မေကြးတိုင္းေဒသႀကီးရိွၿမိဳ႕(၃)ၿမိဳ႕တြင္ ဒီမိုကေရစီ႐ုပ္႐ွင္ပြဲေတာ္ (၇)ရက္ၾကာျပသမည္

မေကြးတိုင္းေဒသႀကီးရိွၿမိဳ႕(၃)ၿမိဳ႕တြင္ ဒီမိုကေရစီ႐ုပ္႐ွင္ပြဲေတာ္ (၇)ရက္ၾကာျပသမည္
စက်တင်ဘာ 11, 2017
By 🌸

မေကြးတိုင္းေဒသႀကီး မေကြး၊ ေရနံေခ်ာင္းႏွင့္ ပခုကၠဴၿမိဳ႕မ်ားတြင္ စက္တင္ဘာလ(၁၅) ရက္မွ (၂၁)ရက္အထိ (၇)ရက္ၾကာျပသမည့္ ျမန္မာ႔ဒီမိုကေရစီရက္သတၱပတ္ ႐ုပ္႐ွင္ပြဲေတာ္ဖြင့္ပြဲေန႔ျဖစ္သည့္ စက္တင္ဘာလ (၁၅)ရက္ေန႔တြင္ အခမဲ့ျပသမည္ျဖစ္ေၾကာင္း မေကြးတိုင္းေဒသႀကီး ျပန္ၾကားေရးႏွင္႔ျပည္သူ႔ဆက္ဆံေရး ဦးစီးဌာနမွ သိရသည္။

“ႏိုင္ငံနဲ႔လူမ်ိဳးရဲ႕ကိုယ္က်င္႔တရားနဲ႔ဂုဏ္သိကၡာျမင္႔မားေစေရး၊ ဒီမိုကေရစီလမ္းေၾကာင္းကို ေလွ်ာက္လွမ္းရာမွာ ဒီမိုကေရစီက်င္႔စဥ္နဲ႔ စိတ္ထားေတြ တိုးပြားရင္႔သန္ေစေရးတို႔အတြက္ အေထာက္အပံ႔ျဖစ္ေစဖို႔ ရည္႐ြယ္ၿပီး ျပန္ၾကားေရး၀န္ႀကီးဌာနက က်င္းပျပဳလုပ္သြားမွာပါ”ဟု မေကြးတိုင္းေဒသႀကီး ျပန္ၾကားေရးႏွင္႔ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန၊ ဒုတိယညႊန္ၾကားေရးမွဴး ဦးညြန္႔ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါရုပ္ရွင္ပြဲေတာ္အျဖစ္ ႀကီးျမတ္ေသာျမန္မာ၊ ေနျခည္မွာေ႐ႊရည္ေလာင္း၊ ဒီမိုရပ္ကြက္၊ သရာေစာထိႏွင့္ တိမ္ျပာေသာေန႔ ရုပ္ရွင္ဇာတ္ကား(၅)ကားကို ႏိုင္ငံတစ္၀န္း႐ွိ ႐ုပ္႐ွင္႐ံု(၄၄) ႐ံုတြင္ ျပသသြားမည္ျဖစ္ၿပီး မေကြးၿမိဳ႕တြင္ မဂၤလာစံျပ႐ုပ္႐ွင္႐ံု ၊ ေရနံေခ်ာင္းၿမိဳ႕တြင္ ရတနာ႐ုပ္႐ွင္႐ံုႏွင္႔ ပခုကၠဴၿမိဳ႕တြင္ သီဟ႐ုပ္႐ုင္ရံုမ်ား၌ ျပသသြားရန္စီစဥ္ထားေၾကာင္း သိရသည္။

“ပခုကၠဴၿမိဳ႕က လူ(၃၀၀)ဆန္႔တဲ႔ သီဟ႐ုပ္႐ွင္႐ံုမွာ တစ္ေန႔ (၄)ခ်ိန္၊ လူ(၄၉၁)ဦးဆန္႔တဲ႔ မေကြးၿမိဳ႕က မဂၤလာစံျပ႐ုပ္႐ွင္႐ံုမွာ တစ္ေန႔ကို(၅)ခ်ိန္၊ လူ(၂၀၀)ဆန္႔တဲ႔ ေရနံေခ်ာင္းက ရတနာ႐ုပ္႐ွင္႐ံုမွာ တစ္ေန႔ကို (၃)ခ်ိန္ျပသသြားမွာပါ”ဟု ျမန္မာ႔႐ုပ္႐ွင္ျမႇင္႔တင္ေရးဦးစီးဌာန၊ ဌာနခြဲမွဴး၊ မေကြးတိုင္းတာ၀န္ခံ ဦးလွေက်ာ္ဦးက ေျပာသည္။

