လုပ္ငန္းခြင္အႀကိဳ ဆရာအတတ္ပညာ ဒီပလိုမာ ႏွစ္ႏွစ္သင္တန္းတက္ေရာက္လိုသူမ်ား စက္တင္ဘာ ၂၉ ရက္ ေနာက္ဆံုးထား ေလွ်ာက္ထားႏိုင္

လုပ္ငန္းခြင္အႀကိဳ ဆရာအတတ္ပညာ ဒီပလိုမာ ႏွစ္ႏွစ္သင္တန္းတက္ေရာက္လိုသူမ်ား စက္တင္ဘာ ၂၉ ရက္ ေနာက္ဆံုးထား ေလွ်ာက္ထားႏိုင္
စက်တင်ဘာ 11, 2017
By 🌸
၂၀၁၇ ခုႏွစ္တကၠသိုလ္ဝင္တန္းေအာင္ျမင္ထားသူမ်ား လုပ္ငန္းခြင္အႀကိဳ ဆရာအတတ္ပညာဒီပလိုမာ ႏွစ္ႏွစ္သင္တန္းကို စက္တင္ဘာလ (၂၉)ရက္ေန႔ ေနာက္ဆံုးထား၍ ေလွ်ာက္ထားႏုိင္ေၾကာင္း ပညာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

ဒီဇင္ဘာလ (၄)ရက္ေန႔တြင္ စတင္ဖြင့္လွစ္မည့္ အဆိုပါသင္တန္းအား တက္ေရာက္ခြင့္ ေရြးခ်ယ္ခံရပါက ပညာေရးေကာလိပ္ေက်ာင္းေဆာင္ေနထိုင္ခြင့္လည္း ရရိွမည္ျဖစ္ေၾကာင္း သိရသည္။

ဒီဇင္ဘာလ (၁)ရက္ေန႔တြင္ အသက္(၂၂)ႏွစ္ထက္မႀကီးသူမ်ား ၂၀၁၇ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲအမွတ္စာရင္းႏွင့္အတူ မိမိတို႔တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္ခဲ့သည့္ တုိင္းေဒသႀကီး/ျပည္နယ္အတြင္းရိွ ပညာေရးေကာလိပ္ေက်ာင္းမ်ားသို႔ လည္းေကာင္း၊ ေနျပည္ေတာ္ေကာင္စီနယ္ေျမမွ ေအာင္ျမင္သူမ်ားအေနျဖင့္ ပညာေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ပညာဦးစီးဌာန၊ ဆရာအတတ္သင္ပညာႏွင့္ ေလ့က်င့္ေရးဌာနသို႔ လူကိုယ္တုိင္ျဖစ္ေစ၊ စာတုိက္မွျဖစ္ေစ သတ္မွတ္ပံုစံျဖင့္ ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

သင္တန္းတက္ေရာက္ခြင့္ရသူမ်ားစာရင္းကို သက္ဆိုင္ရာ ပညာေရးေကာလိပ္မ်ားတြင္ ထုတ္ျပန္ေၾကညာ   ၿပီးပါကတက္ေရာက္ခြင့္ရသူမ်ားသည္ ႏိုဝင္ဘာလ (၃၀)ရက္ေန႔မွ ဒီဇင္ဘာလ (၃)ရက္ေန႔အတြင္း  သက္ဆိုင္ရာ ပညာေရးေကာလိပ္မ်ားသို႔ သတင္းပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။

