ရွမ္းျပည္နယ္အတြင္း မိမိတို႔ေဒသအလုိက္ သစ္ေတာသစ္ပင္ျပန္လည္စိုက္လိုသူမ်ား သစ္ေတာဦးစီးဌာနတြင္ ပ်ိဳးပင္မွာယူႏုိင္

ရွမ္းျပည္နယ္အတြင္း မိမိတို႔ေဒသအလုိက္ သစ္ေတာသစ္ပင္ျပန္လည္စိုက္လိုသူမ်ား သစ္ေတာဦးစီးဌာနတြင္ ပ်ိဳးပင္မွာယူႏုိင္
စက်တင်ဘာ 16, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း သစ္ပင္မရိွေတာ့သည့္ သစ္ေတာႀကိဳးဝိုင္းမ်ားတြင္ ျပည္နယ္အစိုးရႏွင့္ သစ္ေတာ ဦးစီးဌာနတုိ႔ ပူးေပါင္း၍ သစ္ပင္ျပန္လည္ စိုက္ပ်ိဳးျခင္းလုပ္ေဆာင္ေနရာ မိမိတို႔ေဒသအလုိက္ သစ္ေတာ သစ္ပင္မ်ား ျပန္လည္ စိုက္ပ်ိဳးလိုသူမ်ားရိွပါက ရယူလိုသည့္ပ်ိဳးပင္မ်ားကို သစ္ေတာဦးစီးဌာနသို႔ မွာၾကားႏုိင္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ စက္တင္ဘာလ(၁၆)ရက္ေန႔က က်င္းပသည့္ World Bamboo Day အခမ္းအနား သစ္ပင္စိုက္ပ်ိဳးပြဲအခမ္းအနားတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ယင္းကဲ့သို႔ ေျပာၾကားလုိက္ျခင္းျဖစ္သည္။

“ကြ်န္ေတာ္တို႔ အစိုးရသစ္အေနနဲ႔ သစ္ေတာသစ္ပင္နဲ႔ ႏွစ္ရွည္သီးပင္စားပင္မ်ားကို သစ္ေတာဦးစီးဌာနကို ပ်ဳိးေထာင္ေစၿပီး ျပည္သူလူထုလက္၀ယ္အေရာက္ အခမဲ့ျဖန္႔ေ၀ေစခဲ့ပါတယ္။ ဒါ့အျပင္ ယခုလို သစ္ပင္ မရွိေတာ့တဲ့ သစ္ေတာႀကိဳး၀ိုင္းေနရာေတြမွာ ေဒသခံျပည္သူမ်ား၊ ဆက္စပ္ဌာနဆိုင္ရာမ်ား ၊ NGO စတာေတြနဲ႔ ပူးေပါင္းၿပီး စိုက္ပ်ဳိးၾကပါတယ္။ သစ္ေတာဌာနနဲ႔ ဆက္သြယ္ၿပီး မိမိတို႔လိုခ်င္တဲ့ အပင္မ်ား ရရွိေအာင္ ဆက္သြယ္ပ်ဳိးေထာင္ ခိုင္းၾကပါ။ ျပည္သူအေျချပဳေစာင့္ၾကည့္သတင္းပို႔စနစ္နဲ႔ သယံဇာတမ်ားကို ထိန္းသိမ္းကာကြယ္ၾကပါ။ သတင္းေပးဆက္သြယ္ၾကပါလို႕ မွာၾကားလိုပါတယ္”ဟု ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကားတြင္ ေျပာၾကားသည္။

