ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ပဉ္စမအကြိမ်အထိအစည်းအဝေးများတွင် အဆို (၆၈)ခုနှင့် မေးခွန်း (၃၅၃၄)တို့ကို ဆောင်ရွက်ပြီးစီး

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ပဉ္စမအကြိမ်အထိအစည်းအဝေးများတွင် အဆို (၆၈)ခုနှင့် မေးခွန်း (၃၅၃၄)တို့ကို ဆောင်ရွက်ပြီးစီး
စကျတငျဘာ 14, 2017
By 🌸
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ ပဉ္စမပုံမှန်အစည်းအဝေးထိကာလများအတွင်း အဆို(၆၈)ခုနှင့် မေးခွန်း(၃၅၃၄)ခုကို ဆောင်ရွက်ပြီးစီးထားကြောင်း ပြည်သူ့လွှတ်တော်က စက်တင်ဘာလ (၁၄)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှ စတင်ခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ ၂၀၁၇ ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့တွင် ပြီးစီးခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးအထိ တင်သွင်းခဲ့သည့် အဆိုစုစုပေါင်း (၆၈)ခုနှင့် မေးမြန်းခဲ့သည့် မေးခွန်းပေါင်း (၃၅၃၄)ခုကို ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအကြိမ်လွှတ်တော်အစည်းအဝေးများအထိ မေးခွန်းမေးမြန်းမှုများတွင်  ကြယ်ပွင့်ပြမေးခွန်း စုစုပေါင်း (၁၀၀၈)ခုအနက် (၈၂၇)ခုအား နှုတ်ဖြင့်ဖြေဆိုခဲ့ပြီး (၁၈၁)ခုကို စာဖြင့်ဖြေဆိုခဲ့ကာ ကြယ်ပွင့်မပြမေးခွန်းပေါင်း (၂၅၂၆)ကိုလည်း ဖြေဆိုခဲ့ပြီးဖြစ်ကြောင်းသိရသည်။

အဆိုပါလွှတ်တော်အစည်းအဝေးများအတွင်း အဆိုတင်သွင်းမှုပေါင်း (၆၈)ခုအနက် ရိုရိုးအဆိုအဖြစ် (၂၀)ခုနှင့် အရေးကြီးအဆိုအဖြစ် (၆)ခုကို အတည်ပြုခြင်း၊ ရိုးရိုးအဆိုအဖြစ် (၃၂)ခုနှင့် အရေးကြီးအဆိုအဖြစ် (၄)ခုကို မှတ်တမ်းတင်ခြင်း၊ ရိုးရိုးအဆိုအဖြစ် (၂)ခုနှင့် အရေးကြီးအဆိုအဖြစ် (၁)ခုတို့ကို အတည်မပြုခြင်း၊ ရိုးရိုးအဆို (၁)ခုကို ရုပ်သိမ်းခြင်း၊ ရိုးရိုးအဆို(၁)ခုကို ဆက်လက် ဆွေးနွေးရန်မသင့်ကြောင်း ဆုံးဖြတ်ခြင်းတို့ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ပဥ္စမအကြိမ်အထိအစည်းအဝေးများတွင် အဆို (၆၈)ခုနှင့် မေးခွန်း (၃၅၃၄)တို့ကို ဆောင်ရွက်ပြီးစီး
********
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ ပဥ္စမပုံမှန်အစည်းအဝေးထိကာလများအတွင်း အဆို(၆၈)ခုနှင့် မေးခွန်း(၃၅၃၄)ခုကို ဆောင်ရွက်ပြီးစီးထားကြောင်း ပြည်သူ့လွှတ်တော်က စက်တင်ဘာလ (၁၄)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှ စတင်ခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ ၂၀၁၇ ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့တွင် ပြီးစီးခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေးအထိ တင်သွင်းခဲ့သည့် အဆိုစုစုပေါင်း (၆၈)ခုနှင့် မေးမြန်းခဲ့သည့် မေးခွန်းပေါင်း (၃၅၃၄)ခုကို ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမအကြိမ်လွှတ်တော်အစည်းအဝေးများအထိ မေးခွန်းမေးမြန်းမှုများတွင်  ကြယ်ပွင့်ပြမေးခွန်း စုစုပေါင်း (၁၀၀၈)ခုအနက် (၈၂၇)ခုအား နှုတ်ဖြင့်ဖြေဆိုခဲ့ပြီး (၁၈၁)ခုကို စာဖြင့်ဖြေဆိုခဲ့ကာ ကြယ်ပွင့်မပြမေးခွန်းပေါင်း (၂၅၂၆)ကိုလည်း ဖြေဆိုခဲ့ပြီးဖြစ်ကြောင်းသိရသည်။

အဆိုပါလွှတ်တော်အစည်းအဝေးများအတွင်း အဆိုတင်သွင်းမှုပေါင်း (၆၈)ခုအနက် ရိုရိုးအဆိုအဖြစ် (၂၀)ခုနှင့် အရေးကြီးအဆိုအဖြစ် (၆)ခုကို အတည်ပြုခြင်း၊ ရိုးရိုးအဆိုအဖြစ် (၃၂)ခုနှင့် အရေးကြီးအဆိုအဖြစ် (၄)ခုကို မှတ်တမ်းတင်ခြင်း၊ ရိုးရိုးအဆိုအဖြစ် (၂)ခုနှင့် အရေးကြီးအဆိုအဖြစ် (၁)ခုတို့ကို အတည်မပြုခြင်း၊ ရိုးရိုးအဆို (၁)ခုကို ရုတ်သိမ်းခြင်း၊ ရိုးရိုးအဆို(၁)ခုကို ဆက်လက်ဆွေးနွေးရန်မသင့်ကြောင်း ဆုံးဖြတ်ခြင်းတို့ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~