ရွမ္းျပည္နယ္အတြင္း ေတာင္ႀကီး၊ ေအာင္ပန္းႏွင့္ လားရိႈးၿမိဳ႕တို႔တြင္ ျမန္မာ့ဒီမိုကေရစီရုပ္ရွင္္ပြဲေတာ္ ရက္သတၱပတ္ ျပသမည္

ရွမ္းျပည္နယ္အတြင္း ေတာင္ႀကီး၊ ေအာင္ပန္းႏွင့္ လားရိႈးၿမိဳ႕တို႔တြင္ ျမန္မာ့ဒီမိုကေရစီရုပ္ရွင္္ပြဲေတာ္ ရက္သတၱပတ္ ျပသမည္
စက်တင်ဘာ 12, 2017
By 🌸
ရွမ္းျပည္နယ္တြင္း ၿမိဳ႕သံုးၿမိဳ႕တြင္  ရွမ္းျပည္နယ္အစိုးရႏွင့္ ျပန္ၾကားေရးဝန္ႀကီးဌာန၊ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနတို႔ ပူးေပါင္းမႈျဖင့္ ျမန္မာ့ဒီမိုကေရစီရုပ္ရွင္္ပြဲေတာ္ရက္သတၱပတ္ကို စက္တင္ဘာ (၁၅) ရက္ေန႔မွ (၂၁) ရက္အထိ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
“ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ဗမာတုိင္းရင္းသားေရးရာဝန္ႀကီးက အခုရုပ္ရွင္ပြဲေတာ္အတြက္ ကၽြန္ေတာ္တို႔ ျပန္ၾကားေရးနဲ႔ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနနဲ႔ ပူးေပါင္းေဆာင္ရြက္ေပးေနပါတယ္။ ေတာင္ႀကီးမွာ ရုပ္ရွင္ရံုႏွစ္ရံုမွာ ျပမွာျဖစ္ၿပီး ဖြင့္ပြဲကိုေတာ့ ျမသုခရံုမွာပဲ ျပဳလုပ္မွာပါ။ ျပမယ့္ ရုပ္ရွင္ဇာတ္ကား (၅)ကားကို စက္တင္ဘာလ (၁၅)ရက္ေန႔မွာ တစ္ႀကိမ္အခမဲ့ျပသေပးမွာပါ။ ဒါက ရုပ္ရွင္ရံုေတြရဲ႕ ပြဲစဥ္အရ ပထမရက္မွာ ဇာတ္ကား ငါးကားလုံုး ရံုမတင္ႏုိင္ရင္ေတာ့ ေနာက္ေန႔မွာ က်န္တဲ့ကားေတြကို အခမဲ့ ျပေပးမွာေပါ့။ ဇာတ္ကား (၅)ကားလံုးကိုေတာ့ တစ္ႀကိမ္ အခမဲ့ျပေပးမွာပါ။ က်န္ရက္ေတြမွာေတာ့ သတ္မွတ္ရံုဝင္ေၾကးအတုိင္း ျပသသြားမွာပါ။ ဒီေန႔ ႏွစ္နာရီမွာ အစည္းအေဝးထုိင္ၿပီးမွ ပြဲစဥ္အခ်ိန္ဇယားေတြထြက္လာမွာပါ။ ၿမိဳ႕တစ္ခုနဲ႔ တစ္ခု၊ ရံုတစ္ရံုနဲ႔ တစ္ရံုေတာ့ မတူဘူးေပါ့။ သူတို႔ပြဲစဥ္ဇယားအလုိက္သြားမွာပါ”ဟု ရွမ္းျပည္နယ္ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးဌာန ဒုတိယညႊန္ၾကားေရးမွဴး ဦးစိုးညြန္႔ေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ႀကီးျမတ္ေသာျမန္မာ၊ ေနျခည္မွာေ႐ႊရည္ေလာင္း၊ ဒီမိုရပ္ကြက္၊ သရာေစာထိႏွင့္ တိမ္ျပာေသာေန႔ ရုပ္ရွင္ဇာတ္ကား(၅)ကားကို ေတာင္ႀကီးၿမိဳ႕ရိွ ျမသုခရုပ္ရွင္ရံုနွင့္ Mega Ace Cineplex Hall 1၊ လားရိႈးၿမိဳ႕ရိွ ေအာင္သီရိရုပ္ရွင္ရံု၊ သိန္းထုိက္ရုပ္ရွင္ရံုႏွင့္ သီတာေအးရုပ္ရွင္ရံု၊ ေအာင္ပန္းၿမိဳ႕ရိွ Paradiso ရုပ္ရွင္ရံုတို႔တြင္ ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါရုပ္ရွင္ပြဲေတာ္ျပပြဲအား ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ႏွင့္ ေအာင္ပန္းၿမိဳ႕၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တို႔ရိွ စုစုေပါင္း ရုပ္ရွင္ရံု (၆)ရံုတြင္ ျပသမည္ျဖစ္ၿပီး တစ္ႏုိင္ငံလံုးရိွ ရုပ္ရွင္ရံု (၄၄)ရံုတြင္လည္း တစ္ၿပိဳင္တည္းျပသမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း #ခ်ယ္ရီထုိက္
