လားရိႈးၿမိဳ႕နယ္မွ ဒီပဲယင္းၿမိဳ႕သို႔ မူးယစ္ေဆးသယ္ေဆာင္လာသူအား လားရိႈးတြင္ ဖမ္းဆီးရမိ

လားရိႈးၿမိဳ႕နယ္မွ ဒီပဲယင္းၿမိဳ႕သို႔ မူးယစ္ေဆးသယ္ေဆာင္လာသူအား လားရိႈးတြင္ ဖမ္းဆီးရမိ
စက်တင်ဘာ 10, 2017
By 🌸

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္ ခါးသွ်ိေက်းရြာအဝင္ေမာင္းတံဂိတ္ တန္႔ယန္း - လားရိႈးကားလမ္းတြင္ ရွမ္းရိုးမစီမံခ်က္ေဆာင္ရြက္ေနသည့္ ပူးေပါင္းအဖြဲ႔က စက္တင္ဘာလ (၁၀)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ဆိုင္ကယ္ျဖင့္ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္လာသည့္ အမ်ိဳးသားတစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

တန္႔ယန္း - လားရိႈးလမ္းမေပၚရွိ ခါးသွ်ိေက်းရြာအဝင္ေမာင္းတံဂိတ္၌ မူးယစ္တပ္ဖြဲ႔စုအမွတ္(၂၄)မွ တပ္ဖြဲ႔ဝင္မ်ား၊ ရွမ္းရိုးမစစ္ဆင္ေရးတပ္ဖြဲ႔ဝင္မ်ားႏွင့္ လားရိႈးၿမိဳ႕မရဲတပ္ဖြဲ႔ဝင္မ်ားပါဝင္သည့္ပူးေပါင္းအဖြဲ႔တို႔က ေရွာင္တခင္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ ေန႔လယ္ (၁၂)နာရီခြဲခန္႔က တန္႔ယန္းဘက္မွ လားရႈိးဘက္သို႔ ဆိုင္ကယ္  ေမာင္းႏွင္လာသည့္ အမ်ိဳးသားတစ္ဦးအား စစ္ေဆးရာ ၎လြယ္ထားသည့္ လြယ္အိတ္အတြင္းမွ ဘိန္းျဖဴ (၃၀) ဂရမ္ႏွင့္ စိတ္ၾကြေဆးျပား (၁၂၀၀)အား ရွာေဖြေတြ႔ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆးမ်ားအား လားရိႈးၿမိဳ႕နယ္၊ နမ့္ေပါင္ေက်းရြာအုပ္စု၊ လံုးေဟာင္ေက်းရြာမွ ဝယ္ယူလာျခင္းျဖစ္ၿပီး လားရိႈး - ေက်ာက္မဲ - ေနာင္ခ်ိဳ - မႏၱေလး - စစ္ကိုင္း - မံုရြာလမ္းေၾကာင္းအတိုင္း ဒီပဲယင္းၿမိဳ႕သို႔ သယ္ယူသြားရန္ ျဖစ္ေၾကာင္း စစ္ေဆးသိရိွရေၾကာင္း ရဲမွတ္တမ္းတြင္ ေဖၚျပထားသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ဝင္းေအးဆိုသူအား လားရိႈးၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၂၁၆/ ၂၀၁၇ ၊ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစသည့္ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၅/၁၉(က)/၂၁ အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးမြို့နယ်မှ ဒီပဲယင်းမြို့သို့ မူးယစ်ဆေးသယ်ဆောင်လာသူအား လားရှိုးတွင် ဖမ်းဆီးရမိ
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ခါးသျှိကျေးရွာအဝင်မောင်းတံဂိတ် တန့်ယန်း - လားရှိုးကားလမ်းတွင် ရှမ်းရိုးမစီမံချက်ဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့က စက်တင်ဘာလ (၁၀)ရက်နေ့ နေ့လယ်ပိုင်းတွင် ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

တန့်ယန်း - လားရှိုးလမ်းမပေါ်ရှိ ခါးသျှိကျေးရွာအဝင်မောင်းတံဂိတ်၌ မူးယစ်တပ်ဖွဲ့စုအမှတ်(၂၄)မှ တပ်ဖွဲ့ဝင်များ၊ ရှမ်းရိုးမစစ်ဆင်ရေးတပ်ဖွဲ့ဝင်များနှင့် လားရှိုးမြို့မရဲတပ်ဖွဲ့ဝင်များပါဝင်သည့်ပူးပေါင်းအဖွဲ့တို့က ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် နေ့လယ် (၁၂)နာရီခွဲခန့်က တန့်ယန်းဘက်မှ လားရှိုးဘက်သို့ ဆိုင်ကယ်  မောင်းနှင်လာသည့် အမျိုးသားတစ်ဦးအား စစ်ဆေးရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ဘိန်းဖြူ (၃၀) ဂရမ်နှင့် စိတ်ကြွဆေးပြား (၁၂၀၀)အား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးများအား လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာအုပ်စု၊ လုံးဟောင်ကျေးရွာမှ ဝယ်ယူလာခြင်းဖြစ်ပြီး လားရှိုး - ကျောက်မဲ - နောင်ချို - မန္တလေး - စစ်ကိုင်း - မုံရွာလမ်းကြောင်းအတိုင်း ဒီပဲယင်းမြို့သို့ သယ်ယူသွားရန် ဖြစ်ကြောင်း စစ်ဆေးသိရှိရကြောင်း ရဲမှတ်တမ်းတွင် ဖေါ်ပြထားသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ဝင်းအေးဆိုသူအား လားရှိုးမြို့မရဲစခန်းတွင် မယ(ပ)၂၁၆/ ၂၀၁၇ ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~