ႀကီးျမတ္ေသာျမန္မာ႐ုပ္႐ွင္ဇတ္ကားကို မေကြးႏွင္႔ ေရနံေခ်ာင္းၿမိဳ႕မ်ား၌ 3D စနစ္ျဖင္႔ ၾကည္႔႐ႈႏိုင္မည္ျဖစ္ၿပီး က်န္႐ုပ္႐ွင္ဇတ္ကားမ်ားကို 2D စနစ္ျဖင္႔သာ ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီးရှိမြို့(၃)မြို့တွင် ဒီမိုကရေစီရုပ်ရှင်ပွဲတော် (၇)ရက်ကြာပြသမည်
***********
မကွေးတိုင်းဒေသကြီး မကွေး၊ ရေနံချောင်းနှင့် ပခုက္ကူမြို့များတွင် စက်တင်ဘာလ(၁၅) ရက်မှ (၂၁)ရက်အထိ (၇)ရက်ကြာပြသမည့် မြန်မာ့ဒီမိုကရေစီရက်သတ္တပတ် ရုပ်ရှင်ပွဲတော်ဖွင့်ပွဲနေ့ဖြစ်သည့် စက်တင်ဘာလ (၁၅)ရက်နေ့တွင် အခမဲ့ပြသမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။

“နိုင်ငံနဲ့လူမျိုးရဲ့ကိုယ်ကျင့်တရားနဲ့ဂုဏ်သိက္ခာမြင့်မားစေရေး၊ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာမှာ ဒီမိုကရေစီကျင့်စဉ်နဲ့ စိတ်ထားတွေ တိုးပွားရင့်သန်စေရေးတို့အတွက် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက ကျင်းပပြုလုပ်သွားမှာပါ”ဟု မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးညွန့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါရုပ်ရှင်ပွဲတော်အဖြစ် ကြီးမြတ်သောမြန်မာ၊ နေခြည်မှာရွှေရည်လောင်း၊ ဒီမိုရပ်ကွက်၊ သရာစောထိနှင့် တိမ်ပြာသောနေ့ ရုပ်ရွင်ဇာတ်ကား(၅)ကားကို နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံ(၄၄) ရုံတွင် ပြသသွားမည်ဖြစ်ပြီး မကွေးမြို့တွင် မင်္ဂလာစံပြရုပ်ရှင်ရုံ ၊ ရေနံချောင်းမြို့တွင် ရတနာရုပ်ရှင်ရုံနှင့် ပခုက္ကူမြို့တွင် သီဟရုပ်ရုင်ရုံများ၌ ပြသသွားရန်စီစဉ်ထားကြောင်း သိရသည်။

“ပခုက္ကူမြို့က လူ(၃၀၀)ဆန့်တဲ့ သီဟရုပ်ရှင်ရုံမှာ တစ်နေ့ (၄)ချိန်၊ လူ(၄၉၁)ဦးဆန့်တဲ့ မကွေးမြို့က မင်္ဂလာစံပြရုပ်ရှင်ရုံမှာ တစ်နေ့ကို(၅)ချိန်၊ လူ(၂၀၀)ဆန့်တဲ့ ရေနံချောင်းက ရတနာရုပ်ရှင်ရုံမှာ တစ်နေ့ကို (၃)ချိန်ပြသသွားမှာပါ”ဟု မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန၊ ဌာနခွဲမှူး၊ မကွေးတိုင်းတာဝန်ခံ ဦးလှကျော်ဦးက ပြောသည်။

ကြီးမြတ်သောမြန်မာရုပ်ရှင်ဇတ်ကားကို မကွေးနှင့် ရေနံချောင်းမြို့များ၌ 3D စနစ်ဖြင့် ကြည့်ရှုနိုင်မည်ဖြစ်ပြီး ကျန်ရုပ်ရှင်ဇတ်ကားများကို 2D စနစ်ဖြင့်သာ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~