ေဒသတြင္းလံုၿခံဳေရးႏွင့္ တည္ၿငိမ္ေရးအတြက္ ေဒသခံမ်ား ပူးေပါငး္ပါဝင္ၾကရန္ တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီ ေမတၱာရပ္ခံတိုက္တြန္း

ေဒသတြင္းလံုၿခံဳေရးႏွင့္ တည္ၿငိမ္ေရးအတြက္ ေဒသခံမ်ား ပူးေပါငး္ပါဝင္ၾကရန္ တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီ ေမတၱာရပ္ခံတိုက္တြန္း
စက်တင်ဘာ 10, 2017
By 🌸
ေဒသတြင္းလံုၿခံဳေရးႏွင့္ တည္ၿငိမ္ေရးအတြက္ ေဒသခံမ်ား ပူးေပါငး္ပါဝင္ၾကရန္ တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီတိုက္တြန္း
***********
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ျမန္မာ - ထိုင္းနယ္စပ္ေဒသျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕တြင္ ေဒသတြင္းလံုၿခံဳေရး၊ တည္ၿငိမ္ေရးအတြက္ ေဒသခံမ်ားအေနျဖင့္ ပူးေပါင္းေဆာင္ရြက္ေပးၾကရန္ တာခ်ီလိိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ  ဥကၠဌက စက္တင္ဘာလ (၁၀)ရက္ေန႔တြင္ တိုက္တြန္းလုိက္သည္။

“ၿမိဳ႕ ရြာ ေအးခ်မ္းသာယာတည္ၿငိမ္လုံၿခဳံေရးသည္ ေဒသခံျပည္သူမ်ားအားလုးံ၏ ပူေပါင္းပါဝင္ေဆာင္ရြက္မႈတြင္ အဓိကက်ပါသျဖင့္ ေဒသတြင္းလုံၿခဳံ တည္ၿငိမ္ေရး ေဒသခံမ်ားမွ ကူညီပူးေပါင္းေဆာင္ရြက္ေပးၾကပါရန္ တိုက္တြန္း ေမတၱာရပ္ခံအပ္ပါသည္”ဟု တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက တိုက္တြန္း္ေမတၱာရပ္ခံထားသည္။

 “ARSA အစြန္းေရာက္ အၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္တိုက္ခိုက္မႈသတင္းႏွင့္ မလိုလားအပ္ေသာ ပဋိပကၡ မ်ား မျဖစ္ေပၚေရးအတြက္ သတင္းထုတ္ျပန္ခ်က္”ျဖင့္ ျပည္သူမ်ား လုံၿခဳံေရးသတိ ရွိေစရန္ႏွင့္ ေသြးထိုးလႈံ႔ေဆာ္မႈမ်ားကို ႀကိဳတင္ကာကြယ္တားဆီးၾကရန္ စက္တင္ဘာလ (၅) ရက္ေန႔က ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္႐ုံးကထုတ္ျပန္ထားခဲ့ၿပီးေနာက္ ပဋိပကၡျဖစ္ေစရန္ရည္ရြယ္၍ တယ္လီဖုန္းမက္ေဆ့ မ်ား (Message) ၊ ေဖ့ဘုတ္စ္ (Facebook) ႏွင့္ မက္ဆင္ဂ်ာမ်ား (Messenger) မွ ေသြးထိုးလႈံ႕ေဆာ္မႈမ်ား ျဖန္႔ေဝျခင္းမ်ား လုပ္ေဆာင္လာၾကသျဖင့္ ယင္းသို႔လုပ္ေဆာင္သူမ်ားအား ဥပေဒႏွင့္အညီ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သတိေပး ထုတ္ျပန္ခ်က္အား စက္တင္ဘာလ (၉)ရက္ေန႔တြင္ သတင္းထုတ္ျပန္ေရးေကာ္မတီက ထပ္မံထုတ္ျပန္လာသည္ကို ေတြ႔ရသည္။

ယင္းသို႔ ေသြးထိုးလႈံ႕ေဆာ္သည့္ သတင္းမ်ား ျဖန္႔ေဝျခင္း မျပဳၾက ရန္ႏွင့္ ျဖန္႔ေဝေပးပို႔လာမႈမ်ား ရွိပါက တာဝန္ရွိသူမ်ားထံ ဆက္သြယ္သတင္းေပး ၾကပါရန္ တုိက္တြန္းထားၿပီး ေသြးထိုးလႈံ႕ေဆာ္မႈ ေဆာင္ရြက္သူမ်ားအား ဥပေဒႏွင့္အညီ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း စက္တင္ဘာလ (၉)ရက္ေန႔ထုတ္ ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