ပညာေရးေကာလိပ္မ်ားကို ကခ်င္ျပည္နယ္တြင္ ျမစ္ႀကီးနား၊ ကယားျပည္နယ္တြင္ လိြဳင္ေကာ္၊ ကရင္ျပည္နယ္တြင္ ဘားအံ၊ ခ်င္းျပည္နယ္တြင္ ဟားခါး၊ စစ္ကိုင္းတုိင္းေဒသႀကီးတြင္ စစ္ကိုင္းႏွင့္ မံုရြာ၊ တနသၤာရီတိုင္းေဒသႀကီးတါင္ ထားဝယ္၊ ပဲခူးတိုင္းေဒသႀကီးတြင္ ေတာင္ငူႏွင့္ ျပည္၊ မေကြးတုိင္းေဒသႀကီးတြင္ မေကြးႏွင့္ ပခုကၠဴ၊ မႏၱေလးတုိင္းေဒသႀကီးတြင္ မႏၱေလးႏွင့္ မိတၳီလာ၊ မြန္ျပည္နယ္တြင္ ေမာ္လၿမိဳင္၊ ရခုိင္ျပည္နယ္တြင္ ေက်ာက္ျဖဴ၊ ရန္ကုန္တုိင္းေဒသႀကီးတြင္ ရန္ကင္း၊ သဃၤန္းကၽြန္းႏွင့္ လွည္းကူး၊ ရွမ္းျပည္နယ္တြင္ ေတာင္ႀကီး၊ လားရိႈးႏွင့္ က်ိဳင္းတံု၊ ဧရာဝတီတုိင္းေဒသႀကီးတြင္ ပုသိမ္၊ ေျမာင္းျမႏွင့္ ဘိုကေလးတို႔တြင္ ဖြင့္လွစ္ထားျခင္းျဖစ္သည္။

~~~~~~~~⊰❂ unicode ~~~~~~~~
လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာ နှစ်နှစ်သင်တန်းတက်ရောက်လိုသူများ စက်တင်ဘာ ၂၉ ရက် နောက်ဆုံးထား လျှောက်ထားနိုင်
***********
၂၀၁၇ ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာဒီပလိုမာ နှစ်နှစ်သင်တန်းကို စက်တင်ဘာလ (၂၉)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ (၄)ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် အဆိုပါသင်တန်းအား တက်ရောက်ခွင့် ရွေးချယ်ခံရပါက ပညာရေးကောလိပ်ကျောင်းဆောင်နေထိုင်ခွင့်လည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ (၁)ရက်နေ့တွင် အသက်(၂၂)နှစ်ထက်မကြီးသူများ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်းနှင့်အတူ မိမိတို့တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ ပညာရေးကောလိပ်ကျောင်းများသို့ လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေမှ အောင်မြင်သူများအနေဖြင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဆရာအတတ်သင်ပညာနှင့် လေ့ကျင့်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ သတ်မှတ်ပုံစံဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

သင်တန်းတက်ရောက်ခွင့်ရသူများစာရင်းကို သက်ဆိုင်ရာ ပညာရေးကောလိပ်များတွင် ထုတ်ပြန်ကြေညာပြီးပါကတက်ရောက်ခွင့်ရသူများသည် နိုဝင်ဘာလ (၃၀)ရက်နေ့မှ ဒီဇင်ဘာလ (၃)ရက်နေ့အတွင်း  သက်ဆိုင်ရာ ပညာရေးကောလိပ်များသို့ သတင်းပို့ရမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးကောလိပ်များကို ကချင်ပြည်နယ်တွင် မြစ်ကြီးနား၊ ကယားပြည်နယ်တွင် လွိုင်ကော်၊ ကရင်ပြည်နယ်တွင် ဘားအံ၊ ချင်းပြည်နယ်တွင် ဟားခါး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ကိုင်းနှင့် မုံရွာ၊ တနင်္သာရီတိုင်းဒေသကြီးတါင် ထားဝယ်၊ ပဲခူးတိုင်းဒေသကြီးတွင် တောင်ငူနှင့် ပြည်၊ မကွေးတိုင်းဒေသကြီးတွင် မကွေးနှင့် ပခုက္ကူ၊ မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးနှင့် မိတ္ထီလာ၊ မွန်ပြည်နယ်တွင် မော်လမြိုင်၊ ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကင်း၊ သင်္ဃန်းကျွန်းနှင့် လှည်းကူး၊ ရှမ်းပြည်နယ်တွင် တောင်ကြီး၊ လားရှိုးနှင့် ကျိုင်းတုံ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်၊ မြောင်းမြနှင့် ဘိုကလေးတို့တွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~