တာခ်ီလိတ္ၿမိဳ႕နယ္ ၀မ္ေက်ာက္လံုမွ ဖန္မင္ေက်းရြာအုပ္စုရွိ တိုးဂိတ္အထိ လမ္းမ်ားအား ယခုႏွစ္၏ စက္တင္ဘာလ(၂၀)ရက္ေန႔ မတိုင္မီ အၿပီး ျပဳျပင္မည္

တာခ်ီလိတ္ၿမိဳ႕နယ္ ၀မ္ေက်ာက္လံုမွ ဖန္မင္ေက်းရြာအုပ္စုရွိ တိုးဂိတ္အထိ လမ္းမ်ားအား ယခုႏွစ္၏ စက္တင္ဘာလ(၂၀)ရက္ေန႔ မတိုင္မီ အၿပီး ျပဳျပင္မည္
စက်တင်ဘာ 5, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္ ၀မ္ေက်ာက္လံုမွ ဖန္မင္ေက်းရြာအုပ္စုရွိ တိုးဂိတ္အထိ ဆိုးရြားေနသည့္ လမ္းမ်ားအား စက္တင္ဘာလ(၆)ရက္ေန႔မွ စ၍ ကြင္းဆင္း စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး စက္တင္ဘာလ(၂၀)ရက္ေန႔ မတိုင္မီ ကာလအတြင္း ေသာ္တာ၀င္း ကုမၸဏီမွ ျပဳျပင္မႈမ်ား ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"တကယ္တမ္းက ဒီရက္ပိုင္း ေဆာင္ရြက္မလို႔ပဲ၊ သူတို႔က က်ဳိင္းလပ္ဘက္မွာ ေရႀကီးၿပီး တံတား ေရထဲေမ်ာသြားေတာ့ အဲ့ဒါကို သြားလုပ္ေနရေတာ့ ဒီလမ္းေတြကို မျပင္ျဖစ္ေသးတာလို႔ ေျပာတယ္။ ဒီလ(စက္တင္ဘာလ)၂၀ရက္ေန႔ မတိုင္မီ ဒီလမ္းေတြကို အျမန္ဆံုး ျပဳျပင္သြားဖို႔ရွိပါတယ္၊ မနက္ျဖန္(စက္တင္ဘာ ၆) မွာ ပဆင ပါမယ္၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးနဲ႔အဖြဲ႔ပါမယ္၊ ေသာ္တာ၀င္းက မန္ေနဂ်ာပါမယ္ ၊ စုေပါင္းၿပီး လမ္းကိစၥ ကြင္းဆင္းမွာျဖစ္ပါတယ္"ဟု ဖန္မင္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးမွ တာ၀န္ရွိသူ တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ လမ္းအား ျပဳျပင္ရန္ အတြက္ ၂၀၁၇ခုႏွစ္ ၾသဂုတ္လ(၃၀)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးရံုး၌ ျပဳလုပ္သည့္ အစည္းအေ၀းတြင္ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီႏွင့္ ေသာ္တာ၀င္းကုမၸဏီမွ တာ၀န္ရွိသူတို႔ ေတြ႔ဆံုကာ ေဆြးေႏြး အတည္ျပဳလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

အာဆီယံ ဖြဲ႔စည္းတည္ေထာင္မႈ ႏွစ္(၅၀)ျပည့္ ( ASEAN 50th Anniversary )အထိမ္းအမွတ္အျဖစ္ က်င္းပမည့္ Car Rally ၿပိဳင္ပြဲ၀င္ ႏိုင္ငံတကာမွ ကားမ်ားသည္ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ(၂၃)ရက္ေန႔ နံနက္ပိုင္းတြင္ က်ဳိင္းတံုမွ တစ္ဆင့္ တာခ်ီလိတ္သို႔ လာေရာက္မည္ျဖစ္သည့္အတြက္ တာခ်ီလိတ္ၿမိဳ႕နယ္ ဖန္မင္ေက်းရြာအုပ္စုရွိ တိုးဂိတ္မွ ၀မ္ေက်ာက္လံု၊ ဧဒင္ရြာအထိ ဆိုးရြားေနသည့္ လမ္းမ်ားအား စက္တင္ဘာလ(၂၀)ရက္ေန႔ မတိုင္မီအတြင္း ျပဳျပင္မႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ် ဝမ်ကျောက်လုံမှ ဖန်မင်ကျေးရွာအုပ်စုရှိ တိုးဂိတ်အထိ ဆိုးရွားနေသည့် လမ်းများအား စက်တင်ဘာလ(၆)ရက်နေ့မှ စ၍ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ပြီး စက်တင်ဘာလ(၂၀)ရက်နေ့ မတိုင်မီ ကာလအတွင်း သော်တာဝင်း ကုမ္ပဏီမှ ပြုပြင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"တကယ်တမ်းက ဒီရက်ပိုင်း ဆောင်ရွက်မလို့ပဲ၊ သူတို့က ကျိုင်းလပ်ဘက်မှာ ရကြေီးပြီး တံတား ရေထဲမျောသွားတော့ အဲ့ဒါကို သွားလုပ်နေရတော့ ဒီလမ်းတွေကို မပြင်ဖြစ်သေးတာလို့ ပြောတယ်။ ဒီလ(စက်တင်ဘာလ)၂၀ရက်နေ့ မတိုင်မီ ဒီလမ်းတွေကို အမြန်ဆုံး ပြုပြင်သွားဖို့ရှိပါတယ်၊ မနက်ဖြန်(စက်တင်ဘာ ၆) မှာ ပဆင ပါမယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ပါမယ်၊ သော်တာဝင်းက မန်နေဂျာပါမယ်၊ စုပေါင်းပြီး လမ်းကိစ္စ ကွင်းဆင်းမှာဖြစ်ပါတယ်"ဟု ဖန်မင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လမ်းအား ပြုပြင်ရန် အတွက် ၂၀၁၇ခုနှစ် သြဂုတ်လ(၃၀)ရက်နေ့က တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည့် အစည်းအေဝးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် သော်တာဝင်းကုမ္ပဏီမှ တာဝန်ရှိသူတို့ တွေ့ဆုံကာ ဆွေးနွေး အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အာဆီယံ ဖွဲ့စည်းတည်ထောင်မှု နှစ်(၅၀)ပြည့် ( ASEAN 50th Anniversary )အထိမ်းအမှတ်အဖြစ် ကျင်းပမည့် Car Rally ပြိုင်ပွဲဝင် နိုင်ငံတကာမှ ကားများသည် ၂၀၁၇ ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမှ တစ်ဆင့် တာချီလိတ်သို့ လာရောက်မည်ဖြစ်သည့်အတွက် တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စုရှိ တိုးဂိတ်မှ ဝမ်ကျောက်လုံ၊ ဧဒင်ရွာအထိ ဆိုးရွားနေသည့် လမ်းများအား စက်တင်ဘာလ(၂၀)ရက်နေ့ မတိုင်မီအတွင်း ပြုပြင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~