ျပည္နယ္ရန္ပံုေငြ က်ပ္သိန္းႏွစ္ေထာင္သံုးစြဲမည့္ မုိင္းျဖတ္ မီးသတ္ဝန္ထမ္းအိမ္ရာအား ၂၀၁၈ခုႏွစ္ အစတြင္ အၿပီးတည္ေဆာက္မည္

ျပည္နယ္ရန္ပံုေငြ က်ပ္သိန္းႏွစ္ေထာင္သံုးစြဲမည့္ မုိင္းျဖတ္ မီးသတ္ဝန္ထမ္းအိမ္ရာအား ၂၀၁၈ခုႏွစ္ အစတြင္ အၿပီးတည္ေဆာက္မည္
စက်တင်ဘာ 4, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္ ၊ မိုင္းျဖတ္ၿမိဳ႕တြင္ ျပည္နယ္ရန္ပံုေငြ က်ပ္သိန္းႏွစ္ေထာင္ျဖင့္ ပုဂၢလိက ကုမၸဏီက ေဆာက္လုပ္မည့္ မီးသတ္ဦးစီးဌာန အေဆာက္အဦ ပႏၷက္႐ိုက္ပြဲအား စက္တင္ဘာ(၄)ရက္ေန႔က က်င္းပၿပီးေနာက္ အဆိုပါ အေဆာက္အဦအား ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔တြင္ အၿပီး ေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆုိပါ အေဆာက္အဦမွာ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္ ျပည္နယ္ခြင့္ျပဳရန္ပံုေငြ က်ပ္သိန္းႏွစ္ေထာင္ ခြင့္ျပဳခ်က္ျဖင့္ ေတာင္ႀကီးၿမိဳ႕အေျခစိုက္ သိဂႌေတာ္ဝင္ေဆာက္လုပ္ေရးကုမၸဏီက ေဆာက္လုပ္ခြင့္ ရရွိထားျခင္းျဖစ္ေၾကာင္း သိရသည္။

မီးသတ္ဝန္ထမ္း ေနအိမ္ျဖစ္သည့္ RC ေလးခန္းတြဲ (၂)ထပ္အေဆာက္အဦ ျဖစ္ၿပီး ေပ (၁၄၀) ႏွင့္ (၂၃)ေပ ရွိကာ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ(၁)ရက္ေန႔တြင္ အၿပီးေဆာက္လုပ္ရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပႏၷက္႐ိုက္ပြဲသို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေက်ာက္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလိႈင္၊ ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ တာခ်ီလိတ္ခ႐ိုင္ မီးသတ္ဦးစီးမွဴး လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးထြန္းႏိုင္ဦး၊ မိုင္းျဖတ္ၿမိဳ႕နယ္မီးသတ္ဦးစီးမွဴး ဦးထြန္းေနလႈိင္ႏွင့္ ဝန္ထမ္းမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ကိုသာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် ပြည်နယ်ရန်ပုံငွေ ကျပ်သိန်းနှစ်ထောင်ဖြင့် ပုဂ္ဂလိက ကုမ္ပဏီက ဆောက်လုပ်မည့် မီးသတ်ဦးစီးဌာန အဆောက်အဦ ပန္နက်ရိုက်ပွဲအား စက်တင်ဘာ(၄)ရက်နေ့က ကျင်းပပြီးနောက် အဆိုပါ အဆောက်အဦအား ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင် အပြီး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆောက်အဦမှာ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်သိန်းနှစ်ထောင် ခွင့်ပြုချက်ဖြင့် တောင်ကြီးမြို့အခြေစိုက် သိင်္ဂီတော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီက ဆောက်လုပ်ခွင့် ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။

မီးသတ်ဝန်ထမ်း နေအိမ်ဖြစ်သည့် RC လေးခန်းတွဲ (၂)ထပ်အဆောက်အဦ ဖြစ်ပြီး ပေ (၁၄၀) နှင့် (၂၃)ပေ ရှိကာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင် အပြီးဆောက်လုပ်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန္နက်ရိုက်ပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာချီလိတ်ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဦး၊ မိုင်းဖြတ်မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းနေလှိုင်နှင့် ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ကိုသာ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~