မကွေးမြို့နယ်အတွင်း GAP စနစ်ဖြင့် စိုက်ပျိုးသော စမုန်နက်နှမ်း ဒေသပေါက်ဈေးထက် တစ်တင်းလျှင် ကျပ်တစ်သောင်း ဈေးပိုရ
မကွေးမြို့နယ်အတွင်း GAP စနစ်ဖြင့် စိုက်ပျိုးသော စမုန်နက်နှမ်း ဒေသပေါက်ဈေးထက် တစ်တင်းလျှင် ကျပ်တစ်သောင်း ဈေးပိုရ
စကျတငျဘာ 10, 2017
By 🌸
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်လေးခုတွင် ဓာတု ဆေးကြွင်းအာနိသင်နည်းပြီး ထုတ်လုပ်မှုအရည်အသွေး ကောင်းမွန်စေသည့် စိုက်ပျိုးနည်းစနစ်ဖြင့် ယခုနှစ်တွင် နှမ်းနက်အား စမ်းသပ်စိုက်ပျိုးခဲ့ရာ နိုင်ငံခြားဈေးကွက်ရသဖြင့် တစ်တင်းလျှင် ကျပ်တစ်သောင်း ဈေးပိုရလာကြောင်း သိရသည်။
“မင်းလှ၊ မင်းဘူး၊ မကွေးနဲ့ နတ်မောက် မြို့နယ်(၄)ခုမှာ နှမ်းနက်သီးနှံကို ထုတ်လုပ်မှုအရည်အသွေးကောင်းမွန်ဖို့၊ ဓာတု ဆေးကြွင်းအာနိသင်နည်းဖို့ ၊ နိုင်ငံခြားပို့ကုန်အဆင့်အရည်အသွေးပြည့်မီဖို့နဲ့ ကောင်းမွန်    စိတ်ချရတဲ့ နိုင်ငံခြားဈေးကွက် တောင်သူများထံရောက်ရှိလာဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေထားရှိပြီး GAP စနစ်နဲ့ စိုက်ပျိုးခဲ့တာမှာ အခုဆိုရင် ကျန်တဲ့မြို့နယ်တွေက တောင်သူတွေကပါ စိတ်ဝင်တစားနဲ့ သူတို့ဆီမှာလည်း လာလုပ်ပေးဖို့ ကမ်းလှမ်းနေကြပြီ”ဟု မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးခင်မောင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါစနစ်ဖြင့် စိုက်ပျိုးခဲ့သည့် နှမ်းနက်မှာ လက်ရှိဒေသပေါက်ဈေးထက် နှမ်းတစ်တင်းလျှင် ကျပ်တစ်သောင်းခန့်အထိ ပိုရလာကြောင်း  မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံမှ သိရသည်။
အရည်အသွေးကောင်း နှမ်းသီးနှံထုတ်လုပ်ရေးနှင့် ဈေးကွက်အခွင့်အလမ်းရရှိရေးကို ဖော်ဆောင်ရန်      မကွေးတိုင်းဒေသကြီးအတွင်းရှိ စီမံကိန်းဖေါ်ဆောင်သည့် ကျေးရွာ (၅၀)အနက် ကျေးရွာ(၃၈)ရွာကိုရွေးချယ်၍ နှမ်းနက်သီးနှံအား တစ်ကွင်းတစ်စပ်တည်းဖော်ဆောင်ကာ စီမံကိန်း၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
“GAP စနစ်နဲ့ စိုက်လို့ရှိရင် ဂျပန်ဈေးကွက်ကိုမီမယ်လို့ တောင်သူတွေကိုအသိပညာပေးပြီး စည်း ရုံးနိုင်ခဲ့လို့ တောင်သူပေါင်း (၈၆၅)ဦး၊ ဧကပေါင်း (၃၀၉၄) ဧက ကို တစ်ကွင်းတစ်စပ်တည်းစိုက်ဖို့ မြို့နယ် (၄) မြို့နယ်က ရွာ(၅၀)ကိုစည်းရုံးနိုင်ခဲ့ပါတယ်”ဟု တိုင်းတောင်သူဖွံ့ဖြိုးရေးဥက္ကဌ ဦးဟန်ညွန့်က ပြောသည်။
မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့အနေဖြင့် နှမ်းသီးနှံဓာတုဓာတ်ကြွင်းကင်းရန်နှင့် အက်ဆစ်ဓာတ်နည်းရန် စိုက်ပြီးရက်(၄၀)အတွင်း ဓာတုဆေးများမသုံးရန် ပညာပေး၍  စမုန်နက်နှမ်း ကွန်တိန်နာတစ်လုံးစာရပါက ထိုင်းနိုင်ငံတွင် သွားရောက်စစ်ဆေးကာ ဂျပန်နှင့် တရုတ်နိုင်ငံများမှ လိုချင်သည့် အရည်အသွေး ပြည့်မီမှုရှိလျှင် တောင်သူများ လိုချင်သည့်ဈေးရရန် အဆိုပါနိုင်ငံများက ဆောင်ရွက်ပေးမည်ဟု ကတိကဝတ်များ ရရှိထားကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးမြို့နယ်အတွင်း GAP စနစ်ဖြင့် စိုက်ပျိုးသော စမုန်နက်နှမ်း ဒေသပေါက်စျေးထက် တစ်တင်းလျှင် ကျပ်တစ်သောင်း စျေးပိုရ
***********
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်လေးခုတွင် ဓာတု ဆေးကြွင်းအာနိသင်နည်းပြီး ထုတ်လုပ်မှုအရည်အသွေး ကောင်းမွန်စေသည့် စိုက်ပျိုးနည်းစနစ်ဖြင့် ယခုနှစ်တွင် နှမ်းနက်အား စမ်းသပ်စိုက်ပျိုးခဲ့ရာ နိုင်ငံခြားစျေးကွက်ရသဖြင့် တစ်တင်းလျှင် ကျပ်တစ်သောင်း စျေးပိုရလာကြောင်း သိရသည်။
“မင်းလှ၊ မင်းဘူး၊ မကွေးနဲ့ နတ်မောက် မြို့နယ်(၄)ခုမှာ နှမ်းနက်သီးနှံကို ထုတ်လုပ်မှုအရည်အသွေးကောင်းမွန်ဖို့၊ ဓာတု ဆေးကြွင်းအာနိသင်နည်းဖို့ ၊ နိုင်ငံခြားပို့ကုန်အဆင့်အရည်အသွေးပြည့်မီဖို့နဲ့ ကောင်းမွန်    စိတ်ချရတဲ့ နိုင်ငံခြားစျေးကွက် တောင်သူများထံရောက်ရှိလာဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေထားရှိပြီး GAP စနစ်နဲ့ စိုက်ပျိုးခဲ့တာမှာ အခုဆိုရင် ကျန်တဲ့မြို့နယ်တွေက တောင်သူတွေကပါ စိတ်ဝင်တစားနဲ့ သူတို့ဆီမှာလည်း လာလုပ်ပေးဖို့ ကမ်းလှမ်းနေကြပြီ”ဟု မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးခင်မောင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိိုပါစနစ်ဖြင့် စိုက်ပျိုးခဲ့သည့် နှမ်းနက်မှာ လက်ရှိဒေသပေါက်စျေးထက် နှမ်းတစ်တင်းလျှင် ကျပ်တစ်သောင်းခန့်အထိ ပိုရလာကြောင်း  မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံမှ သိရသည်။
