လားရိႈးၿမိဳ႕ အေဝးေျပးယာဥ္လိုင္းဂိတ္တစ္ခုတြင္ ပစၥည္းလာပို႔သည့္ ဂ်ပ္ဖာႏွစ္ခုအတြင္းမွ ဘိန္းျဖဴႏွင့္ စိတ္ၾကြရူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ

လားရိႈးၿမိဳ႕ အေဝးေျပးယာဥ္လိုင္းဂိတ္တစ္ခုတြင္ ပစၥည္းလာပို႔သည့္ ဂ်ပ္ဖာႏွစ္ခုအတြင္းမွ ဘိန္းျဖဴႏွင့္ စိတ္ၾကြရူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ
စက်တင်ဘာ 10, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ အမွတ္(၈)ရပ္ကြက္ မန္ဆူကားႀကီးကြင္းအတြင္း အေဝးေျပး ယာဥ္ငယ္ဂိတ္ တစ္ခုတြင္ စက္တင္ဘာလ (၁၀)ရက္ေန႔က ကုန္စည္ပို႔ေဆာင္ေပးရန္ လာပို႔သည့္ ဂ်ပ္ဖာႏွစ္ခုအတြင္းမွ ဘိန္းျဖဴ (၃၂၀) ဂရမ္ခန္႔ႏွင့္ စိတ္ၾကြရူးသြပ္ေဆးျပား (၄၆၈၀၀)အား စစ္ေဆးေတြ႔ရသျဖင့္ လာေရာက္ပို႔ေဆာင္သူမ်ားအား စံုစမ္းေနေၾကာင္း သိရသည္။

 “မန္ဆူကားကြင္းက ခ်မ္းသာေအာင္ကားငယ္ဂိတ္ကို လူတစ္ေယာက္က ဆိုင္ကယ္နဲ႔လာၿပီးေတာ့ ပါဆယ္ အပ္ခ်င္လို႔ဆိုၿပီး ေျပာတယ္။ အဲဒီမွာ ဂိတ္ကလည္း ရိုးရိုးကုန္ပစၥည္းထင္တာနဲ႔ ပါဆယ္လက္ခံဖို႔ေျပာလိုက္ေတာ့ ဆိုင္ကယ္သမားက ဖုန္းဆက္ေခၚလိုက္တာ ကားတစ္စီးေရာက္လာၿပီး ေဆာင္းေဘာက္စ္ဂ်ပ္ဖာႏွစ္ခုလာခ် သြားတယ္။ အဲဒီခ်ိန္မွာမွ ဂိတ္ကပစၥည္းစစ္မယ္ ဘာညာလုပ္တဲ့အခ်ိန္မွာ ဆိုင္ကယ္သမားက လစ္ထြက္သြားတာ။ ပစၥည္းေတြကေတာ့ ဘိန္းျဖဴထည့္ထားတဲ့ ဆပ္ျပာခြက္(၃၂)ခြက္နဲ႔ စိတ္ၾကြေဆးျပား အျပား(၆၀၀၀) စီးထားတဲ့ အထုပ္ (၈)ထုပ္ကို ေတြ႔ရတယ္။ လတ္တေလာကေတာ့ စစ္ေဆးေနဆဲပဲ ရွိပါေသးတယ္”ဟု အမွတ္(၂၄) မူးယစ္တပ္ဖြဲ႔စု လားရိႈးမွ တပ္ဖြဲ႔စုမွဴး ရဲမွဴး ရီထြန္းသန္႔က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

မန္ဆူကားႀကီးကြင္းရွိ လားရိႈး - မိုးကုတ္ - မိုးမိတ္ - ေတာင္ႀကီး - မႏၱေလး  ခရီးသည္ပို႔ေဆာင္ေရးယာဥ္လိုင္း တစ္ခုျဖစ္သည့္ ခ်မ္းသာေအာင္ယာဥ္လိုင္းဂိတ္သို႔ စက္တင္ဘာလ (၁၀)ရက္ေန႔ ေန႔လယ္တြင္ အမ်ိဳးသားတစ္ဦး ဆုိင္ကယ္ျဖင့္ေရာက္လာၿပီး  ကုန္ပစၥည္းပို႔လိုေၾကာင္း ဂိတ္တာဝန္ရွိသူမ်ားႏွင့္ (၅)မိနစ္ခန္႔ စကားေျပာၿပီးေနာက္ ဖုန္းဆက္လိုက္ရာ ဖိုးဝွီးအနက္ေရာင္(ေရွ႕ေခါင္း ၂ ခန္းတြဲ) ယာဥ္တစ္စီးျဖင့္ ဂ်ပ္ဖာႏွစ္ခု လာခ်ျခင္းျဖစ္သည္ဟု ဂိတ္တာဝန္ရွိသူမ်ားထံမွ သိရွိရေၾကာင္း ရဲမွဴးကေျပာသည္။

