
စကျတငျဘာ 12, 2017
By 🌸
မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံးဝန်ထမ်းအိမ်ရာ အဆောက်အအုံဆောက်လုပ်ရန် တင်ဒါတင်သွင်းထားသည့် ကုမ္ပဏီများ၏ရှေ့မှောက်တွင် တင်ဒါဈေးနှုန်းဖွင့်ဖောက်စိစစ်ကြေငြာခြင်းအား စက်တင်ဘာလ (၁၁)ရက်နေ့ နေ့လယ် (၂)နာရီက မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ၊ ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်နိုင်ဦးနှင့် တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီဝင်များသည် လွှတ်တော်ရုံးဝန်ထမ်းအိမ်ရာ အဆောက်အအုံများ၏ တင်ဒါကြမ်းခင်းဈေးနှုန်းသတ်မှတ်ရေးနှင့် ပတ်သက်၍ အစည်းအဝေးပြုလုပ်ပြီးနောက် တင်ဒါတင်သွင်းထားသော ကုမ္ပဏီများရှေ့မှောက်တွင် တင်ဒါဈေးနှုန်းဖွင့်ဖောက်စိစစ်ကြေငြာခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် ဈေးနှုန်းများ နှိုင်းယှဉ်ပြသခြင်းတို့ကိုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးလွှတ်တော်က သတင်းထုတ်ပြန်ထားသည်။


~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံးဝန်ထမ်းအိမ်ရာ တင်ဒါသွင်းသည့်ကုမ္ပဏီများရှေ့တွင် တင်ဒါဖွင့်ဖေါက်စိစစ်ကြေငြာ
***********
မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံးဝန်ထမ်းအိမ်ရာ အဆောက်အအုံဆောက်လုပ်ရန် တင်ဒါတင်သွင်းထားသည့် ကုမ္ပဏီများ၏ရှေ့မှောက်တွင် တင်ဒါစျေးနှုန်းဖွင့်ဖောက်စိစစ်ကြေငြာခြင်းအား စက်တင်ဘာလ (၁၁)ရက်နေ့ နေ့လယ် (၂)နာရီက မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ၊ ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး ဒုုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်နိုင်ဦးနှင့် တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီဝင်များသည် လွှတ်တော်ရုံးဝန်ထမ်းအိမ်ရာ အဆောက်အအုံများ၏ တင်ဒါကြမ်းခင်းစျေးနှုန်းသတ်မှတ်ရေးနှင့် ပတ်သက်၍ အစည်းအဝေးပြုလုပ်ပြီးနောက် တင်ဒါတင်သွင်းထားသော ကုမ္ပဏီများရှေ့မှောက်တွင် တင်ဒါစျေးနှုန်းဖွင့်ဖောက်စိစစ်ကြေငြာခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် စျေးနှုန်းများ နှိုင်းယှဉ်ပြသခြင်းတို့ကိုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးလွှတ်တော်က သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ #မကွေးတိုင်းဒေသကြီးလွှတ်တော်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~