အၾကမ္းဖက္တိုက္ခိုက္ႏိုင္မႈ အလားအလာမ်ားႏွင့္ ပတ္သက္၍ ေဆာင္႐ြက္ဖြယ္ရာရွိသည္မ်ားကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ႀကိဳတင္ေဆာင္႐ြက္လ်က္ရိွၿပီး ယုံၾကည္မႈ အစြန္းေရာက္သူတို႔က ျပည္သူအမ်ား စိုးရိမ္ပူပန္မႈမ်ားကို အသုံးခ်၍ ဆူပူအၾကမ္းဖက္မႈမ်ား ျပဳလုပ္လာပါက လုံၿခဳံေရးအဖြဲ႕အစည္းမ်ားက ထိေရာက္စြာ ဟန္႔တား၍ ဥပေဒခ်ိဳးေဖာက္လာပါက တည္ဆဲဥပေဒမ်ားႏွင့္ အညီ ထိထိေရာက္ေရာက္ အေရးယူသြားရန္လည္း လမ္းၫႊန္ထားၿပီးျဖစ္ေၾကာင္း စက္တင္ဘာလ (၆)ရက္ေန႔ထုတ္ ႏိုင္ငံေတာ္သမၼတ႐ုံးသတင္း ထုတ္ျပန္ခ်က္ အမွတ္၊ ၄/၂၀၁၇ တြင္ ေဖၚျပထားသည္။

ႏိုင္ငံေတာ္ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ လုံၿခဳံေရးသတိ ရွိေရးႏွင့္ တရားဥပေဒစိုးမိုးေရးတို႔သည္ အဓိကအက်ဆုံးလုပ္ငန္းမ်ားျဖစ္ပါ၍ ျပည္သူမ်ားအားလုံးက တရားဥပေဒႏွင့္အညီ တည္ၿငိမ္ေအးခ်မ္းစြာ ေနထိုင္ျခင္းျဖင့္ ႏိုင္ငံေတာ္အစိုးရကိုကူညီပံ့ပိုးေပးႏိုင္ၾကပါရန္ဟု ႏုိင္ငံေတာ္သမၼတရံုး ထုတ္ျပန္ခ်က္တြင္ အသိေပးတိုက္တြန္းထားသည္။

ရခိုင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္းေတာေဒသမ်ားတြင္ ႏိုင္ငံတကာမွ ပိုမိုအာရံုစိုက္လာေစရန္ႏွင္႔ ARSA အစြန္းေရာက္အၾကမ္းဖက္သမားမ်ားအေပၚ ေထာက္ခံမႈမ်ားတိုးျမႇင္႔ရရိွလာေစရန္ရည္ရြယ္၍ ျမန္မာ ႏိုင္ငံအတြင္းရိွ ၿမိဳ႕ႀကီးမ်ားသို႔ အၾကမ္းဖက္ေဖာက္ခဲြတိုက္ခိုက္မႈမ်ားလုပ္ေဆာင္ရန္ ျပင္ဆင္ေဆာင္ရြက္ လွ်က္ရိွေၾကာင္းသိရိွရသျဖင္႔ လံုျခံဳေရးအထူးဂရုျပဳေဆာင္ရြက္ၾကရန္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ အစိုးရ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရံုးမွ သတိေပးစာကို စက္တင္ဘာလ (၅)ရက္ေန႔က ထုတ္ျပန္ထားျခင္းျဖစ္သည္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသတြင္ ၾသဂုတ္လ (၂၅) ရက္ေန႔ နံနက္ပိုင္းမွစ၍ ARSA အစြန္းေရာက္ အၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္တိုက္ခိုက္မႈခံေနရျခင္းျဖစ္သည္။

