Writen by
Web Admin
4:03:00 PM
-
0
Comments
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စု၊ ကောင်းဖာကျေးရွာနေ အိုက်စိုင်း၏ နေအိမ်ကို စက်တင်ဘာလ (၂)ရက်နေ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူများအား ရှာဖွေဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က စက်တင်ဘာလ (၂)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်တွင် ဝင်ရောက်ရှာဖွေရာ အဆိုပါ နေအိမ်တွင် တွေ့ရသည့် အိုက်စိုင်းထံမှ စိတ်ကြွရူးသွပ် ဆေးပြား (၄၅၀) ပြား၊ ဘိန်းဖြူ (၇) ဒသမ (၅) ဂရမ်နှင့် မဆိုင်အုံထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၂၁၀) ပြားနှင့် ဘိန်းဖြူ (၂) ဂရမ် တို့ကို ရှာဖွေ သိမ်းဆည်းကာ ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အိုက်စိုင်းနှင့် မဆိုင်အုံတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
⊰❂ #TachileikNewsAgency #TachileikOnlineNews #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net ❂⊱
~~~~~~ ကြော်ငြာ ~~~~~~

No comments
Post a Comment
:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::