အဆိုပါ အခမ္းအနားသို႔ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး၊ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ ဌာနဆိုင္ရာအရာရွိမ်ား၊ ျပည္နယ္လႊတ္ေတာ္ဥကၠဌႏွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ NGOမ်ားႏွင့္ ေဒသခံမ်ားလည္း တက္ေရာက္ၾကကာ လိြဳင္ခမ္းအိမ္ရာစီမံကိန္းအနီး သစ္ေတာႀကိဳးဝိုင္းတြင္ သစ္ပင္ေပါင္း (၄၀၂၀)အား စိုက္ပ်ိဳးခဲ့ေၾကာင္းသိရၿပီး ယင္းကဲ့သို႔ ပူးေပါင္းစုိက္ပ်ိဳးမႈ သည္ (၁၉၁)ႀကိမ္ရိွၿပီျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ားသည္ သစ္ေတာဦးစီးဌာန ရတနာသစ္ခန္းမတြင္ က်င္းပသည့္ ၂၀၁၇ ခုႏွစ္အျပည္ျပည္ဆိုင္ရာ အိုဇုန္းလႊာထိန္းသိမ္းေရးေန႔ အထိမ္းအမွတ္ အခမ္းအနား သို႔လည္း တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

သတင္း #ႏိုႏို
ဓာတ္ပံု #ျပည္နယ္အစိုးရ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း သစ်ပင်မရှိတော့သည့် သစ်တောကြိုးဝိုင်းများတွင် ပြည်နယ်အစိုးရနှင့် သစ်တော ဦးစီးဌာနတို့ ပူးပေါင်း၍ သစ်ပင်ပြန်လည် စိုက်ပျိုးခြင်းလုပ်ဆောင်နေရာ မိမိတို့ဒေသအလိုက် သစ်တော သစ်ပင်များ ပြန်လည် စိုက်ပျိုးလိုသူများရှိပါက ရယူလိုသည့်ပျိုးပင်များကို သစ်တောဦးစီးဌာနသို့ မှာကြားနိုင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် စက်တင်ဘာလ(၁၆)ရက်နေ့က ကျင်းပသည့် World Bamboo Day အခမ်းအနား သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အစိုးရသစ်အနေနဲ့ သစ်တောသစ်ပင်နဲ့ နှစ်ရှည်သီးပင်စားပင်များကို သစ်တောဦးစီးဌာနကို ပျိုးထောင်စပြေီး ပြည်သူလူထုလက်ဝယ်အရောက် အခမဲ့ဖြနေ့်ဝစေခဲ့ပါတယ်။ ဒါ့အပြင် ယခုလို သစ်ပင် မရှိတော့တဲ့ သစ်တောကြိုးဝိုင်းနေရာတွေမှာ ဒေသခံပြည်သူများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ NGO စတာတွေနဲ့ ပူးပေါင်းပြီး စိုက်ပျိုးကြပါတယ်။ သစ်တောဌာနနဲ့ ဆက်သွယ်ပြီး မိမိတို့လိုချင်တဲ့ အပင်များ ရရှိအောင် ဆက်သွယ်ပျိုးထောင် ခိုင်းကြပါ။ ပြည်သူအခြပြေုစောင့်ကြည့်သတင်းပို့စနစ်နဲ့ သယံဇာတများကို ထိန်းသိမ်းကာကွယ်ကြပါ။ သတင်းပေးဆက်သွယ်ကြပါလို့ မှာကြားလိုပါတယ်”ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားတွင် ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအရာရှိများ၊ ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ NGOများနှင့် ဒေသခံများလည်း တက်ရောက်ကြကာ လွိုင်ခမ်းအိမ်ရာစီမံကိန်းအနီး သစ်တောကြိုးဝိုင်းတွင် သစ်ပင်ပေါင်း (၄၀၂၀)အား စိုက်ပျိုးခဲ့ကြောင်းသိရပြီး ယင်းကဲ့သို့ ပူးပေါင်းစိုက်ပျိုးမှု သည် (၁၉၁)ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် သစ်တောဦးစီးဌာန ရတနာသစ်ခန်းမတွင် ကျင်းပသည့် ၂၀၁၇ ခုနှစ်အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား သို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း #နိုနို
ဓာတ်ပုံ #ပြည်နယ်အစိုးရ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~