အသက်(၉)လမှ အသက်(၁၅)နှစ်အောက်ရှိ ကျောင်းမနေ ကလေးငယ်များ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးရန်အတွက် ကြိုတင်စာရင်းများကို တာချီလိတ်မြို့ရှိ သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် စာရင်းပေးရန်လို

အသက်(၉)လမှ အသက်(၁၅)နှစ်အောက်ရှိ ကျောင်းမနေ ကလေးငယ်များ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးရန်အတွက် ကြိုတင်စာရင်းများကို တာချီလိတ်မြို့ရှိ သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် စာရင်းပေးရန်လို
စကျတငျဘာ 4, 2017
By Tachileik News Agency

ကျန်းမာရေးဌာနမှ ၂၀၁၇ခုနှစ် နိုဝင်ဘာလအတွင်း ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံပေးရေးနှင့် ပတ်သက်၍ အသက်(၉)လမှ (၁၅)နှစ်အောက် ကျောင်းမနေ ကလေးများ၏ ကြိုတင် အမည်စာရင်းများကို ၂၀၁၇ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့က စ၍ စက်တင်ဘာလ(၇)ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးရုံးများတွင် ညစဉ် ရုံးဖွင့်ချိန်များတွင် စာရင်းလာရောက်ပေးသွင်းထားရန်လိုကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ်(၁၁)ရပ်ကွက် နှင့် ကျေးရွာအုပ်စုများရှိ အသက်(၉)လမှ (၁၅)နှစ်အောက် ကျောင်းမနေသည့် ကလေးများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရုံးများတွင် စာရင်း ကြိုတင်ပေးသွင်းရမှာ ဖြစ်ကြောင်းနှင့် အသက်(၅)နှစ်မှ အသက်(၁၅)နှစ်အောက်ရှိ ကျောင်းနေသည့် ကလေးများအနေဖြင့် စာရင်းပေးသွင်းရန်မလိုဘဲ ကျောင်းတွင် လာရောက် ထိုးနှံပေးမှာ ဖြစ်ကြောင်း သိရသည်။


ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံပေးရေး အစီအစဉ်အနေဖြင့် အသက်(၅)နှစ်မှ အသက်(၁၅)နှစ်အထိ ကလေးများအား ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့မှ (၂၃)ရက်နေ့အထိ လည်းကောင်း၊ အသက်(၉)လမှ အသက်(၅)နှစ်အထိ ကလေးများအား ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့မှ (၂၀)ရက်နေ့အထိလည်းကောင်း ထိုးနှံပေးသွားရန်အတွက် လတ်တလောတွင် ရပ်ကွက်အတွင်းမှ အသက်(၉)လမှ (၁၅)အောက် ကျောင်းမနေ ကလေးငယ်များ၏ စာရင်းများကို ကြိုတင် ကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ကျန်းမာရေးဌာနမှ ၂၀၁၇ခုနှစ် နိုဝင်ဘာလအတွင်း ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံပေးရေးနှင့် ပတ်သက်၍ အသက်(၉)လမှ (၁၅)နှစ်အောက် ကျောင်းမနေ ကလေးများ၏ ကြိုတင် အမည်စာရင်းများကို ၂၀၁၇ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့က စ၍ စက်တင်ဘာလ(၇)ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုူးရုံးများတွင် ညစဉ် ရုံးဖွင့်ချိန်များတွင် စာရင်းလာရောက်ပေးသွင်းထားရန်လိုကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ်(၁၁)ရပ်ကွက် နှင့် ကျေးရွာအုပ်စုများရှိ အသက်(၉)လမှ (၁၅)နှစ်အောက် ကျောင်းမနေသည့် ကလေးများ အနဖြေင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရုံးများတွင် စာရင်း ကြိုတင်ပေးသွင်းရမှာ ဖြစ်ကြောင်းနှင့် အသက်(၅)နှစ်မှ အသက်(၁၅)နှစ်အောက်ရှိ ကျောင်းနေသည့် ကလေးများအနဖြေင့် စာရင်းပေးသွင်းရန်မလိုဘဲ ကျောင်းတွင် လာရောက် ထိုးနှံပေးမှာ ဖြစ်ကြောင်း သိရသည်။

"ကျောင်းမနေသေးတဲ့ (၅)နှစ်အောက် ကလေးတွေနဲ့ ကျောင်းမှာ မထိုးလိုက်ရတဲ့ ကလေးတွေရယ် နောက်ပြီး ကျောင်းလုံးဝ မတက်တဲ့ ကလေးတွေကို ဒီဇင်ဘာလထဲမှာ ရပ်ကွက်ရုံးမှာ သွားထိုးပေးမှာပါ၊ ကျောင်းတက်တဲ့ ကလေးတွေက စာရင်းရှိပြီးသားပါ၊ အခု ပုံစံကတော့ ၂၀၁၅ခုနှစ်တုန်းက ဝက်သက်နဲ့ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးခဲ့တုန်းကလို ပုံစံမျိုးပဲ"ဟု ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံပေးရေး အစီအစဉ်အနဖြေင့် အသက်(၅)နှစ်မှ အသက်(၁၅)နှစ်အထိ ကလေးများအား ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့မှ (၂၃)ရက်နေ့အထိ လည်းကောင်း၊ အသက်(၉)လမှ အသက်(၅)နှစ်အထိ ကလေးများအား ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့မှ (၂၀)ရက်နေ့အထိလည်းကောင်း ထိုးနှံပေးသွားရန်အတွက် လတ်တလောတွင် ရပ်ကွက်အတွင်းမှ အသက်(၉)လမှ (၁၅)အောက် ကျောင်းမနေ ကလေးငယ်များ၏ စာရင်းများကို ကြိုတင် ကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားခဲ့သူမှာ ၂၀၁၆ ခုနှစ်က စုစုပေါင်း လူဦးရေ (၃၈၀)ကျော်ရှိခဲ့ကြောင်း နှင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားရခြင်းသည် ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည့် Culex ခြင်ကိုက်ရာကတဆင့် လူများထံ ကူးစက်ရာမှ ဖြစ်ပွားခြင်း ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~