သတင္း #ခ်ယ္ရီထုိက္
ဓါတ္ပံု #ေဇာင္းညီ

~~~~~~~~⊰❂ unicode ~~~~~~~~

ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ဒေသခံများ ပူးပေါငး်ပါဝင်ကြရန် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီတိုက်တွန်း
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြန်မာ - ထိုင်းနယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးအတွက် ဒေသခံများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တာချီလိိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ  ဥက္ကဌက စက်တင်ဘာလ (၁၀)ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

“မြို့ ရွာ အေးချမ်းသာယာတည်ငြိမ်လုံခြုံရေးသည် ဒေသခံပြည်သူများအားလုးံ၏ ပူပေါင်းပါဝင်ဆောင်ရွက်မှုတွင် အဓိကကျပါသဖြင့် ဒေသတွင်းလုံခြုံ တည်ငြိမ်ရေး ဒေသခံများမှ ကူညီပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်း မေတ္တာရပ်ခံအပ်ပါသည်”ဟု တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တိုက်တွန်း်မေတ္တာရပ်ခံထားသည်။

 “ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုသတင်းနှင့် မလိုလားအပ်သော ပဋိပက္ခ များ မဖြစ်ပေါ်ရေးအတွက် သတင်းထုတ်ပြန်ချက်”ဖြင့် ပြည်သူများ လုံခြုံရေးသတိ ရှိစေရန်နှင့် သွေးထိုးလှုံ့ဆော်မှုများကို ကြိုတင်ကာကွယ်တားဆီးကြရန် စက်တင်ဘာလ (၅) ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကထုတ်ပြန်ထားခဲ့ပြီးနောက် ပဋိပက္ခဖြစ်စေရန်ရည်ရွယ်၍ တယ်လီဖုန်းမက်ဆေ့ များ (Message) ၊ ဖေ့ဘုတ်စ် (Facebook) နှင့် မက်ဆင်ဂျာများ (Messenger) မှ သွေးထိုးလှုံ့ဆော်မှုများ ဖြန့်ဝေခြင်းများ လုပ်ဆောင်လာကြသဖြင့် ယင်းသို့လုပ်ဆောင်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ချက်အား စက်တင်ဘာလ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်ရေးကော်မတီက ထပ်မံထုတ်ပြန်လာသည်ကို တွေ့ရသည်။

ယင်းသို့ သွေးထိုးလှုံ့ဆော်သည့် သတင်းများ ဖြန့်ဝေခြင်း မပြုကြ ရန်နှင့် ဖြန့်ဝေပေးပို့လာမှုများ ရှိပါက တာဝန်ရှိသူများထံ ဆက်သွယ်သတင်းပေး ကြပါရန် တိုက်တွန်းထားပြီး သွေးထိုးလှုံ့ဆော်မှု ဆောင်ရွက်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ (၉)ရက်နေ့ထုတ် ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အကြမ်းဖက်တိုက်ခိုက်နိုင်မှု အလားအလာများနှင့် ပတ်သက်၍ ဆောင်ရွက်ဖွယ်ရာရှိသည်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုတင်ဆောင်ရွက်လျက်ရှိပြီး ယုံကြည်မှု အစွန်းရောက်သူတို့က ပြည်သူအများ စိုးရိမ်ပူပန်မှုများကို အသုံးချ၍ ဆူပူအကြမ်းဖက်မှုများ ပြုလုပ်လာပါက လုံခြုံရေးအဖွဲ့အစည်းများက ထိရောက်စွာ ဟန့်တား၍ ဥပဒေချိုးဖောက်လာပါက တည်ဆဲဥပဒေများနှင့် အညီ ထိထိရောက်ရောက် အရေးယူသွားရန်လည်း လမ်းညွှန်ထားပြီးဖြစ်ကြောင်း စက်တင်ဘာလ (၆)ရက်နေ့ထုတ် နိုင်ငံတော်သမ္မတရုံးသတင်း ထုတ်ပြန်ချက် အမှတ်၊ ၄/၂၀၁၇ တွင် ဖေါ်ပြထားသည်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးသတိ ရှိရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် အဓိကအကျဆုံးလုပ်ငန်းများဖြစ်ပါ၍ ပြည်သူများအားလုံးက တရားဥပဒေနှင့်အညီ တည်ငြိမ်အေးချမ်းစွာ နေထိုင်ခြင်းဖြင့် နိုင်ငံတော်အစိုးရကိုကူညီပံ့ပိုးပေးနိုင်ကြပါရန်ဟု နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ချက်တွင် အသိပေးတိုက်တွန်းထားသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတောဒေသများတွင် နိုင်ငံတကာမှ ပိုမိုအာရုံစိုက်လာစေရန်နှင့် ARSA အစွန်းရောက်အကြမ်းဖက်သမားများအပေါ် ထောက်ခံမှုများတိုးမြှင့်ရရှိလာစေရန်ရည်ရွယ်၍ မြန်မာ နိုင်ငံအတွင်းရှိ မြို့ကြီးများသို့ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများလုပ်ဆောင်ရန် ပြင်ဆင်ဆောင်ရွက် လျှက်ရှိကြောင်းသိရှိရသဖြင့် လုံခြံုရေးအထူးဂရုပြုဆောင်ရွက်ကြရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ သတိပေးစာကို စက်တင်ဘာလ (၅)ရက်နေ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် သြဂုတ်လ (၂၅) ရက်နေ့ နံနက်ပိုင်းမှစ၍ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုခံနေရခြင်းဖြစ်သည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~