြတိုက်တွင် နေ့စဉ်လေ့လာသူ ၇၀ ခန့်ရှိနေပြီး ဗိုလ်ချုပ်ရုပ်တု ပြုပြင်ရန်လိုအပ်နေ
နတ်မောက်မြို့ ဗိုလ်ချုပ်နေအိမ်ပြတိုက်တွင် နေ့စဉ်လေ့လာသူ ၇၀ ခန့်ရှိနေပြီး ဗိုလ်ချုပ်ရုပ်တု ပြုပြင်ရန်လိုအပ်နေ
အောကျတိုဘာ 25, 2017
By Tachileik News Agency
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် နေ့စဉ်လေ့လာသူဦးရေ (၇၀)ခန့် ရှိနေပြီး ပြတိုက်တွင်ထားရှိသည့်  ဗိုလ်ချုပ်ပုံတူဆီလီကွန်ရုပ်တုမှာ ပြုပြင်ရန်လိုအပ်နေကြောင်း သိရသည်။
ဗိုလ်ချုပ်ပုံတူ ဆီလီကွန်ရုပ်တုတွင် အဖြူနှင့်အမည်းကွက်များဖြစ်နေခြင်းဖြစ်ပြီး ရုပ်တုအား မထိမကိုင်ရန် သတိပေးထားသည်ကိုလည်း မလိုက်နာသူများရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ #ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် နေ့စဉ်လေ့လာသူဦးရေ (၇၀)ခန့် ရှိနပြေီး ပြတိုက်တွင်ထားရှိသည့် ဗိုလ်ချုပ်ပုံတူဆီလီကွန်ရုပ်တုမှာ ပြုပြင်ရန်လိုအပ်နေကြောင်း သိရသည်။
"မထိမကိုင်ရအောင် သတိပေးစာတော့ ကပ်ထားပါတယ်။ ဒီဒေသက ဖုံထူတယ်လေ။ မိုးရာသီတို့ ဆောင်းရာသီတို့မှာဆို ရင်လည်း ရေခိုးရေငွေ့ကရှိ တော့ ဖုံနဲ့ရေငွေ့ပေါင်းပြီး အကြေးတက်တာမျိုးပါ။ သန့်ရှင်း သွားအောင်တော့ နားလည်သူတွေဆီက နည်းပညာအကူအညီရယူပြီး ပြတိုက်ကော်မတီကို တင်ပြဆောင်ရွက်ပါမယ်" ဟု ပြတိုက်တာဝန်ခံဒေါ်မမြေတ်သူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဗိုလ်ချုပ်ပုံတူ ဆီလီကွန်ရုပ်တုတွင် အဖြူနှင့်အမည်းကွက်များဖြစ်နခြေင်းဖြစ်ပြီး ရုပ်တုအား မထိမကိုင်ရန် သတိပေးထားသည်ကိုလည်း မလိုက်နာသူများရှိကြောင်း သိရသည်။
“ဗိုလ်ချုပ်ရဲ့ ပုံတူဆီလီကွန်ရုပ်တုဟာ ထားကာစတုန်းကတော့ ဒီလိုမဟုတ်ဘူးလို့ ဒေသခံတွေ က ပြောတယ်။ အခုတော့ ကျန် တဲ့အစိတ်အပိုင်းတွေမှာ အဝတ်အစားတွေကဖုံးထားလို့ ဘယ်လိုရှိလဲ မပြောတတ်ဘူး။ လက်တွေ ခြေတွေ၊ မျက်နှာတွေမှာတော့ တင်းတိပ်တွေ ခရုသင်းတွေစွဲနေသလို မြင်မကောင်း ဘူးဖြစ်နေတယ်”ဟု နတ်မောက်မြို့ရှိ ဗိုလ်ချုပ်နေအိမ် ပြတိုက်အား သွားရောက်လေ့လာသူ ဦးမျိုးလှိုင်ဝင်းက ပြောသည်။
အဆိုပါ ရုပ်တုမှာ ဗိုလ်ချုပ်နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် ပန်းရဲ့လမ်းတေးဂီတအဖွဲ့က လှည့်လည်ဖျော်ဖြေပွဲမှ ရရှိသည့်အလှူငွေ ကျပ်သိန်း(၃၀)ဖြင့် ရန်ကုန်မြို့မှ ပန်းချီ ဆရာ ဦးအောင်ကျော်ထွန်းက ထုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ #ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~