ယာဥ္လိုင္းဂိတ္က အဆိုပါဂ်ပ္ဖာမ်ားအား ဖြင့္ေဖါက္စစ္ေဆးရန္ ျပင္ဆင္ေနခ်ိန္တြင္ ပစၥည္းလာပို႔သူက တိတ္တဆိတ္ထြက္ေျပးသြားခဲ့သည့္အတြက္ မသကၤာသျဖင့္ သက္ဆိုင္ရာသို႔ အေၾကာင္းၾကားခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါမူးယစ္ေဆးဝါးမ်ား စစ္ေဆးေတြ႔ရိွမႈႏွင့္ပတ္သက္၍ လားရိႈးၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ေဆာင္ရြက္ရန္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ေရႊမင္းသား

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးမြို့ အဝေးပြေးယာဉ်လိုင်းဂိတ်တစ်ခုတွင် ပစ္စည်းလာပို့သည့် ဂျပ်ဖာနှစ်ခုအတွင်းမှ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၈)ရပ်ကွက် မန်ဆူကားကြီးကွင်းအတွင်း အဝေးပြေး ယာဉ်ငယ်ဂိတ် တစ်ခုတွင် စက်တင်ဘာလ (၁၀)ရက်နေ့က ကုန်စည်ပို့ဆောင်ပေးရန် လာပို့သည့် ဂျပ်ဖာနှစ်ခုအတွင်းမှဘိန်းဖြူ (၃၂၀) ဂရမ်ခန့်နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၄၆၈၀၀)အား စစ်ဆေးတွေ့ရသဖြင့် လာရောက်ပို့ဆောင်သူများအား စုံစမ်းနေကြောင်း သိရသည်။

 “မန်ဆူကားကွင်းက ချမ်းသာအောင်ကားငယ်ဂိတ်ကို လူတစ်ယောက်က ဆိုင်ကယ်နဲ့လာပြီးတော့ ပါဆယ် အပ်ချင်လို့ဆိုပြီး ပြောတယ်။ အဲဒီမှာ ဂိတ်ကလည်း ရိုးရိုးကုန်ပစ္စည်းထင်တာနဲ့ ပါဆယ်လက်ခံဖို့ပြောလိုက်တော့ ဆိုင်ကယ်သမားက ဖုန်းဆက်ခေါ်လိုက်တာ ကားတစ်စီးရောက်လာပြီး ဆောင်းဘောက်စ်ဂျပ်ဖာနှစ်ခုလာချ သွားတယ်။ အဲဒီချိန်မှာမှ ဂိတ်ကပစ္စည်းစစ်မယ် ဘာညာလုပ်တဲ့အချိန်မှာ ဆိုင်ကယ်သမားက လစ်ထွက်သွားတာ။ ပစ္စည်းတွေကတော့ ဘိန်းဖြူထည့်ထားတဲ့ ဆပ်ပြာခွက်(၃၂)ခွက်နဲ့ စိတ်ကြွဆေးပြား အပြား(၆၀၀၀) စီးထားတဲ့ အထုပ် (၈)ထုပ်ကို တွေ့ရတယ်။ လတ်တလောကတော့ စစ်ဆေးနေဆဲပဲ ရှိပါသေးတယ်”ဟု အမှတ်(၂၄) မူးယစ်တပ်ဖွဲ့စု လားရှိုးမှ တပ်ဖွဲ့စုမှူး ရဲမှူး ရီထွန်းသန့်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

မန်ဆူကားကြီးကွင်းရှိ လားရှိုး - မိုးကုတ် - မိုးမိတ် - တောင်ကြီး - မန္တလေး  ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း တစ်ခုဖြစ်သည့် ချမ်းသာအောင်ယာဉ်လိုင်းဂိတ်သို့ စက်တင်ဘာလ (၁၀)ရက်နေ့ နေ့လယ်တွင် အမျိုးသားတစ်ဦး ဆိုင်ကယ်ဖြင့်ရောက်လာပြီး  ကုန်ပစ္စည်းပို့လိုကြောင်း ဂိတ်တာဝန်ရှိသူများနှင့် (၅)မိနစ်ခန့် စကားပြောပြီးနောက် ဖုန်းဆက်လိုက်ရာ ဖိုးဝှီးအနက်ရောင်(ရှေ့ခေါင်း ၂ ခန်းတွဲ) ယာဉ်တစ်စီးဖြင့် ဂျပ်ဖာနှစ်ခု လာချခြင်းဖြစ်သည်ဟု ဂိတ်တာဝန်ရှိသူများထံမှ သိရှိရကြောင်း ရဲမှူးကပြောသည်။

ယာဉ်လိုင်းဂိတ်က အဆိုပါဂျပ်ဖာများအား ဖွင့်ဖေါက်စစ်ဆေးရန် ပြင်ဆင်နေချိန်တွင် ပစ္စည်းလာပို့သူက တိတ်တဆိတ်ထွက်ပြေးသွားခဲ့သည့်အတွက် မသင်္ကာသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါမူးယစ်ဆေးဝါးများ စစ်ဆေးတွေ့ရှိမှုနှင့်ပတ်သက်၍ လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရွှေမင်းသား

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~