ဓါတ္ပံု #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တွင်း မြို့သုံးမြို့တွင်  ရှမ်းပြည်နယ်အစိုးရနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် မြန်မာ့ဒီမိုကရေစီရုပ်ရှင််ပွဲတော်ရက်သတ္တပတ်ကို စက်တင်ဘာ (၁၅) ရက်နေ့မှ (၂၁) ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးက အခုရုပ်ရှင်ပွဲတော်အတွက် ကျွန်တော်တို့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။ တောင်ကြီးမှာ ရုပ်ရှင်ရုံနှစ်ရုံမှာ ပြမှာဖြစ်ပြီး ဖွင့်ပွဲကိုတော့ မြသုခရုံမှာပဲ ပြုလုပ်မှာပါ။ ပြမယ့် ရုပ်ရှင်ဇာတ်ကား (၅)ကားကို စက်တင်ဘာလ (၁၅)ရက်နေ့မှာ တစ်ကြိမ်အခမဲ့ပြသပေးမှာပါ။ ဒါက ရုပ်ရှင်ရုံတွေရဲ့ ပွဲစဉ်အရ ပထမရက်မှာ ဇာတ်ကား ငါးကားလုုံး ရုံမတင်နိုင်ရင်တော့ နောက်နေ့မှာ ကျန်တဲ့ကားတွေကို အခမဲ့ ပြပေးမှာပေါ့။ ဇာတ်ကား (၅)ကားလုံးကိုတော့ တစ်ကြိမ် အခမဲ့ပြပေးမှာပါ။ ကျန်ရက်တွေမှာတော့ သတ်မှတ်ရုံဝင်ကြေးအတိုင်း ပြသသွားမှာပါ။ ဒီနေ့ နှစ်နာရီမှာ အစည်းအဝေးထိုင်ပြီးမှ ပွဲစဉ်အချိန်ဇယားတွေထွက်လာမှာပါ။ မြို့တစ်ခုနဲ့ တစ်ခု၊ ရုံတစ်ရုံနဲ့ တစ်ရုံတော့ မတူဘူးပေါ့။ သူတို့ပွဲစဉ်ဇယားအလိုက်သွားမှာပါ”ဟု ရှမ်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကြီးမြတ်သောမြန်မာ၊ နေခြည်မှာရွှေရည်လောင်း၊ ဒီမိုရပ်ကွက်၊ သရာစောထိနှင့် တိမ်ပြာသောနေ့ ရုပ်ရှင်ဇာတ်ကား(၅)ကားကို တောင်ကြီးမြို့ရှိ မြသုခရုပ်ရှင်ရုံနှင့် Mega Ace Cineplex Hall 1၊ လားရှိုးမြို့ရှိ အောင်သီရိရုပ်ရှင်ရုံ၊ သိန်းထိုက်ရုပ်ရှင်ရုံနှင့် သီတာအေးရုပ်ရှင်ရုံ၊ အောင်ပန်းမြို့ရှိ Paradiso ရုပ်ရှင်ရုံတို့တွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရုပ်ရှင်ပွဲတော်ပြပွဲအား ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နှင့် အောင်ပန်းမြို့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တို့ရှိ စုစုပေါင်း ရုပ်ရှင်ရုံ (၆)ရုံတွင် ပြသမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံ (၄၄)ရုံတွင်လည်း တစ်ပြိုင်တည်းပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~