
စက်တင်ဘာ 15, 2017
By 🌸
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် စက်တင်ဘာလ (၁၂)ရက်နေ့ညက ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားအား မြန်မာနိုင်ငံသို့ အထောက်အထားမဲ့ဖြတ်ကျော်ဝင်ရောက်မှုဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၃(၁)အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံသားသည် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်မှ စားသောက်ဆိုင်တစ်ခုတွင် စက်တင်ဘာလ (၁၂)ရက်နေ့က ငွေမရှင်းဘဲ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များက အဆိုပါ ထိုင်းနိုင်ငံသားအား ဖမ်းဆီးရမိကြောင်း သိရသဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများက စစ်ဆေးရာ ၎င်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှဖြစ်ပြီး နိုင်နတ်တဖွန်းနန်းထောင်း(ခ) အိုက်ကျို့ဆိုသူဖြစ်ပြီး မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ တရားမဝင် ဝင်ရောကလာသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်ဟု သိရသည်။

နိုင်နတ်တဖွန်းနန်းထောင်း(ခ) အိုက်ကျို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၈၅/၂၀၁၇ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ဖမ်းမိသည့် ထိုင်းနိုင်ငံသားအား တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြင့် အမှုဖွင့်ထား
**************
ရွမ်ျးပည္နယ်(အေရွ့ပိုင်း) တာခ်ီလိတ်မြို့ ဆန္ဆိုင်း(ခ)ရပ္ကြက္တြင် စက္တင္ဘာလ (၁၂)ရက်နေ့ညက ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားအာျးမန္မာနိုင်ငံသို့ အေထာက်အထားမျဲ့ဖတ်ကော််ဝင်ရောက္မျှုဖင့် တာခ်ီလိတ်မြို့မရဲစခန်းတြင် လူဝင္မှုကြီးကြပ်ရေးအက်ဥပေဒ ၃(၁)အရ အမှုဖြင့်ဆောင်ြရက္ထားကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံသားသည် တာခ်ီလိတ်မြို့ ဆန္ဆိုင်း(ခ)ရပ္ကြက္မွ စားသောက္ဆိုင္တစ္ခုတြင် စက္တင္ဘာလ (၁၂)ရက်နေ့က ငြေမရွင်းဘဲ ထြက်ျေပးချဲ့ခင်ျးဖစ်ကြောင်း သိရသည်။
ဆန္ဆိုင်း(ခ)ရပ္ကြက်အုပ္ခ်ုပ်ရေးမွူးနွင့်ျပည်သူ့စစ်အဖြဲ့ဝင္မ်ားက အဆိုပါ ထိုင်းနိုင်ငံသားအား ဖမ်းဆီးရမိကြောင်း သိရသျဖင့် သက္ဆိုင်ရာရဲတပ္ဖြဲ့နွင့် လူဝင္မှုကြီးကြပ်ရေးဌာနမွ တာဝန်ရွိသူမ်ားက စစ်ဆေးရာ ၎င်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မျွဖစ်ပြီး နိုင္နတ္တဖြန်းနန်းထောင်း(ခ) အိုက္ကို့ဆိုသျူဖစ်ပြီျးမန္မာနိုင်ငံ တာခ်ီလိတ်မြို့သို့ တရားမဝင် ဝင်ရောက္လာသျူဖစ်ကြောင်း စစ်ဆေးတြေ့ရွိရျခင်ျးဖစ်သည်ဟု သိရသည်။
နိုင္နတ္တဖြန်းနန်းထောင်း(ခ) အိုက္ကို့အား တာခ်ီလိတ်မြို့မရဲစခန်းတြင် (ပ) ၁၈၅/၂၀၁၇ လဝကအက်ဥပေဒပုဒ္မ ၁၃(၁)ျဖင့် အမှုဖြင့်စစ်ဆေးဆောင်ြရက်နေကြာင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~