“အရင်ကဆို ကျွန်တော်တို့တောင်သူတွေက စျေးကွက်ဆီသွားနေကြရတော့ စျေးကွက်အထိနာခဲ့ ကြတယ်။ အခု ကျွန်တော်တို့ တောင်သူတွေက GAP စနစ်နဲ့စိုက်ပျိုးကြဖို့ပဲ လိုတယ်။ နိုင်ငံခြားကုမ္ပဏီတွေ ကျွန်တော်တို့ဆီလာနေကြပြီဖြစ်လို့ ဒီနှစ်တော့ နှမ်းနက်တစ်တင်းကို ဒေသကာလပေါက်စျေးထက် တစ်သောင်းလောက်တော့ ပိုရဖို့သေချာသလောက်ရှိနေပြီ”ဟု မကွေးမြို့နယ် လိပ်ကန်ကျေးရွာမှ တောင်သူ ဦးစိုးလွင်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အရည်အသွေးကောင်း နှမ်းသီးနှံထုတ်လုပ်ရေးနှင့် စျေးကွက်အခွင့်အလမ်းရရှိရေးကို ဖော်ဆောင်ရန်      မကွေးတိုင်းဒေသကြီးအတွင်းရှိ စီမံကိန်းဖေါ်ဆောင်သည့် ကျေးရွာ (၅၀)အနက် ကျေးရွာ(၃၈)ရွာကိုရွေးချယ်၍ နှမ်းနက်သီးနှံအား တစ်ကွင်းတစ်စပ်တည်းဖော်ဆောင်ကာ စီမံကိန်း၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နှမ်းစိုက်ပျိုးသည့်အချိန်မှစ၍ ရိတ်သိမ်းသည့်အချိန်ထိ စိုက်ပျိုးနည်း ပညာပံ့ပိုးခြင်း၊ အပင်ရောဂါပိုးမွှားကာကွယ်နှိမ်နင်းရေးအပိုင်းတွင် ပံပိုးပစ္စည်းနှင့်နည်းပညာပိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ စီမံကိန်းတွင်လိုအပ်သည့် မှတ်တမ်းများရယူ၍ တောင်သူများထံ ဖြန့်ဝေပေးခြင်း၊ မှတ်တမ်းမှတ်ရာဖြည့်စွက်နည်းများကိုလည်း တောင်သူများအား သင်ကြားပေးခြင်း၊ နိုင်ငံ ခြားသားပညာရှင်များကိုခေါ်ယူ၍ ပညာပေးခြင်း၊ ပိုးသတ်ဆေးများကိုလည်း မြို့နယ်များ၌ဖြန့်ဝေထားကာ ဆေးနှင့် နည်းစနစ်မှအစ အနီးကပ်ကြီးကြပ် ကူညီဆောင်ရွက်ပေးခြင်းတို့ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
“GAP စနစ်နဲ့ စိုက်လို့ရှိရင် ဂျပန်စျေးကွက်ကိုမီမယ်လို့ တောင်သူတွေကိုအသိပညာပေးပြီး စည်း ရုံးနိုင်ခဲ့လို့ တောင်သူပေါင်း (၈၆၅)ဦး၊ ဧကပေါင်း (၃၀၉၄) ဧက ကို တစ်ကွင်းတစ်စပ်တည်းစိုက်ဖို့ မြို့နယ် (၄) မြို့နယ်က ရွာ(၅၀)ကိုစည်းရုံးနိုင်ခဲ့ပါတယ််”ဟု တိုင်းတောင်သူဖွံ့ဖြိုးရေးဥက္ကဌ ဦးဟန်ညွန့်က ပြောသည်။
မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့အနေဖြင့် နှမ်းသီးနှံဓာတုဓာတ်ကြွင်းကင်းရန်နှင့် အက်ဆစ်ဓာတ်နည်းရန် စိုက်ပြီးရက်(၄၀)အတွင်း ဓာတုဆေးများမသုံးရန် ပညာပေး၍  စမုန်နက်နှမ်း ကွန်တိန်နာတစ်လုံးစာရပါက ထိုင်းနိုင်ငံတွင် သွားရောက်စစ်ဆေးကာ ဂျပန်နှင့် တရုတ်နိုင်ငံများမှ လိုချင်သည့် အရည်အသွေး ပြည့်မီမှုရှိလျှင် တောင်သူများ လိုချင်သည့်စျေးရရန် အဆိုပါနိုင်ငံများက ဆောင်ရွက်ပေးမည်ဟု ကတိကဝတ်များ ရရှိထားကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~